ယုံချင်စရာမကောင်းသူတွေရဲ့ ပြောလေ့ပြောထရှိတဲ့စကားများ


မေသော် on 2014-06-18 15:27

လူတစ်ချို့ဟာ သူတို့တကယ်မလုပ်ပဲ၊ မရည်ရွယ်ပဲ ပါးစပ်ထဲရှိရာ ပြောသွားတတ်လေ့ ရှိပါတယ်။ မကောင်းတတ်လို့ ပြောလိုက်ရတာမျိုး၊ ဒါမှမဟုတ် ဖောလိုက်ရတာမျိုးပေါ့။ ဒီလူငါ့ကို ဖောနေပြီလား ဆိုတာကိုတော့ သူတို့ပြောတဲ့ စကားတွေကို နားထောင်လိုက်တာနဲ့ ခန့်မှန်းကြည့်လို့ရပါပြီ။

၁။ပြီးတာပဲလေ။

တစ်ခုခုပြောလိုက်တာနဲ့ ရတယ်။ ပြီးတာပဲ စတာတွေကို အတည်မဟုတ်ပဲ လွယ်လွယ်ကူကူ ပြောလေ့ ရှိတဲ့ လူတွေရှိပါတယ်။

၂။တစ်ရက်လောက် တွေ့ပြီး သောက်ကြမယ်လေ။

ဘယ်ရက်မှန်းလည်း မသိ၊ သေချာလည်း မပြော ဒီလိုပဲတွေ့တိုင်း တစ်ရက်၊ တစ်ရက်ဆိုပြီး ချိန်းတတ်တဲ့ သူမျိုးတွေကလည်း ယုံကြည်လို့ မရပါဘူး။

၃။ရောက်တော့မယ် ခဏစောင့်ပေး။

ခုမှ အိမ်ကထွက်လာတာ တစ်မိနစ်တောင်မရှိသေးဘူး၊ ဘယ်ရောက်နေပြီလဲ လို့မေးရင် ရောက်တော့ မယ်ဆိုပြီး ပြောတတ်တဲ့ သူတွေကလည်း ယုံကြည်လို့မရတဲ့သူတွေထဲမှာ ပါဝင်ပါတယ်။

၎။ကိစ္စမရှိပါဘူး။

စိတ်ထဲမှာကတော့ နည်းနည်းငြိုငြင်သွားပါပြီ။ ပါးစပ်ကတော့ ကိစ္စမရှိပါဘူးလို့ ပြုံးပြုံးလေး ပြောနေလေ ရဲ့။

၅။ခု ကားထဲမှာဖြစ်နေလို့ ခဏနေမှ ဖုန်းပြန်ခေါ်ပါလား။

တစ်ချို့တစ်လေကတော့ တကယ်ကို လူကြားထဲ စကားမပြောတတ်လို့ ဖြစ်နိုင်ပါတယ်။ တစ်ချို့ကတော့ မပြောချင်လို့၊ အာရုံနောက်လို့ ခုလို ပြောတာပါ။

၆။ခေါင်းကိုက်တယ်၊ နေမကောင်းလို့ မတွေ့လောက်တော့ဘူး။

မသွားချင်၊ မလာချင်ဖြစ်လာတဲ့အခါ ခပ်တည်တည်ပဲ နေမကောင်းလို့နော်ဆိုပြီး အစီအစဉ်ဖျက်တတ်တဲ့ သူတွေကလည်း ယုံကြည်စရာမကောင်းတဲ့သူတွေပါပဲ။

၇။အဲ့လိုအကွက်တွေလုပ်တာ မကြိုက်ဘူး။

ကိုယ်ကိုယ်တိုင်ကတော့ ဟိုရွှေ့ဒီရွှေ့အကွက်တွေ လုပ်ချင်လုပ်မယ်။ သူများလုပ်တာကိုတော့ သည်းမ ခံနိုင်ဘူးဆိုတဲ့ လူစားမျိုးတွေပါပဲ။

၈။ဟားဟား ရယ်ရတယ်။

ရယ်စရာကိစ္စမဟုတ်တာကိုလည်း ရယ်မောနေတာမျိုး၊ ပြုံးပြုံးကြီး လုပ်နေတာမျိုးဆိုရင် ဒါဘာသဘောလဲ လို့ ထင်ချင်စရာပေါ့။


Ref:cosmopolitan.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...