ဆင်းရဲ၊ ချမ်းသာနှင့် ကင်ဆာရောဂါ
Health Updates Journal No. 120
New York State Cancer Registry မှ လေ့လာသူများ၏အဆိုအရ လူတစ်ဦးတစ်ယောက်၏ စီးပွားရေး အခြေအနေနှင့် ကင်ဆာရောဂါ ဖြစ်ပွားသည့် အမျိုးအစားမှာ ဆက်စပ်နေကြောင်း သိရသည်။
ယင်းဌာနမှ သုတေသီများက ၂၀၀၅ မှ ၂၀၀၉ အတွင်း ပြည်နယ်ပေါင်း ၁၆ ခုမှ ကင်ဆာဖြစ်သူပေါင်း ၃ သန်းအား လေ့လာပြီးနောက် ယင်းတွေ့ရှိချက် အား ဖော်ပြခဲ့ခြင်းဖြစ်သည်။ လေ့လာမှုတွင် ကင်ဆာဖြစ် ပွားသူများအား သန်းခေါင်စာရင်း စစ်တမ်းများအရ ပိုင်ဆိုင်မှုနှင့် အညီ အုပ်စုခွဲ၍လေ့လာခဲ့ကြသည်။ ထိုအခါ ကင်ဆာ ၃ မျိုး အနက် ၃၂ မျိုးမှာ ဆင်းရဲနွမ်းပါး မှုနှင့်ဆက်စပ်နေကြောင်း တွေ့ခဲ့ရသည်။
ဥပမာအားဖြင့် အဆင်းရဲဆုံး ဒေသတွင် နေသူများက လည်ချောင်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ လိင်အင်္ဂါကင်ဆာနှင့် အသည်းကင်ဆာတို့အဖြစ်များပြီး၊ ချမ်းသာသော ဒေသတွင်နေသူများက အရေပြား ကင်ဆာ၊ သိုင်းရွိုက်ကင်ဆာနှင့် ဝှေ့စေ့ကင်ဆာတို့အဖြစ်များကြောင်း တွေ့ခဲ့ရသည်။
ထို့ပြင် ဆင်းရဲသား ဒေသ၌ နေသူများတွင်ဖြစ်ပွားသည့် ကင်ဆာများမှာ ဖြစ်ပွားမှုနည်းသော်လည်း အသေအပျောက်များသော ကင်ဆာအမျိုးအစားဖြစ်ပြီး၊ ချမ်းသာသောဒေသတွင်နေသူများ၌ဖြစ်သော ကင်ဆာများမှာ ဖြစ်ပွားမှုများပြီး အသေအပျောက်နည်းသော ကင်ဆာများဖြစ်ကြောင်း တွေ့ရသည်။
မိုင်ကိ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)