တစ်ခြားသူရဲ့ စိတ်ကို ဘယ်လိုဖတ်ကြမလဲ???



စိတ်ဖတ်ခြင်း (Mind Reading) လို့ခေါ်ကြတဲ့ ပညာရပ်ကိုတော့ လူတော်တော်များများ စိတ်ဝင်စားကြ ပြီးတော့ တကယ်တမ်း လူတိုင်းလုပ်နိုင်တဲ့ စိတ်စွမ်းအား ၁၀ ခုထဲမှာလဲ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ကျွန်တော် နောက်တစ်ခေါက် ထပ်ပြောချင်တာက လူတိုင်းလုပ်နိုင်ပါတယ်။ ထူးခြားတဲ့ ပါရမီတို့ မွေးရာ ပါအစွမ်းတို့ မလိုအပ်ပါဘူး။ လေ့ကျင့်နိုင်မှုအပေါ် မူတည်ပါတယ်။

အရင်ဆုံး

ဒီပညာရပ်ဟာ လက်တွေ့ကျတဲ့ အမြင်ကကြည့်ရင် ဖြစ်တန်စွမ်းတွေကနေ အခြေခံတယ်လို့ ပညာ ရှင်တွေက သုံးသပ်ကြပါတယ်။ ဒါပေမယ့် လူအများစုက ကျယ်ကျယ်ပြန့်ပြန့်ကြီး တွေးတတ်ကြပြီးတော့ အခြေခံအုတ်မြစ်ကို နားမလည်တဲ့အတွက် ခက်ခဲနေတယ်လို့ထင်ကြတာပါ။ ဥပမာအားဖြင့် စိတ်ဖတ် တယ်ဆိုတာကို မသိတဲ့သူတွေက သူဘာတွေတွေးနေလဲ၊ ဘာလုပ်ချင်နေတာလဲ ဆိုတာကို သိနိုင်တာလို့ ထင်မြင် တတ်ကြပါတယ်။ ဟုတ်ပါတယ် အဲလို သိမြင်နိုင်ပါတယ် ဒါပေမယ့် အဲဒါကနောက်ဆုံး အဆင့် ပါ။ အရင်ဆုံးကတော့ ကိုယ်နယ်မြေတစ်ခု သတ်မှတ်ပြီးတော့ ဘောင်ခတ်ပြီးတွေးတော ရမှာဖြစ်ပါ တယ်။

ကဲ စလိုက်ကြစို့

ဒီပညာရပ်ဟာ စိုက်အာရုံစူးစိုက်နိုင်မှုနဲ့ စိတ်တည်ငြိမ်မှုတို့ကို အခြေခံတဲ့အတွက် တရားထိုင်တာမျိုးတွေ ပြုလုပ်ရမှာပါ။ ဒါပေမယ့် ပထမဆုံး နည်းလမ်းကတော့ အဲလိုတရားထိုင်တာမျိုးတွေ လုပ်စရာမလိုသေးပါ (လုပ်ရင်တော့ ပိုကောင်းတာပေါ့)။

အရင်ဆုံး ကိုယ်နဲ့ နောက်ထပ် လူတစ်ယောက် လိုပါတယ်။ ပြီးရင်တော့ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးဆုံအောင်ကြည့်ပါ။ ပြီးရင်တော့ ကိုယ်သတ်မှတ်ထားတဲ့ ဘောင်ကျဉ်းကျဉ်းလေးထဲမှာ တွေးခိုင်း ပါ။ ဥပမာ ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ်တွေထဲက အမည်တစ်ခုကို တွေးလိုက်ပါလို့ပြောလိုက်ပေါ့။ ပြီးရင် တစ်ယောက်က သူ့စိတ်ထဲမှာရှိတဲ့ အမည်ကိုတွေးနေပါ။ ကိုယ်ကလဲ သူ့မျက်စိကို ကြည့်ရင်း ကိုယ့်စိတ် ထဲမှာရှိတဲ့ အမည်တစ်ခုကိုတွေးပါ။ (သတိပြုရမှာက စိတ်ခံစားမှုနောက်ကို လိုက်တွေးရမှာပါ။ ဦးနှောက် နဲ့ သူဘာတွေးနေ တာဖြစ်နိုင်လဲဆိုပြီး သုံးလေးခုလောက် မတွေးပါနဲ့။ တစ်ခုထဲပဲ ထင်တဲ့ဟာကို စိတ် မှာ ချက်ချင်းပေါ်လာတာကို ရွေးချယ်ပါ)

ပြီးရင်တော့ နှစ်ယောက်လုံး ပြိုင်တူပြောကြည့်ပါ။ မတူသေးဘူး။ ရတယ် နောက်တစ်ခါပြန်လုပ်။ လေ့ လာချက်တွေအရ တစ်လကနေ သုံးလအတွင်းမှာ လေ့ကျင့်သားဝနေတဲ့သူဟာ A ကနေ Z အထိကို ဘာတွေးနေလဲ ဆိုတာကို ခန့်မှန်းနိုင်ကြပါတယ်။

ခုနကလို မြို့နယ်တွေရဲ့ နာမည်မေးတဲ့အခါ ၅ ခါမှာ ၃ ခါလောက်တူရင်ရပါပြီ။ နောက်တစ်ဆင့် A to Z တို့ ၁ ကနေ ၁၀ အထိတို့ အစရှိသဖြင့် အဆင့်တက်လို့ရပါပြီ။

မျက်လှည့် ပညာရှင်တွေဆိုရင် ဒီနည်းနဲ့ ခန့်မှန်းနိုင်ကြပါတယ်။ နာမည်ကြီးမျက်လှည့်စရာ တစ်ယောက် က လူတစ်ယောက်ကို အေ ကနေ ဇက်အထိ တစ်လုံးကိုတွေးခိုင်းပြီးတော့ ချရေးခိုင်းပါတယ်။ ပြီးတော့ မျက်လှည့်ဆရာက တိုးတိုးလေး သူ့စိတ်ထဲမှာလဲ အေ ကနေ ဇက် အထိကို တစ်လုံးခြင်းရေရွတ်ရင်းနဲ့ မေးခံရသူရဲ့ မျက်လုံးနဲ့ ပါးစပ်တွေကို ကြည့်နေတာဖြစ်ပါတယ်။ မှန်တဲ့စကားလုံးကို သူရေရွတ်လိုက်ရင် အဲဒီလူရဲ့ မျက်လုံးနဲ့ ပါးစပ်တွေ လှုပ်ရှားလာပါတယ်တဲ့။ အဲလိုနည်းနဲ့ မျက်လှည့်ပြတာ ၁၀၀ ရာခိုင်နှုန်း မှန်ကန်ပါတယ်လို့ သူကပြောဖူးပါတယ်။

စိတ်ဟာ အလွန်နက်နဲတယ်လို့ ဆိုတဲ့အတိုင်း တစ်ခုခုဆို စိတ်က အချက်ပြတာတွေရှိပြီးတော့ အဲဒီလို စိတ်စွမ်းအင်တွေကိုတော့ များများလေ့ကျင့်ရင်းနဲ့ ရရှိနိုင်တယ်လို့ သူကပြောပါတယ်။


မောင်စိုင်း
နည်းစနစ်ကျကျအတွေးအခေါ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...