ကင်ဆာဖောင်ဒေးရှင်း တည်ထောင်တဲ့ အသက် (၁၉) နှစ် အရွယ် လူငယ်ကလေး ဂုဏ်ထူးဆောင်ဆုရရှိ


အေသင်အောင်

အသက် (၁၉)နှစ်သာ ရှိသေးပေမယ့် လူမှု အကျိုးပြု လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ကင်ဆာ ဖောင်ဒေး ရှင်း တည်ထောင်ခဲ့တဲ့ ဆက်တန်ကို ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်က ဂုဏ်ထူးဆောင်ဆု ပေးအပ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ဆက်တန်ဟာ အသက် (၁၅) နှစ် အရွယ် ကတည်းက ကင်ဆာရောဂါ ဝေဒနာခံစားခဲ့ရပြိး ဘ၀တူရောဂါ ဝေဒနာရှင်တွေကို အကူအညီ ပေးနိုင်ဖို့ Teenage Cancer Trust ဖောင်ဒေးရှင်းတစ်ရပ်ကို တည်ထောင်ခဲ့ပါတယ်။ ဆက်တန်ဟာ အသက် (၁၉)နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့ပြီး မကွယ်လွန်မီ အချိန်အထိ ရန်ပုံငွေပေါင် လေးသန်းကျော် ရှာဖွေ နိုင်ခဲ့ပါတယ်။ ဆက်တန်ဟာ ရောဂါဝေဒနာခံစားနေ ရပေမယ့် ဘယ်တော့မှ အရှုံးမပေးခဲ့ဘဲ လက်မလေးကို အမြဲထောင်ပြခဲ့ပါတယ်။ ဆက်တန်ရဲ့ လက်မထောင်တဲ့ ပုံစံဟာ ဗြိတိန်မှာ နာမည်ကြီးခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မ ရွန်းတောင် သူနဲ့အတူ တွဲပြီး လက်မထောင်ပြခဲ့ ဖူးပါတယ်။ ဆက်တန် ဟာ မေလ (၁၄)ရက်နေ့မှာ ကွယ်လွန် သွားခဲ့ပေမယ့် ဗြိတိန် ဘုရင်မကြီးက မွေးနေ့ အခါ သမယမှာ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်တဲ့ စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ ဆက်တန်ဟာ MBE ချီးမြှင့်ခံခဲ့ရတာဖြစ်ပြီး မကွယ်လွန်မီမှာ ဆုချီးမြှင့် မယ့် စာရင်းမှာ ထည့်သွင်းထားကြောင်း သူ့ရဲ့ မိခင်ဖြစ်သူက ဖွင့်ဟခဲ့ပါတယ်။ ဗြိတိန် ဘုရင်မကြီး သူကောင်းပြုတဲ့ စာရင်းမှာ ရုပ်ရှင်သရုပ်ဆောင် ဂျိုလီလည်း ပါဝင်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကို ဆန့်ကျင်ရာမှာ တက်ကြွစွာ လှုပ်ရှားခဲ့လို့ ဂုဏ်ထူးဆောင်ဆုရရှိခဲ့တာ ဖြစ်ပါတယ်။


The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...