နာမည်ဆိုးနဲ့အကျော်ကြားဆုံး ဗီဒီယိုဂိမ်း ၆ ခု (အပိုင်း ၂)


Jack the Ripper on 2014-06-24 15:43

၎။ Mortal Kombat



Midway Games ကထုတ်တဲ့ ဂိမ်းကို ၁၉၉၂ မှာ Arcade အဖြစ်ထု တ်ခဲ့ပါတယ်။ Mortal Kombat ဟာ ဂိမ်းလောကထဲမှာတော့ ရှာဖွေတွေ့ရှိမှု အသစ်ဖြစ်ပါတယ်။ အငြင်းပွားဖွယ်ရာ ပါဝင်ပစ္စည်းတွေ ပါဝင်ပေ မယ့် Mortal Kombat ဟာ ပထမဆုံးနဲ့ အရေးပါဆုံး တိုက်ခိုက်ရေး ဂိမ်းတွေဖြစ်ပါတယ်။

Earthrelm အမည်ရှိ စိတ်ကူးယဉ်ကျွန်းမှာ အခြေတည်ထားပြီး တိုက်ခိုက်ရေးသမား အများအပြား ရောနှောပါဝင်တဲ့ ဒီဂိမ်းမှာ အဲဒီ့တိုက်ခိုက်ရေး သမားတွေ လူဆိုးကြီး Shang Tsung ကိုတိုက်ခိုက်ရ မှာဖြစ်ပါတယ်။ Mortal Kombat ရဲ့ထိပ်လန့်စရာ အကြမ်းဖက်မှုတွေကြောင့် သူ့ရဲ့ကောင်းမွန်မှုကို လူတွေသတိမပြုမိတာဖြစ်ပါတယ်။

အသေအပျောက်တွေ ပါဝင်မှုက Mortal Kombat ကို အမည်ဆိုးနဲ့ ကျော်ကြားစေတာဖြစ်ပါတယ်။ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ သူတွေအတွက်တော့ Mortal Kombat မှာ အသေအပျောက်ဆိုတာ ကြမ်းတမ်းပြီး စိတ်အနှောင့် အယှက်ဖြစ်စရာ အဆုံးသတ် လှုပ်ရှားမှုတစ်ခု အဖြစ်ရောက်လာ မှာဖြစ်ပါတယ်။ ရန်သူ ရဲ့ခေါင်းကိုဖြတ်တာတွေ၊ ရင်ထဲက နှလုံးကိုထုတ်ပြီး ဆုတ်ဖြဲတာတွေနဲ့ မီးရှို့တာတွေ ပါဝင်ပါတယ်။ နောက်ဆက်တွဲတွေမှာ အကြမ်ဖက်မှုတွေ ပိုတိုးလာပြီး စတင်ထုတ်လုပ်မှုတွေမှာ လူဝေဖန်ခံရမှုတွေဖြစ်ခဲ့ ပါတယ်။

နှစ်ပေါင်းများစွာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်ရပေမယ့် Mortal Kombat ဟာ အလွန်အကြမ်းဖက်မှု အားပေးတဲ့အတွက် ဖျော်ဖြေရေး ဆော့ဖ်ဝဲအဆင့် သတ်မှတ်ရေးဘုတ်အဖွဲ့ Entertainment Software Rating Board (ESRB) ကို ဖန်တီးဖြစ်စေတယ်လို့ ယူဆကြပါတယ်။

၅။ Thrill Kill – PS1 (မထုတ်ဖြစ်)



Paradox Development က ဖန်တီးထားပြီး ၁၉၉၈ မှာထုတ်ဖို့စီစဉ်ခဲ့တဲ့ Thrill Kill ဟာဒီစာရင်းထဲမှာ သူ့ရဲ့ပါဝင်တဲ့ အကြောင်းအရာကြောင့် မထုတ်ဖြစ်ခဲ့တဲ့ တစ်ခုထဲသော ဂိမ်းဖြစ်ပါတယ်။

မထုတ်လုပ်ခင် ရက်သတ္တပါတ် အနည်းငယ်သာ လိုတော့ပေမယ့် ထုတ်လုပ်သူ Virgin Interactive ကို EA က ရယူသွားခဲ့ပြီး ‘ဒီလိုအဓိပ္ပါယ်မဲ့ အကြမ်းဖက်ဂိမ်းမျိုးကို ထုတ်မှာမဟုတ်ကြောင်း” EA ကကြေငြာ ခဲ့ပါတယ်။ ဒါပေမယ့် နှစ်အနည်းငယ်အကြာမှာ အဲဒီ့အပြီးသတ်ပြီးသား အခွေတွေကို ပြင်ပမှာ ဖြန့်ပေးတဲ့ ဖန်တီးသူတွေကြောင့် ဒီဂိမ်းကို အပြည့်အစုံ ကစားလို့ ရခဲ့ပါတယ်။

Thrill Kill ဟာ Mortal Kombat ကိုကျော်လွှားနိုင်မယ့် အကြမ်းဖက် တိုက်ခိုက်ရေး ဂိမ်းတစ်ခုအဖြစ် မျှော်လင့်ထားခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ အစမ်းကစားမှုက တော်တော်လေး ညံ့ဖျင်းပေမယ့် EA က ဘာလို့ဒီဂိမ်းနဲ့ပတ်သတ်ပြီး ပြသနာရှိလဲဆိုတာ ကတော့ထင်ရှားပါတယ်။

လိင်ဆက်ဆံရာမှာ ယောကျာ်းတွေကို အကြမ်းဖက်နည်းနဲ့ ထိန်းချုပ်တဲ့ အမျိုးသမီး၊ ဖြတ်ထားတဲ့ ခြေထောက်တွေကို လက်နှက်အဖြစ်အသုံးပြုပြီး ဆွေမျိုးအချင်းချင်း ပေါင်းဖက်တဲ့ အမေရိကန် တောင် ပိုင်းကဆင်းရဲသား လူဖြူ၊ ရူးသွပ်နေပြီး ခွဲစိပ်ရာမှာသုံးတဲ့ ဓားနဲ့တိုက်ခိုက်တဲ့ ပလပ်စတစ်ဆာဂျရီခွဲစိပ်သူ လိုဇာတ်ကောင်မျိုးတွေပါဝင်တဲ့ Thrill Kill ဟာအဲဒီ့အချိန်က EA ရဲ့ပုံရိပ်ကိုထိခိုက်စေနိုင်ခဲ့ပါ့တယ်။ Mortal Kombat လိုပါပဲ။ Thrill Kill မှာလဲ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းတဲ့ အဆုံးသတ် တိုက်ခိုက်မှု တွေအများအပြား ပါဝင်ပါတယ်။

အဲဒီ့အရာတွေထဲကအချို့ကတော့ ဖြတ်ထားတဲ့ ခြေ၊လက်တွေနဲ့ ပြိုက်ဖက်ကို သေတဲ့အထိ ရိုက်ရ တာတွေ၊ ကြီးမားတဲ့ သတ္ထုသွားကြီးတွေအသုံးပြုပြီး ခေါင်းကို ရက်ရက်စက်စက် ဖျက်ဆီးပစ်တာတွေ ပါဝင်ပါတယ်။ EA ရဲ့အဆိုအရ ဒါဟာ လူထုအတွက် မသင့်တော်ပါဘူး။

၆။ Grand Theft Auto: San Andreas (PS2, Xbox, PC)



Rockstar North ကဖန်တီးပြီး ၂၀၀၄ မှာထုတ်တဲ့ Grand Theft Auto: San Andreas ဟာဝေဖန်ရေး တွေရဲ့ချီးမွမ်းမှုများစွာ နဲ့ကြုံခဲ့ပါတယ်။ အဲဒီ့ထဲက ကမ္ဘာကျယ်ကြီးက ဂိမ်းလောကမှာ အခြားတွေ့ခဲ့ဖူးတဲ့ ဘယ်အရာနဲ့မှမတူပါဘူး။ ဒါပေမယ့် အရင်က ထုတ်ခဲ့တဲ့ GTA ဂိမ်းတွေလိုပါပဲ San Andreas မှာလည်း အငြင်းပွားစရာ ကိစ္စအနည်းငယ် ရှိခဲ့ပါတယ်။ မျှော်လင်ထားတဲ့ အတိုင်းပါပဲ။ ပရိတ်သတ်ထဲ အ သွင်ပြောင်းပေးမှုလေးတစ်ခုက ဂိမ်းရဲ့ကုဒ်နံပါတ်ထဲမှာ မြှပ်ထားတဲ့ အရာတစ်ခုကို ဖေါ်ပြလိုက်တဲ့ အခါမှာတော့ နိုင်ငံရေးသမားတွေနဲ့ အာဏာပိုင်တွေဒေါသထွက်ကုန်ပြန်ပါတယ်။

GTA နာမည်တပ်ထားတဲ့ ဂိမ်းတိုင်းမှာပါဝင်တဲ့ ကားလုယက်မှု၊ ကားတိုက်ပြီးထွက်ပြေးမှု၊ ညစ်ညမ်း စကားပြောဆိုမှု၊ လူမျိုးရေးခွဲခြားလှောင်ပြောင်မှုတွေအပြင် San Andreas မှာပိုပြီး အရသာကဲတဲ့ အရာ တစ်ခုပါဝင်ပါတယ်။ San Andreas မှာ ကစားသူဟာ သမီးရည်းစားအများအပြား နဲ့အပြင်အတူသွားခွင့် ရှိပါတယ်။ Date လုပ်အပြီးမှာ သူမက ကစားသူကို သူမရဲ့နေထိုင်ရာနေရာမျာ ကော်ဖီအတူသောက်ဖို့ ဖိတ်ကြားပါတယ်။ လက်ခံလိုက်ရင်တော့ တော်တော်လေ ပွင့်ပွင့်လင်းလင်းရှိပြီး ဟာသမြောက်တဲ့ လိင်မှုဆိုင်ရာ ဆူညံသံတွေကြား ရမှာဖြစ်ပါတယ်။

ဂိမ်းကို အနည်းငယ် အသွင်ပြောင်းပေးခဲ့သူ Patrick Widenborg ကဒီဂိမ်းရဲ့ ပုံစံအသစ် Hor Coffee Mod ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ အဲဒီ့ အသွင်ပြောင်း Mod အသစ်မှာ လိင်ဂိမ်း အသေးစားလေးကို ထည့်သွင်းထားပါတယ်။ အရင်ဂိမ်းမှာကြားရတဲ့ လိင်ပိုင်းဆိုင်ရာ ဆူညံသံတွေအစား အဓိကဇာတ်ကောင် C.J နဲ့ သူ့ကောင်မလေးက အ၀တ်အစားအပြည့်အစုံနဲ့ လိင်ဆက်ဆံနေတဲ့ အခန်းပါဝင်တာဖြစ်ပါတယ်။ လူထုရဲ့ဒေါသတကြီး တုန့်ပြန်မှုဖြစ်လာခဲ့ပါတယ်။ ဒါဟာနိုင်ငံအတော်များများမှာ San Andreas ကိုပြန် လည်ရုတ်သိမ်းဖို့ တောင်းဆိုလာကြပါတယ်။ အသွင်ပြောင်း Mod ကို အသုံးမပြုရင်ကြည့်လို့ မရပေမယ့် လည်း ဒီအခန်းကို အခွေထဲက ထုတ်ပစ်ဖို့ Rockstar North ကို တောင်းဆိုကြတာဖြစ်ပါတယ်။

Ref:starpulse.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...