အသိ သတိ နှင့် လူ့ ကျန်းမာရေး (၄)
ကျန်းမာရေးကောင်းမွန်စေရန်အတွက် ပထမဦးစွာအရေးကြီးသည်မှာ အစားအစာများပင်ဖြစ်ပါသည် ။ အစားမတော်လျှင် တစ်လုပ်ဟုပင်ပြောဆိုကြမြဲရှိကြပါသည် ။ နေ့ စဉ်နေ့ တိုင်း စားသောက်နေသည့် အစားအစာများတွင် လူ့ ခန္ဓာကိုယ့်အတွက် အကျိုးများသည့် အစားအစာ ၊ အဆိုးများသည့် အစားအစာ ဆိုတာ ကျန်းမာရေး အသိရှိစေချင်သည့်အတွက်သာ အသိ သတိ အနေဖြင့် ပြောပြရခြင်းဖြစ်ပါသည်။
မြန်မာလူမျိုးများသည် အစားသောက်များတွင် ကောင်းကျိုးနည်းပြီး ဆိုးကျိုးများသည့် ဆီ သည့် အဓိက အနေဖြင့်ပါဝင်နေပါသည် ။ အစားအစာချက်ပြုတ်ရာတွင်လည်း ဆီပြန်ချက် ၊ ဆီကြော်ချက် ၊ ဆီလည်ရေ လည် နှင့် ဆီဆမ်း ဟု ဆီသည် အဓိကဖြစ်နေပါသည် ဆီသုံးစွဲမှု့ နည်းလျှင် မကောင်းသလို ပင်ဖြစ်နေ ကြပါသည် ။ သုံးစွဲသည့် ဆီတွေ မသန့် ခြင်း နှင့် အကြိမ်များစွာ ကြော်လှော်ထားသည့်ဆီတို့ သည့် စားသုံးသူတို့ အတွက် အလွန်အဆိုးဝါးဆုံးဖြစ်ပါသည် ။လူအများအပြားတွင် မတည့်သည့် အချို အဆိမ့် အစပ် လွန်စွာ စားသုံးကြပါသည် တည့်သော ဖန်ချဉ်ခါးကျတော့ အစားနည်းပါသည် ။
ယနေ့ ထမင်းဝိုင်းတစ်ခုတွင် ဆီအသုံးများသည့် အစားသောက်များကို စားသောက်ကြပြီး အေးနေသော ရေ နှင့် အအေးများ သောက်သုံးတက်ခြင်း အလေ့အထ လူအများလုပ်ဆောင်ကြပါသည် ။ သည်လို့ လုပ်ဆောင်ချက်ကြောင့် ဆီသည် အေးသောအရာနှင့်တွေ့ လျှင် ခဲသွားသည့် သတ္တိရှိပါသည် သည်လိုခဲ သွားခြင်းကြောင့် ပျော်ဝင်ခြင်း မရှိဘဲ ကပ်နေပါသည် ။ အစားအစာတွင် ဆီများပါဝင်စားသောက်ပြီး မကြာမီ ရေခဲရေသောက်ခြင်း အေးသောအချိုရည်သောက်ခြင်းကြောင့် ကိုယ့်အတွင်းရောက်ရှိနေသော အစားအစာများသည့် အေးသောအရည်များကြောင့် ဆီများသည့် ခဲတက်သောကြောင့် အသည်းတွင် အဆီဖုံးခြင်းဆိုသည့် ကျန်းမာရေး နောက်ဆက်တွဲဆိုးကျိုးဖြစ်ပေါ်စေပါသည် ။ အဆီများခြင်းကြောင့် ဗိုက်အခေါက်အဆီများတွဲခြင်း နှင့် အဆီများဖြင့် ဝလာပြီး နှလုံးသွေးကြောပိတ်ခြင်းလည်း ဌင်းအဆီ များကြောင့် ရောဂါထပ်တိုးဖြစ်ပေါ်လာနိုင်ပါသည် ။
လူ့ ကျန်းမာရေးအတွက် ဆီသည့် အကျိုးအလွန်နည်းပါးသဖြင့် ဆိုးကျိုးများသော ဆီများကို အလွန်အမင် ချက်ပြုတ်ခြင်း နှင့်အတူ စားသုံးခြင်းကိုလည် အထူးရှောင်ရှားကြပါ ။ ဝက်သား ဝက်စတူး တုတ်ထိုး ကြိုက်တက်သူများသည် ကန်စွန်းရွက်များများ စားပေးရသလို စားပြီး ရေအေး အအေးသောက်ခြင်းလုံးဝ မသောက်သင့်ပါ ။
ဆီများသော ဟင်းနှင့် အစားအစာများကို စားသောက်ပါက ပူနွေးသောဟင်းရည် နှင့် ရေနွေးကြမ်း ပူပူလေး သောက်သုံးသင့်ပါသည် ။ သောက်သုံးရန် အစဉ်မပြေဖြစ်ပါက ရေကို စားသောက်ပြီးအချိန်အား ဖြင့် ကြာမြင့်ချိန် ၁၅ မိနစ်နောက်ပိုင်းမှသာ ရေကို သောက်သုံးသင့်ပါသည် ။
ဆီသည်စားသုံးသူကိုယ်တိုင်စားသုံးမှသာလျှင် ကျန်းမာရေးအတွက် မကောင်းနိုင်ပေမဲ့ အခိုးအငွေ့ များသည် ကိုယ်တိုင်မလုပ်ဆောင်ပေမဲ့ ဌင်းအခိုးအငွေ့ များကြောင့်ပင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်စေပြီး အဆုတ်အပါအဝင် သွေးအတွက် အောက်စီဂျင်လျှော့နည်းစေသလို့ ဦးနှေက် အတွက် လိုအပ်သော အောက်စီဂျင် ပမာဏကိုလည်း လျှော့နည်းစေပါသည် ။
လူအများအပြား စားသောက်ကြသည့် လက်ဖက်ရည်ဆိုင်နှင့် တစ်ခြားနေရာများများတွင် ဆေးလိပ်သောက်သုံးခြင်းကြောင့် မိမိကိုယ်တိုင် ဆေးလိပ်မသောက်ပေမဲ့ သောက်သုံးသူများမှ ထုတ်လိုက်သော ဆေးလိပ်အငွေ့ များကို တစ်ခြား မသောက်သုံးသူဖြစ်ပေမဲ့ ဌင်း ဆေးလိပ်အငွေ့ များရှူရှိုက်မိပါကလည်း ဆေးလိပ်သောက်သုံးသူရရှိသော ဆိုကျိုးကိုလည်း ထပ်တူ ရရှိစေနိုင်ပါသည် ။
မိမိဘေးတွင် ဆေးလိပ်သောက်သုံးသည့် အခိုးအငွေ့ များ ရှိနေပါက အဝေးနေရာကို ပြောင်းနေပေးပါ ။ဆေးလိပ်သောက်သုံးခြင်းသည် ကျန်းမာရေးကိုဆိုးရွားစေ ထိခိုက်စေသည် ဆိုသည့်အချက်ကို ဘယ်သောအခါမှ မမေ့လျော့ရန်ဖြစ်ပါသည် ။
တစ်ချို့ အိမ်များတွင် ခြင်ဆေးခွေကို အလွန်ထွန်းညှိခြင်းကြောင့် ဌင်း အခိုးအငွေ့ များသည် အဆုတ်ကို လုံးဝထိခိုက်ပါသည် ။ နေ့ တစ်နေ့ ကို ဌင်းအငွေ့ အသက်များ ရှူ ရှိက်သူသည် ချက်ခြင်းရောဂါ တစ်ခု အနေဖြင့် မဖြစ်ပေါ်ပေမဲ့ နှစ်အချိန်ကြာလာသည့်အခါ ချောင်းဆိုးလာခြင်း ၊ အသက်ရှု မဝခြင်း နှင့် မောမောနေတက်ခြင်း ဆိုသည့် ကျန်းမာရေးချိုးတဲ့လာပြီး နာတာရှည်ရောဂါအဖြစ်လည်း ဖြစ်ပေါ်လာ တက်ပါသည် ။
နေ့ စဉ်မကင်းနိုင်ဘူးဆိုလျှင် ဆီအစားများလျှင် ကန်စွန်းရွက် ၊ ကြက်သွန်ဖြူ နှင့် အခိုးအငွေ့ များအကြား အလုပ်လုပ်သူနှင့် ရှူရှိုက်မိသူတို့ တွင် ဌက်ပျောသီးဖီးကြမ်းအမှည့်ကို တစ်လုံးအနည်းဆုံး စားသောက်ပေး ရန်လိုအပ်ပါသည် ။ မီးဖိုချောင်အတွင်း အလွယ်တစ်ကူရှိနေသည့် နနွင်းမှုန့် စစ်စစ် တီးဇွန်းတစ်ဝက်ကို နေ့ စဉ်သောက်သုံးပေးခြင်း နှင့် အသီးအရွက်များကို နေ့ စဉ်စားသောက်ပေးခြင်းဖြင့် လူ့ ကျန်းမာရေး အတွက် အလွန်အကျိုးများစေပါသည် ။အသီးအရွက် အသီးအနှံများ ကောင်းကျိုးများခြင်းကို အသေး စိတ်ရေးသာချက် တင်ပြခဲ့ပြီးလည်း ဖြစ်ပါသည် ။
ဆီသည့် ကောင်းကျိုးနည်း ဆိုးကျိုးများခြင်းနှင့် ဆေးလိပ်အခိုးအငွေ့ သည်လည်း မသောက်ပေမဲ့ ထပ်တူ ဆိုးကျိုးများသည်ကို အသိသတိရှိပါ ။ နနွင်းမှုန့် နှင့် ဟင်းသီးဟင်းအရွက်သည် အကျိုးများကြောင်းကို ကျန်မာရေး အသိ သတိရှိပြီး လိုက်နာစားသုံးကြပါ ။