ဥာဏ်ကောင်းစေရန် တစ်ခုတည်းသော နည်းလမ်း



မိတ်ဆွေ သူငယ်ချင်းများက စသလိုလို နဲ့ အတည်ပေါက် မေးလာတာများလို့ ဒီတစ်လော သေချာစဉ်း စားပြီး သိရှိလာတဲ့ တွေ့ရှိချက်တစ်ခု ဖြစ်ပါတယ်။ ယင်း တွေ့ရှိချက်အရ ဥာဏ်ကောင်းစေရန် နည်းလမ်း တစ်ခုတည်းသာ ရှိပါတယ်။ ဘာဆေးမှ သောက်လို့ မရ၊ ဘယ် နတ်သကြားမှ မဖန်ဆင်း၊ မဖန်တီး ပေးနိုင်တာဟာ ဥာဏ်ကောင်ခြင်း ဖြစ်ပါတယ်။ စလေ့လာ ကြည့်ရအောင် -

အာခီးမီးဒစ်စ်

ဘီစီ ၂၁၀ ကျော်တုန်းက ဖြစ်ပါတယ်။ ဘုရင်ကြီးရဲ့ ရွှေပျောက်တဲ့အမှု ဖြေရှင်း မရတဲ့ အဆုံး ရေစိမ်ချိုး ပါတယ်။ ရေဇလုံထဲ ကိုယ်တစ်ခုလုံး ဝင်လိုက်ချိန် သူ့ခန္ဓာကိုယ်နဲ့ ထုထည် တူညီတဲ့ ရေပမာဏ ထွက် သွားတာကို တစိမ့်စိမ့် ထိုင်တွေးရင်းနဲ့ပဲ Archimedes' principle လို့ခေါ်ကြတဲ့ အီးကွေးရှင်း တစ်ခုကို ဖော်ထုတ် နိုင်ခဲ့ ပါတယ်။

နယူတန်

ဘာရယ်လို့ မဟုတ် သစ်ပင်အောက်မှာ ထိုင်နေတုန်း ပန်းသီး ကြလာတာကို တစ်စိမ့်စိမ့် ကြည့်တွေးရင် Gravity Law ကို ရှာဖွေ တွေ့ရှိသွားသတဲ့။ သာမန် လူတစ်ယောက်ဆိုရင် ပန်းသီး ကောက်စားရုံ ပြီးသွား မယ့် ကိစ္စ သူ့အတွက် ကျတော့ တွေးစရာ အများကြီး ဖြစ်ခဲ့ ပါတယ်။

အိုင်းစတိုင်း

အိုင်းစတိုင်း အကြောင်း ပြောစရာမလို ငယ်ငယ်လေး ကတည်းက သာမန် လူတွေနဲ့ မတူပဲ အမြဲ တွေးခေါ်တတ်၊ တီထွင်ဆန်းသစ် တတ်တဲ့သူ ဖြစ်ပါတယ်။

အမြင့်မြတ်ဆုံး လူသား ဖြစ်တဲ့ ဂေါတမ မြတ်စွာဘုရားကို ကြည့်ရအောင် လူတစ်ယောက် ရဲ့ အို၊နာ၊သေ အခြင်းအရာ သုံးပါးကို မြင်ရုံနဲ့ သံဝေဂ ဥာဏ် တည်ပြီး မင်းအဖြစ်ကို စွန့်လွတ်လို့ တောထွက် သွားပါ တယ်။ နောက်တော့ သဗ္မေညုတ ဥာဏ်တော်တည်ပြီး ဘုရား ဖြစ်ခဲ့ပါတယ်။

တွေ့ရှိချက်

အထက်ပါ ဥပမာအပြင် အခြားသော လူပုဂ္ဂိုလ်ဥပမာ များစွာ ရှိနေပါ သေးတယ်။ အားလုံးကို ခြုံငုံ ကြည့် လိုက်ရင် တူညီတဲ့ အချက်တစ်ချက်ကိုသာ သွားတွေ့ပါတယ်။ ယင်းဟာ 'နက်နက်နဲနဲ တွေးခေါ်ခြင်း' ဖြစ်ပါတယ်။

ရေဇလုံထဲက ရေထွက်ရုံဆို ရေလျှံတယ်ပဲ မြင်လိမ့်မယ်။ ပန်းသီးကျရင် ကောက်စားဖို့ပဲ မြင်လိမ့်မယ်။ အို၊နာ၊သေ မြင်ရုံလေးဆို ဖျော်ဖြေရေး တစ်ခုလောက်သာ ထင်လိမ့်မယ်။ ဒါတွေကို အပေါ်ယံအမြင်အသိ၊ (မျက်စိ) အသိကနေ ဥာဏ်အပေါ်ယံလွှာ အသိကို ဝင်တဲ့အခါ အော် ဒါဟာပန်းသီးပါလား၊ ရေလျှံတာ ပါလား၊ အို၊နာ၊သေမလွယ်ပါလား။ ဒီလောက်ပဲ သိပါလိမ့်မယ်။ တကယ် နက်နက်နဲနဲ တွေးတဲ့အခါ ရေလျှံတာ ဘာကြောင့်လဲ။ ပန်းသီးကြွေတာ ဘာလို့အပေါ်ကို ထောင်မတက်ပဲ မြေကြီးပေါ်ကို ကျတာလဲ။ လူတွေ ဘာကြောင့် ကောင်းကင်ကို ဇောက်ထိုး လမ်းမလျှောက်နိုင်ပဲ မြေကြီးကို ခြေတည်လို့ လမ်းလျှောက်ကြသလဲ၊ အို၊နာ၊သေ သံသရာမှာ လူတွေ ဘာကြောင့် ကြင်လည် နေရသလဲ အစရှိသဖြင့် အဆင့်ဆင့် နက်နက်နဲနဲ တွေးတဲ့အခါ သာမန်လူတွေ မသိနိုင်တဲ့ အရာတွေ သိလာပါတယ်။

သာမန်လူတွေ မသိနိုင်တဲ့ အရာများကို သိရှိလို့ ပြန်လည် ဖော်ထုတ် ပြသ ပေးလိုက်တဲ့အခါမှာ ဒီလူဟာ တော်တယ်၊ ထူးချွန်ထက်မြတ်တယ်၊ ဥာဏ်ကောင်းတယ် အစရှိသဖြင့် ပြောစမှတ်ပြု၊ အသိအမှတ်ပြု ခံရ ပါတယ်။

ဒီလောက်ဆို စာဖတ်သူတို့ နားလည် လောက်ပြီ ထင်ပါတယ်။ အစားကောင်းမစားရတာ၊ မကောင်းတဲ့ ပတ်ဝန်းကျင်မှာ မွေးဖွားရတာ၊ ဆင်းရဲ တာဟာ ဥာဏ်မကောင်းခြင်း၊ ဥာဏ်ထိုင်းခြင်းရဲ့ အကြောင်းပြ ချက် မဟုတ် ပါဘူး။ စဉ်းစားတွေးခေါ်မှု မရှိခြင်းကသာ ဥာဏ်နည်းခြင်းရဲ့ အကြောင်းပြချက် ဖြစ်ပြီး နက်နက်နဲနဲ တွေးခေါ် မျော်မြင် တတ်ခြင်းက ဥာဏ်ကောင်းခြင်းရဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။

မိမိ လျှောက်လမ်းနေတဲ့ လမ်းကြောင်း၊ ပညာရပ်၊ အသက်မွေးဝမ်းကျောင်း ပညာ တိုင်းမှာ နက်နက်နဲနဲ တွေးခေါ် စရာတွေ အများကြီးပါ။ ယင်းသို့ အာရုံ စူးစိုက် တွေးခေါ် လုပ်ကိုင်တဲ့ အလေ့အကျင့် များလာရင် ကြိမ်းသေ ဥာဏ်ကောင်းလာမှာ ဖြစပါတယ်။ အားလုံးကို လေ့ကျင့်ယူကြဖို့ စာရေးသူ အကြံပေး လိုက်ပါ တယ်။ 


အောင်ခမ်း (ရိုးရာလေး)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...