(၁၃) ပေါင်လေးတဲ့ မျက်နှာပေါ်က အသားပိုကို ဖယ်ရှား

အေသင်အောင်
ဆလိုဗက်ကီးယားနိုင်ငံက ရေပိုက်အလုပ်သမားဟောင်း စတီဖန်ဟာ (၁၀)နှစ် နီးပါးခံစားခဲ့ရတဲ့ ရောဂါဝေဒနာကို ခွဲစိတ်ကုသ မှုအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကလေး နှစ်ယောက် ဖခင် စတီဖန်ဟာ မျက်နှာပေါ်မှာ ကြီးမားတဲ့ အသားပိုကြီး ရှိနေခြင်း ဖြစ်ပါတယ်။ အသားပိုနဲ့ အလေးချိန် ဟာ (၁၃) ပေါင် အထိရှိတာမို့ ဦးခေါင်းကို ကောင်းစွာ လှည့်နိုင်ခြင်း မရှိတော့တဲ့ အပြင် လမ်းသွားတဲ့ အခါ အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်ရှုခြင်းခံခဲ့ ရပါတယ်။ ဒါကြောင့်စတီဖန်ဟာ ဆေးရုံမှာ (၅) နာရီကျော် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီး၊ မျက်နှာပေါ်က အသားပိုကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ စတီဖန်ရဲ့ အသားပိုဟာ ပါးပြင်နဲ့ မေးစေ့နှစ်ခု အကြားမှာရှိတဲ့ နေရာတွေကြီးထွားလာခြင်း ဖြစ်ပါတယ်။
စတီဖန်က ကျွန်တော်နဲ့ တွေ့တဲ့လူတိုင်း နောက်ပြန်လှည့်ကြည့် သွားတတ်ပါတယ်။ အဆိုးဆုံး ကတော့ ကျွန်တော့်ရဲ့ ဦးခေါင်း ကောင်းစွာ မလှုပ်ရှားနိုင်ခြင်း ဖြစ်ပါတယ်။ အခုဆိုရင် ပုံမှန်အခြေအနေကို ပြန်ရောက်နေပြီဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်ပြီဖြစ်တယ် လို့ ပြောကြား ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေက အသားပိုကို အလုံးစုံဖယ်ရှားနိုင်ခြင်း မရှိတာမို့ ဒီလိုမျိုးပြန်ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ပဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး တစ်ချို့ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ကမ္ဘာ့ အကြီးဆုံး ၀င်းဒိုးဖုန်းဖြစ်လာသည့် Wistron Tiger Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း