အိမ်ထောင်သက် ၄နှစ်အကြာမှာ ရင်သွေးယူခဲ့တဲ့မျိုးစန္ဒီကျော်
သရုပ်ဆောင်မျိုးစန္ဒီကျော်က ကားရိုက်ရင်း ပွဲတွေတောက်လျှောက်မှာလည်း သီချင်းတွေ ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ သီချင်းတွေလည်း ဆိုဖြစ်နေရင်း တစ်ကိုယ်တော်ခွေထွက်ဖို့ အတွက်လည်း သီချင်းတွေ စုနေတယ်လို့ ပြောပြခဲ့ပြီး လတ်တလောမှာတော့ ရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ အတွက်ကြောင့် ခဏ
နားထားတယ်လို့ ပြောပြခဲ့ပါတယ်။ ကိုဖြိုးကျော်ကျော်မြတ်နဲ့ မျိုးစန္ဒီကျော်တို့က အိမ်ထောင်သက် ၄ နှစ် အကြာမှ ကလေးယူခဲ့တာဖြစ်ပြီး နှစ်ယောက်စလုံးက ဘာလေးလဲဆိုတာ သိချင်နေကြပြီဖြစ်ပါတယ်။ "
အစ်မတို့ အိမ်ထောင်သက်ကလည်း ၄ နှစ်ကျော်ပြီ။ နောက်ပြီးတော့ ဒီနှစ်အတောအတွင်းမှာပဲ ကလေး ယူမယ်လို့ ဆုံးဖြတ်ထားကြတာ။ အစ်မက နဂိုကတည်းက ကလေးလည်း ချစ်တတ်တယ်။ ခုကိုယ့် ကိုယ်တိုင် ရင်သွေးကို ဝမ်းနဲ့လွယ်ပြီး မွေးရတော့မယ်ဆိုတော့ သားလေးပဲရရ၊ သမီးလေးပဲရရ ကိုယ့်ရင်သွေးလေးဖြစ်တဲ့ အတွက် တအားချစ်မှာ။ အစ်မကနဂိုကတည်းက ကျန်းမာရေးကောင်းတယ်။ နဂိုကတည်းက ချူချာတာတွေ ဘာတွေမရှိဘူး။
ခုဒီကိုယ်ဝန်ကို လွယ်ထားတဲ့အချိန်မှာလည်း တစ်ခုကံကောင်းတာက မူးတာတို့ အန်တာတို့မရှိဘူး။ တချို့ဆို ကိုယ်ဝန်ရှိချိန်မှာ မူးတာတွေ၊ အန်တာတွေဖြစ် တယ်။ အစ်မ အဲဒါမျိုးတွေ တစ်ခုမှမရှိဘူး။ ဘာမှလည်း မခံစားရဘူး။ အစားအသောက်လည်း ကောင်းတယ်။ သွားရလာရတာလည်းပေါ့တယ်။ ကိုယ်ဝန်ရှိတယ်လို့တောင် မခံစားရဘူး။
ခုကိုယ့်ရင်သွေးလေးကို လွယ်ထားရပြီဆိုတဲ့ အချိန်ကျမှ မိခင်မေတ္တာကို ပိုပြီးနားလည်လာတယ်။ ဒီနှစ် ကုန်ရင် ကလေးယူမယ်လို့လည်း အစီအစဉ်ရှိပြီးသားပေါ့။ ခုလို ယူမယ့် အချိန်ထက်စောပြီးရလာတဲ့ အတွက် အစ်မရော၊ အစ်မ အမျိုးသားပါ နှစ်ယောက်စလုံး ပျော်နေကြတယ်။ ခုလောလောဆယ်လည်း အနုပညာအလုပ်တွေ နားထားတယ်။
အစ်မတို့က အသက် ၃ဝ လောက်မှ ကလေးမွေးရတာဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကိုယ့်ကျန်းမာရေးထက် ကလေးလေးရဲ့ကျန်းမာရေးက အရေးကြီးတ့အတွက် ခဏနားထားတာ။ အစ်မခု ၄ လ ပဲရှိ သေးတယ်
ဆိုတော့ အာထရာဆောင်း ရိုက်လို့မရသေးဘူး။ ကြိုတင်ပြင်ဆင်ပြီးတော့ လိုအပ်တာလေးတွေ ဝယ်ထား ချင်တယ်။
အထရာ ဆောင်းရိုက်လို့ရပြီဆိုတာနဲ့ အစ်မက သွားရိုက်မှာ တအားသိချင်နေပြီ" လို့မိခင် တစ်ယောက် ရဲ့စိတ်လှုပ်ရှားမှုကို ပြောပြခဲ့ပါတယ်။ ရင်သွေးလေးကိုဝိတိုရိယ ဆေးရုံမှာပဲမွေးဖွားမှာ ဖြစ်ပြီး ပါမောက္ခဒေါက် တာဦးသိန်းမြင့် သူနဲ့ အပ်ထားတယ်လို့ သိရပါတယ်။
သိမ့်သိမ့်
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)