အလှူအတန်း ရက်ရောတဲ့ ဟယ်ရီပေါ်တာ စာရေးဆရာမ
ဟယ်ရီပေါ်တာ ဝတ္တု အဆက်များစွာ ရေးသားခဲ့သူ အသက် ၄၈ နှစ် အရွယ် J. K. Rowling ဟာ ဗြိတိန် မှာ အချမ်းသာဆုံးအဆင့် ၃၀ မှာတောင် ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ တစ်ထောင်ကျော် စာရင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ စာရေး၊ စာအုပ်ထုတ်ဝေပြီး ချမ်းသာတဲ့ ကမ္ဘာ့ပထမဆုံး ဘီလျံနာ လို့လည်း စံချိန်တင်ပါတယ်။
သူမရဲ့ ဟယ်ရီပေါ်တာ စာအုပ်ကလည်း ကမ္ဘာ့ ပထမဆုံး နဲ့ အအောင်မြင်ဆုံး ရုပ်ရှင် အဆက်ဆက် ရိုက် ရတဲ့ ဝတ္တု အဖြစ်လည်း စံချိန်တင် ပါတယ်။ ဗြိတိန် အစိုးရ နဲ့ ဗြိတိန် ရှိ တက္ကသိုလ် များစွာက ပေးအပ်တဲ့ ဆုတံဆိပ် ပေါင်း ၂၀ ကျော်ကိုလည်း ရရှိခဲ့ပြီး သူမဟာ Time က ပေးအပ်တဲ့ Person of the Year အသိအမှတ်ပြုမှုကိုလည်း ခံယူခဲ့ဖူး ပါတယ်။
ထုတ်လိုက်တဲ့ စာအုပ်တိုင်း ကန်ဒေါ်လာ သန်းချီ တန်ဖိုး အရောင်းထွက်ပြီး အောင်မြင် ပါတယ်။ ငါးနှစ်ဆ က်တိုက် ဘီလျံနာ နေရာကို ယူခဲ့ပေမယ့် ၂၀၁၂ ခုနှစ် နှစ်ဆန်း အရောက်မှ မပါဝင်တော့ ပါဘူး။ အကြောင်းကတော့ သူမရဲ့ စည်းစိမ် အများစုကို အလှူအတန်းမှာ အသုံးပြုခဲ့လို့ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကျော်ကို တစ်ပြိုင်နက်တည်း လှူပြီး သူမ ဆက်တိုက် ပြုလုပ်တဲ့ ဆင်းရဲ သား နဲ့ ရောဂါကုသ ရှာဖွေးရေး လုပ်ငန်းတို့မှ ဆက်တိုက် လှူဒါန်းမှုကြောင့် ချမ်းသာမှုဟာ ဘီလျံနာ အဆင့်ထဲ မပါဝင်တော့ ပါဘူး။ သို့ပေမယ့် ဆက်တိုက် ဝင်နေသေးတဲ့ ငွေကြေးများက သူမကို မီလျံနာ ဖြစ်နေစေ သေးပြီး ယနေ့တိုင်း ကမ္ဘာက လေးစား ရတဲ့ စာရေး ဆရာမ တစ်ဦး ဖြစ်ပါတယ်။
ရိုးရာလေး
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)