ကိုယ်အလေးချိန်ချပေးသော ခွဲစိတ်ကုသမှုများက အ၀လွန်သူများကို ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျစေနိုင်

Health Updates Journal No. 122
ကိုယ်အလေးချိန် ချပေးတဲ့ ခွဲစိတ်ကုသမှုများဟာ အ၀လွန်သူတွေကို ကင်ဆာဖြစ်နိုင်ချေကို ပုံမှန်ကိုယ် အလေး ချိန် ရှိသူတွေလိုပဲ ဖြစ်စေနိုင် တယ်လို့ ဆေးပညာ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဒီလိုကိုယ်အလေးချိန် ကျဆင်းအောင်ပြုလုပ်တဲ့ ခွဲစိတ်မှုကို Bariatric Surgery လို့ ဆေးပညာအရ ခေါ် ဆိုပြီး လူနာရဲ့အစာအိမ်ကိုအစာလက်ခံနိုင်တဲ့ ဧရိယာပိုနည်းသွား အောင်ပြုလုပ်တဲ့ ခွဲစိတ်မှုဖြစ်ပြီး အစာ အိမ်ရဲ့ အစိတ်အပိုင်းတချို့ကို ဖယ်ရှားကာ အူသိမ်နဲ့ တိုက်ရိုက်ဆက်ပေးခြင်းလည်း ဖြစ်ပါတယ်။ ဒါဟာ ဆိုးရွားစွာ အ၀လွန်ခြင်းကြောင့် သေဆုံးနိုင်ချေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။
ဘရာဇီးနိုင်ငံ၊ Rio Grande တက္ကသိုလ်မှ သုတေသီ Daniela Casagrande နဲ့အဖွဲ့ဟာ bariatric ခွဲစိတ် မှုဟာ အ၀လွန်ခြင်းရဲ့ နောက် ဆက်တွဲ ပြဿနာတွေအပြင် ကင်ဆာ ရောဂါကိုပါ ဖြစ်ပွားမှုနှုန်းနည်းပါးခြင်း ကို သက်သေပြနိုင်ဖို့ သုတေသနပေါင်းများစွာ ပြုလုပ်ခဲ့ရပါတယ်။ ယခုသုတေသနကိုတော့ မခွဲစိတ်ရင် သေဆုံးနိုင်ဖို့ အခွင့်အလမ်းများနေတဲ့ ကိုယ်အလေးချိန် ပေါင်၄၀၀အထက် အ၀လွန်သူတွေကို ပြုလုပ်ခဲ့ တာဖြစ် ပါတယ်။
ခွဲစိတ်မှုကိုပြုအပြီး ၂၃နှစ်အတွင်းမှာ ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ချေဟာ လူတစ်ထောင်မှာ ၁.၀၆ ဦးရှိပြီး ဒါဟာ ကိုယ်အလေးချိန် ပုံမှန်ရှိသူတွေနဲ့ တူညီလုနီးပါးရလဒ် ဖြစ်ပါတယ်။ ခွဲစိတ်မှုမပြုရင်တော့ အ၀လွန်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေ အရရော၊ ကင်ဆာ ဖြစ်ပွားနိုင်ချေ မြင့်မားတာကြောင့်ရော သေဆုံးနိုင်ချေဟာ အဆိုပါရလဒ်ထက် ထက်ဝက်ကျော် များပြားနေတယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ယခုလေ့လာမှုကို Springer’s Jounral of Obesity Surgery မှာ ဖော်ပြထားပါတယ်။
ငြိမ်းအေး
ref;ANI
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)