နိုင်ငံအသီးသီးရဲ့ စာပေမှာ အက္ခရာအရေအတွက်ဘယ်လောက်ရှိသလဲ

ကမ္ဘာ.နိုင်ငံအသီးသီး၌ မှီတင်းနေထိုင်ကြသည့် နိုင်ငံသူနိုင်ငံသားတွေအဖို. ကိုယ့်နိုင်ငံက စာပေအရေး အသားနှင့် စပ်လျဉ်းပြီး အခြေခံထားရှိရသည့် အက္ခရာစကားလုံးများ ရှိကြပါသည်။ တစ်နည်းအားဖြင့် ဗျည်းအက္ခရာများ ဖြစ်ကြပါသည်။ ထိုဗျည်းများ၌ အသံမရှိပါ။ အသံပေါ်ထွက်လာစေရန် အတွက် “အီ၊အေ၊ အယ်၊ အာ၊ အော်၊ အို၊ အူ၊ အင်၊ အန်၊ အွန်၊ အိတ်၊ အုတ်၊ အိုက်၊ အောက်၊ အစ်၊ အက်၊ အတ်၊ အွတ်” အစရှိသော အခြေခံသရများနှင့် ပေါင်းစပ်လိုက်မှသာ အသံများ ထွက်ပေါ်လာပါသည်။
ထိုစကားလုံးများမှ ဝေါပာာရများ ဖြစ်လာပါသည်။
ကံ ၊ ကတ္တား ၊ ကြိယာ ၊ ၀ိတ်ဘတ် ၊ နာမ၀ိသေသန ၊ ကြိယာဝိသေသန ၊ အစရှိသဖြင့် စကားလုံး ဝေါပာာရများ ပုဒ်များဖြစ်ပေါ်လာပြီး သဒ္ဒါအထားအသို မှန်ကန်စွာ စဉ်လိုက်လျှင် ၀ါကျများဖြစ်လာပါသည်။ ၀ါကျမှ တစ်ဆင့်စာပိုဒ် ၊ စာပိုဒ်မှ စာပုဒ် ဖြစ်လာကာ ကိုယ်နိုင်ငံ တိုင်းပြည်ဆိုင်ရာ စာပေများပေါ်ထွန်း လာပါသည်။ ယဉ်ကျေးမှု အနေအထားများ တိုးမြင့်လာပါသည်။
စာပေသည် နိုင်ငံနှင့် လူမျိုး ၊ အခြေတိုးမြင့်ရေး၌ အဓိကကျပါသည်။
စာပေများပေါ်ထွန်းလာရအောင် ဘာသာဗေဒ ပညာရှင်များ သဒ္ဒဗေဒပညာရှင်များသည် ခေတ်အဆက် ဆက် ကြိုးပမ်းအားထုတ်ခဲ့ရပါသည်။ ၄င်းတို. ကြိုးပမ်းအားထုတ်သည့် အတွက်ကြောင့်လည်း နောက်ဆုံး ၌ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည် အလိုက် လူမျိုးအသီးသီးတို.၏ ကိုယ်ပိုင်အက္ခရာ ဖြစ်ပေါ်လာခဲ့ရပါတော့ သည်။ ဤ၌ ကမ္ဘာ.နိုင်ငံအသီးသီး ရှိကြသည့်အနက် လက်လှမ်းမီရာကို လေ့လာစုးစမ်းတင်ပြရသည် ရှိသော်…
၁။ မြန်မာစာပေ၌ အက္ခရာအလုံးရေ (၃၃)လုံးရှိ၏ ။
၂။ ဂျူးစာပေ၌ အက္ခရာအလုံးရေ (၂၂)လုံးရှိ၏ ။
၃။ အီတလီစာပေ၌ အက္ခရာအလုံးရေ (၂၂)လုံးရှိ၏ ။
၎။ လက်တင်စာပေ၌ အက္ခရာအလုံးရေ (၂၂)လုံးရှိ၏ ။
၅။ဂရိတ်စာပေ၌ အက္ခရာအလုံးရေ (၂၄)လုံးရှိ၏ ။
၆။ ပြင်သစ်စာပေ၌ အက္ခရာအလုံးရေ (၂၅)လုံးရှိ၏ ။
၇။ ဂျာမန်စာပေ၌ အက္ခရာအလုံးရေ (၂၆)လုံးရှိ၏ ။
၈။ အင်္ဂလိပ်စာပေ၌ အက္ခရာအလုံးရေ (၂၆)လုံးရှိ၏ ။
၉။ စပိန်စာပေ၌ အက္ခရာအလုံးရေ (၂၇)လုံးရှိ၏ ။
၁၀။ အာရေဗျစာပေ၌ အက္ခရာအလုံးရေ (၂၈)လုံးရှိ၏ ။
၁၁။ တူရကီစာပေ၌ အက္ခရာအလုံးရေ (၂၉)လုံးရှိ၏ ။
၁၂။ ရုရားစာပေ၌ အက္ခရာအလုံးရေ (၃၂)လုံးရှိ၏ ။
၁၃။ အာမေးနီးယားစာပေ၌ အက္ခရာအလုံးရေ (၃၈)လုံးရှိ၏ ။
၁၄။ တရုတ်စာပေ၌ အက္ခရာအလုံးရေ (၅၃)လုံးရှိ၏ ။
၁၅။ ထိုင်း(ယိုးဒယား) အက္ခရာအလုံးရေ (၇၄)လုံးရှိ၏
credit to original uploader
K.K(ကနောင်)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)