ဒါလေး ပြုပြင်လိုက်... သေချာပေါက် အဆင်ပြေပြီ...

မြန်မာမွေးသက္ကရာဇ်ကိုတည်၍(၇)နှင့် စားရမည်။ ရရှိသောအကြွင်းကို ကြည့်၍ပြုပြင်စရာကို ဖော် ထုတ်နိုင်သည်။
[မြန်မာမွေးသက္ကရာဇ်ရှာနည်း -မွေးနှစ်ခရစ်နှစ်ထဲက(April 16 ရက် မကျော်လျှင်)- ၆၃၉ ကိုနှုတ်ပါ= မွေးနေ့ မြန်မာသက္ကရာဇ်ရမည် ၊ မွေးနှစ် ခရစ်နှစ်ထဲက (April 16 ရက်ကျော်လျှင်)- ၆၃၈ နှုတ်ပါ = မြန်မာသက္ကရာဇ်ရမည်]
မြန်မာသက္ကရာဇ်ကိုတည်၍(၇) နှင့်စားပါက
အကြွင်း(၁) ရသောသူများသည် “ အပေါင်းအသင်း မိတ်ဆွေများ အပေါ်လွန်လွန် ကဲကဲ ခင်မင်အားနာ တတ်သောဉာဉ် ”ကိုပြင်ရမည်။
မွေးသက္ကရာဇ်ကို (၇) နှင့်စားသော် အကြွင်း(၂)ရသူများသည် “ရောက်လေရာတိုင်းတွင် သူတစ်ပါးကို ဆရာလုပ် စိုးမိုးလိုသော ဉာဉ်” ကိုပြင်ပါ။
၃ ကြွင်းသမားတွင် ပြုပြင်ရမည့် ဉာဉ်ဆိုးသည်ကား စကားများလွန်းခြင်း၊ ပစိပစပ်များလွန်းခြင်း စရိုက်ဖြစ် သည်။
၎ ကြွင်းသမားများ ပြုပြင်ရန်ဉာဉ်ဆိုးကား “စပ်စပ်စုစု လုပ်တတ်လွန်းခြင်း၊ လောဘနှင့်ယှဉ်ကာ တွက်ဆ လွန်းခြင်း” များပြင်သင့်သည်။
၅ ကြွင်းသမားများသည် “ အတူပူးတွဲနေသည့် အုပ်စုအပေါ် ဗိုလ်ကျစိုးမိုးလိုခြင်း” များကိုပြင်သင့်သည်
၆ ကြွင်းသမားများသည် “ ကြွားဝါမှု ချမ်းသာလိုမှု လွန်ကဲခြင်းဉာဉ်ဆိုး” ကိုပြင်ရမည်။
၇ ကြွင်းသမားများသည် ခေါင်းမာတဇွတ်ထိုး လုပ်တတ်ခြင်းဉာဉ်ဆိုး” ကိုပြင်ရမည်။
အဲဒါလေးပါပဲ။ တကယ့်ကို နည်းနည်းလေးပဲ ပြင်လိုက်ရုံနဲ့ မိတ်ဆွေရဲ့ဘ၀ အိမ်ထောင်ရေး ကျန်းမာရေး စီးပွားရေး အားလုံး ပြေပြေလည်လည် ဖြစ်လာမယ်ဆိုတာပါ။
မြန်မာ.ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)