မီးရထားရှေ့မှာ အသက်ကိုရင်းပြီး ကစားကြသူများ

အေသင်အောင်
အိန်္ဒိယနိုင်ငံ၊ ယူတာပရာဒက်ပြည်နယ် က ရထားလမ်းတစ်ခုမှာ လူငယ်တစ်ဦးဟာ အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ ပျော်ရွှင်စွာ နဲ့ ကစားပွဲ တစ်ခုကို ဆင်နွှဲနေကြပါတယ်။ မီးရထားရှေ့မှာ ပြေးလွှားနေရင်း တံတားပေါ် အရောက်မှာ အောက်မှာရှိတဲ့ မြစ်ထဲကို ခုန်ချမှုပြုလုပ်ကာ ဆော့ကစား နေခြင်းဖြစ်ပါတယ်။ အစပိုင်းမှာ မီးရထားရှေ့က ပြေးလွှားခဲ့ခြင်း ဖြစ်ပြီး၊ တံတားပေါ်မှာ မတ်တပ် ရပ်စောင့်ဆိုင်းမှု ပြုလုပ်ခဲ့ ပါတယ်။ မီးရထားက တဖြည်းဖြည်း နီးကပ်လာတဲ့အခါ တံတားပေါ်ကနေ ခုန်ချမှု ပြုလုပ်ခြင်း ဖြစ်ပါ တယ်။ နောက်ဆုံးမှ ခုန်ချသူက သတ်္တိ အရှိဆုံး အဖြစ် သတ်မှတ်ခံရပြီး၊ ကစားပွဲမှာ အနိုင်ရသူ ဖြစ်ခဲ့ပါ တယ်။ အနီး ပတ်ဝန်းကျင်မှာ ရှိတဲ့ လူငယ်လေးတွေဟာ ပူးပြင်းလှတဲ့ အချိန်ကာလသည် ရေငတ်တဲ့ အခါတိုင်း အပျော် သဘောနဲ့ ဒီလိုစွန့်စားတဲ့ ကစားနည်းကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အချို့အချိန် တွေမှာ အလောင်းကစား သဘောနဲ့ ဆော့ကစား တက်ကြပါတယ်။ ဒီကစားနည်းဟာ အန္တရာယ်များတာမို့ တာဝန်ရှိသူတွေက တားမြစ်ထား ပေမည့် ခိုးကစားကြခြင်း ဖြစ်ပါတယ်။ တံတားပေါ်မှ ခုန်ချခဲ့သူ အသက် (၁၈) နှစ်အရွယ် ကူမားက ကျွန်တော်တို့ဟာ နွေရာသီ ရောက်ပြီဆိုရင် ဒီတံတားပေါ်မှာ လာကစားလေ့ ရှိပါတယ်။ ပျော်စရာ သဘောနဲ့ ကစားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကလည်း အရမ်းပျင်း ဖို့ကောင်းပါတယ်။ အချို့ချိန်တွေမှာ လောင်းကစားမှုပြုလုပ်ပြီး ခုန်ချတက်ပါတယ်။ နောက်ဆုံးခုန်ချသူကို အနိုင်ရသူ အဖြစ် သတ်မှတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့မီးရထားနဲ့ နီးနိုင်သမျှ နီးအောင် နေနိုင်လို့ ဖြစ်ပါတယ်။ ရဲတွေက လာရောက်ပြီး တားမြစ်လေ့ ရှိပေမယ့် သူတို့ပြန်သွားတဲ့ အချိန်မှာ ပြန်ကစားကြ ပါတယ်။ ကျွန်တော့် အနေနဲ့ အကြိမ်များစွာ ပြုလုပ်ဖူးပါတယ်။ ဒဏ်ရာ အနာတရတွေ ရတက်တာ ကတော့ မေးခွန်း ထုတ်စရာတောင် မလိုပါဘူး လို့ ပြောကြား သွားခဲ့ပါတယ်။
The Messenger Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) Monument Valley v1.0.5.8 for Android နွားနို့သည် အရိုးများကို သန်မာစေခြင်းမရှိဘဲ အသက်အရွယ် ကြီးရင့်စေကြောင်း အသစ်လေ့လာတွေ့ ရှိကမ္ဘာ့ အတွင်းပိုင်းတွင်း မြေအောက် သမုဒ္ဒရာများ ရှိနေနိုင်ကလေးတွေ ငြိမ်ငြိမ် မနေနိုင်ကြတာ ဘာကြောင့်လဲခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် Miss Globe Myanmar 2014 အဖြစ် ရွေးချယ်ခံရသူ အေးချမ်းမြေ့
- (အနောကျသို့) မိုဘိုင်းဖုန်းများမှာ အင်တာနက် ကွန်နက်ရှင်ကို မြှင့်တင်ဖို့ DNS Server ပြောင်းနည်းများ နွားနို့သည် အရိုးများကို သန်မာစေခြင်းမရှိဘဲ အသက်အရွယ် ကြီးရင့်စေကြောင်း အသစ်လေ့လာတွေ့ ရှိကမ္ဘာ့ အတွင်းပိုင်းတွင်း မြေအောက် သမုဒ္ဒရာများ ရှိနေနိုင်ကလေးတွေ ငြိမ်ငြိမ် မနေနိုင်ကြတာ ဘာကြောင့်လဲခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် Miss Globe Myanmar 2014 အဖြစ် ရွေးချယ်ခံရသူ အေးချမ်းမြေ့