စပါးကြီး မြွေလေးကောင်က လူကိုနှိပ်နယ်ပေး



ဆီဘူး- ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့ရဲ့အပန်းဖြေတိရစ္ဆာန်ဥယျာဉ်ကို လာရောက်လည်ပတ်ကြ သူတွေအတွက် ထူးခြားတဲ့ အနားယူနိုင်စရာ အခွင့်အရေးအနေနဲ့ စပါးကြီးမြွေ လေးကောင်က အညောင်းပြေနှိပ်နယ်ပေးနေ တယ်လို့ ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြထားပါတယ်။

အဆိုပါတိရစ္ဆာန်ဥယျာဉ်မှာရှိတဲ့ စပါးကြီးမြွေများရဲ့အမည်ကတော့Michelle, Walter, EJ နဲ့ Daniel လို့ သိရပြီး သူတို့တွေဟာ ဥယျာဉ်ကိုလာရောက်တဲ့ ဧည့်သည်များကို အန္တရာယ်မပြုဘဲ အညောင်း ညာပြေအောင် နှိပ်နယ်ပေး ပါတယ်။ အဆိုပါစပါးကြီးမြွေများရဲ့အလေးချိန်ကတော့ ပေါင် ၅၅ဝ ခန့်ရှိကြ တယ်လို့ တိရစ္ဆာန် ဥယျာဉ်ဝန်ထမ်းများက ပြောဆိုခဲ့ပါတယ်။

ဆီဘူးမြို့ရဲ့ တိရစ္ဆာန်ဥယျာဉ်ကို သွားရောက်အပန်းဖြေခဲ့တဲ့ စေတနာ့ဝန်ထမ်းတစ်ဦး Ian Maclean က ''ကျွန်တော် ဆီဘူးတိရစ္ဆာန်ဥယျာဉ် ကို သွားရောက်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် ဝါးအိပ်ရာခင်းမှာ လဲလျောင်းခဲ့ပြီး နောက် အံ့သြစွာ စပါးကြီးမြွေလေးကောင်က လာရောက်နှိပ်ပေးပါတယ်။ သူတို့ဟာ လူတွေကိုအန္တရာယ်မပြုပါဘူး''လို့ ဒေးလီးမေးလ်ကို ပြောဆိုခဲ့ပါတယ်။

Ref: Daily Mail
Flower News Journal
အတွဲ ၁၀ ၊ အမှတ် ၂၁ | (3-9 , 6 , 2014) တနင်္ဂနွေနေ့ထုတ် ဂျာနယ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...