မိန်းကလေးသီးသန့်ဗေဒင်- သူ ကိုယ့်ကို တကယ်ချစ်/မချစ်



ဒီတွက်နည်းလေးကမြန်မာ့ရိုးရာ လက်ဆန်းနည်းလေးပါ။မိန်းခလေးတွေအတွက်သီးသန့်ပါ အရွယ်ရောက် တဲ့မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ ..တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်းခံရတာ မေတ္တာရှိကြောင်းပြောလာတာ၊ လက်ထပ်ခွင့် ပန်လာတာတွေရှိပါလိမ့်မယ်...ရင်ခုန်ရတာ တဖက်၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ်ချစ်တာမှ ဟုတ်ရဲ့လား ဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက် ပါနဲ့ တကယ်မှန်တာ။ မိန်းကလေးသီးသန့် အချစ်ဗေဒင် သူတကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်/

အဆင့်(၁)
ကိုယ့်ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည် အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။ အက္ခရာနဲ့ သင်္ချာဂဏန်းတွဲပြထားပါတယ် ဗျည်းကိုသာ ယူပါတယ်..။

အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း

အ ၊ ဥ ၊သြ =၁
က ခ ဂ ဃ င =၂
စ ဆ ဇ စ် ည= ၃
ယ ရ လ ၀ =၄
ပ ဖ ဗ ဘ မ =၅
သ ဟ =၆
ထ တ ဒ ဓ န= ၇

ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်
ဥပမာ- နံမည်က စိုးစံ ဆိုရင်
စ+ စ
၃+ ၃
= ၆
ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။

အဆင့်(၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်ကို မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထားပါ။

မွေးနေ့ မွေးနံသင်္ချာဂဏန်း
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၎
ကြာသပတေး ၅
သောကြာ ၆
စနေ ၇

ဥပမာ -အသက်=၂၄
မွေးနေ့>တနင်္လာ = ၂
အသက် + မွေးနံသင်္ချာ= ၂၄+၂=၂၆

ချစ်ရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံသင်္ချာပေါင်းရထားတဲ့ အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ် ဂဏန်းနဲ့ စားပါ အကြွင်း ကိုကြည့်...။

အဆင့် ၁ ရလဒ် = ၆
အဆင့် ၂ ရလဒ်= ၂၆
၂ ခုပေါင်း =၆+၂၆=၃၂
၃၂ ကို ၇ နဲ့စားပါ အကြွင်းက ၄ ပါ..။
ပြီးရင် အကြွင်းအလိုက် အဟောကို အောက်မှာကြည့်

အကြွင်း၁။ ။ ရပါက သူ့စကားကတော့ မှန်ပါတယ်။ တကယ်ချစ်နေတာပါ။ ဒါပေမယ့် လက်ထပ်တဲ့ အထိတော့ ကိယ့်အပေါ်မှာ မစဉ်းစားသေးဘူးနော်။ လက်ထပ်မယ်လို့ပြောလာရင်လဲ အပေါ်ယံ ပြောတာ။ တကယ် လက်ထပ်နိုင်တဲ့ အခြေအနေ လတ်တလော သူ့မှာ မရှိသေးဘူး။ သူ့မှာ ဖြေရှင်းစရာ။ ရင်ဆိုင်စရာမိဘ အသိုင်းအ၀ိုင်းကြားထဲက ချစ်နေရတာ။ ချစ်သူဘ)နဲ့ တွဲသွားတွဲလာ အဖော်အနေနဲ့တော့ကောင်းပါတယ်။ ဒါပေမယ့် အိမ်ထောင်ဖက်တော့ဖြစ်လာမှာမ ဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကိုသတိရပါ..။

အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကို စံတင်လောက်တယ်။ သူတကယ်ကို့ ကိုချစ်နေတာ။သနားဖို့ကောင်းပါတယ်။ သူ့ဘ၀ သူ့အချစ် သူ့မေတ္တာ အားလုံး ကို့ကိုပုံပေးပြီး အဖြေ တုံ့ပြန်မှုကို တကယ်မျှော်လင့်နေတာ။သဘောကလောက်တဲ့ အနေအထား ကိုလိုလားတဲ့ အခြေ အနေများ ရှိရင် လက်ခံသင့်တဲ့သူပါ။ တခုတော့ရှိတယ်နော်။ သူက တကယ်လက်ထပ်မှာလို့ ပဲပြောတာ။
ကိုက မစဉ်းစားသေးဘူးဆိုလည်းသူက နေက်ဆုတ်သွားမှာပါ..။အနှောက်အယှက်မပေးပါဘူး..။

အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်လဲ လို့မေးလိုက်တော့..။ မျက်နှာများတဲ့သူပဲ။ ကို့ကိုသဘောကျတွဲချင်တာ ပဲ ရှိပါတယ်။ လေးလေးနက်နက် ချစ်တဲ့အနေအထားတော့မဟုတ်ဘူးနော်။လက်ထပ်ပေါင်းသင်းဖို့နေနေသာသာ  ရေရှည်ချစ်ပါ့ မလားတောင်မသိ။ ကိုက လက်ခံမိရင် ကို့အပြင် သူနောက်ထပ်တယောက် တွဲနေတာတို့ ကို့ကိုပစ် ထားလိုက်။ ပြန်လာလိုက်နဲ့ချစ်တမ်းကစားနေတာတို့လုပ်အုံးမှာ။ အသည်းကွဲ ကာကွယ်ဆေးထိုးပြီးမှ ချစ်ပေါ့။ ဒါပေမယ့် ကမ္ဘာမှာ အဲဆေးမပေါ်သေးဘူးနော်..။ မိတ်ဆွေလောက်နဲ့ပဲထားဖို့ကောင်းပါတယ်။

အကြွင်း၎။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ ကို့ကိုမြတ်နိုးနေတာမှသဲသဲ လုပ်ပဲ။ကို့အတွက်ဆိုဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။သူက စကားနည်းတယ်။ ဒီမေတ္တာစကားပြောဖို့တောင်တော်တော်အရှိန်ယူ ရပုံပဲ ကို့အပေါ် သူတတ် အားသလောက် တင့်တင့်တယ်တယ်ထားမှာ အမှန်ပဲ။ သဘောကျရင် စဉ်းစားဖို့တကယ်ကောင်းတဲ့ သူပေါ့။ သူ့ဝန်းကျင် အသိုင်းအ၀န်း။ သူ့အနေအထားတွေကို မိန်းကလေးပီပီထည့်တွက်ပေးမယ်။ အချစ်ဘက်ကတော့ အမှတ်ပြည့် တကယ်ပေးထားတယ်။ ကိုယ့်သဘော ကိုယ့်အလို တကယ်လိုက်ပြီး မျက်နှာအညိုးမခံရအောင် သူ့ဘက်ကတကယ်ဆောင်ရွက်ပေးမှာပါ... လက်ခံလို့ရတယ်။သူဘက် ကလက်ထပ်ဖို့သေချာပါတယ်။အချိန်ယူပြီးစဉ်းစားဆုံးဖြတ်ပေါ့..။

အကြွှုင်း၅။ ။ရပါက သူကိုယ်တိုင်တောင် ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး တခါတလေကို့ကို ချစ်လိုက်။တစ်ခါတလေ ကို့ကိုမေ့ထားလိုက် လုပ်မှာပါ..။ ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို။ တခါလောက်ပြောပြီး ကိုက မူပြီးအချိန် ဆွဲထားရင်ကြားထဲမှာ ထပ် အဖြေတောင်းတော့မှာ မဟုတ်ဘူး။သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။ သူ့ရင်ထဲမှာ အသည်းန လုံးရောရှိရဲ့လား..။ ဆိုတာကိုလေ့လာသူ့စိတ် သူ့ပါတ်ဝန်းကျင် နဲ့ကို အဆင်ပြေပါ့မလား..။ တွေး ကြည့်ပေါ့။ ငြင်းစရာ မှိလောက်အောင်ပြည့်စုံလို့ လက်ခံမယ်။ ကိုကချစ်သာနေပြီး မဆွတ်ခင်က ညွတ် ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့ အချိန်လေးယူပါအုံး..။

အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ် ကောင်းတဲ့ သူဆိုတာသတ်မှတ်လိုက်ပါ။ သူ့မေတ္တာက အမှန် တည်ငြိမ်ပါတယ်။ ကိုမှတပါးနောက်တယောက်ထားမှာမဟုတ်ဘူး။ ပြီးခဲ့တဲ့ အတိတ်မှာ ဘယ်လောက် ရှုပ်ရှုပ် ကိုနဲ့ကျမှ တည်တည်ငြိမ်ငြိမ်ဖြစ်မှာ။ အသက်အနေအထား ဖြတ်သန်းရတဲ့ ၀န်းကျင်တွေကြား ထဲမှာ ပေါက်ဖွားလာတဲ့ အချစ်စစ်။ တကယ်လက်ထပ်သင့်တဲ့ သူပေါ့။ သူကသိပ်ချစ်တတ်တဲ့ သူ။ ကို့အလိုတကယ်လိုက်မှာ။ ရေရှည်တည်မြဲပါတယ်။ ကို့မိဘ ကို့အသိုင်းအ၀ိုင်းသူ့မိဘ သူ့အသိုင်း အ၀ိုင်းသာစပ်ဟပ် လို့ရရင်တော့ ကောင်းပြီးသားအောက်မေ့ပေတော့.။။။

အကြွင်း ၀ ။ ။ ရရင်တော့ မဟန်ပါဘူး။ကန်တော့ဆွမ်းပါပဲလို့။ သူ့အချစ်နဲ့ ကို့နဲ့ မထိုက်တန်ပါဘူး။ဟိုမရှင်းဒီမရှင်း အရှုပ်ထုတ်ထဲ ကို့ပါဆွဲသွင်းနေတာ။သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။ ရှေးစကားနဲ့ပြောတာမှတ်မိသေးတယ် ဒူးနဲ့မျက်ရေသုတ်နေရမယ်။ သူချစ်စကားကလဲ မဟန် ချစ်ရေးဆိုပုံကလည်းတစ်မျိုးနှင့် မညလမ၀ယ် မိန်းကလေးများဆိုရင်တော့..တာ့တာ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ ယောင်လို့များသွားမတွဲနဲ့ ယူလို့လဲမကောင်း မယူမိရင်လဲ နောက်လိုက်နောင့်ယှက်
ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။ အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။

ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီး ပြန်အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ။ချစ်သူရှိပြီးသားလူတွေနဲ့ပတ်သတ်ပြီး တွက်ကြည့်ချင်ရင် တစ်ဖက်လူ ကို့ချစ်စကားပြောခဲ့တဲ့ အသက်နဲ့ ချိန်ပြီးတွက်။ ရည်းစားမရှိသေးသူတွေကလည်း ဘယ်အသက်မှာ ဘယ်နာမည်မျိုးနဲက လူက အချစ်စစ် ကမ်းလှမ်းလာမယ်ဆိုတာ ဥာဏ်ကစားပြီးတွက်ကြည့်ကြပေါ့။


မြန်မာ့ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...