နယ်သာလန်တွင် ငါးနှစ်အတွင်း မောင်းသူမဲ့ ထရပ်ကားများ အသုံးပြုရန် စီစဉ်နေ


Volvo မှ ပထမဦးဆုံး မောင်းသူမဲ့ကားများအား ဆွီဒင်နိုင်ငံရှိ လမ်းမများပေါ်တွင် စမ်းသပ်မောင်းနှင်နေ စဉ်

ဒတ်ခ်ျအာဏာပိုင်များသည် လာမည့်နှစ်အနည်းငယ်အတွင်း ရော့တာဒမ်မြို့နှင့် အခြားမြို့များတွင် မောင်း သူမဲ့ ထရပ်ကားများကို အသုံးပြုရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

အဆိုပါ မောင်းသူမဲ့ ထရပ်ကားများကို ကွန်ပျူတာဖြင့် စမ်းသပ်မောင်းနှင်စေခြင်းအပြင် သီးသန့်လမ်း များပေါ်တွင်လည်း စမ်းသပ်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

နယ်သာလန်မှ တာဝန်ရှိသူများသည် အများပြည်သူလမ်းမပေါ်တွင် မောင်းသူမဲ့ကားများ စမ်းသပ်ပြေး ဆွဲရန် မော်တော်ယာဉ်ဥပဒေကို လေ့လာဆန်းစစ်မှုများ ပြုလုပ်နေကြောင်း အခြေခံအဆောက်အအုံနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး မီလန်နီရှူဇ့်က ပြောကြားခဲ့သည်။

အခြေခံအဆောက်အုံဆိုင်ရာ ဝန်ကြီးသည် လာမည့်နှစ်တွင် မောင်းသူမဲ့ထရပ်ကားများ စမ်းသပ်မှုပြုလုပ် ရန် ဥပဒေတစ်ရပ် တင်သွင်းသွားမည် ဖြစ်သည်။

ထိုသို့ မောင်းသူမဲ့ထရပ်ကားများ စမ်းသပ်ရာတွင် အထောက်အပံ့ဖြစ်စေရန် အတွက် တိကျသည့် လမ်း များနှင့် အခြေအနေများ အနှစ်ချုပ်ကို ဖော်ပြရန် စီစဉ်နေကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ ငါးနှစ်စီမံကိန်းကို သုတေသီများနှင့် ကုမ္ပဏီများအပြင် နယ်သာလန် ပို့ဆောင်ဆက်သွယ်ရေး အာဏာပိုင်များ၊ DAF Trucks ကုမ္ပဏီ၊ ရော့တာဒမ်ဆိပ်ကမ်းနှင့် အသုံးချသိပ္ပံဆိုင်ရာ သုတေသန အဖွဲ့ အစည်း(TNO) တို့ ပူးပေါင်း၍ လွှတ်တော်အတွင်းသို့ တင်သွင်းထားကြောင်း သိရသည်။

TNO အဖွဲ့အစည်းအနေဖြင့် လာမည့်နှစ်တွင် မောင်းသူမဲ့ ထရပ်ကားများကို ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်မှု ပြုလုပ်ရန် ဆန္ဒရှိနေကြောင်း TNO ၏ ပြောရေးဆိုခွင့်ရှိသူ ဘတ်ရှန်စ်ခရော့စ်က ပြောကြားခဲ့ သည်။ 



Ref: AutoWorldNews
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...