ဘောလုံးလောကရဲ့ နေရာလိုက်ဈေးကွက်တန်ဖိုးအကြီးမားဆုံး ကစားသမား ၁၁ ယောက်အသင်း ထွက်ပေါ်လာ
Angel on 2014-06-05 17:00
ဆွစ်ဇာလန်တက္ကသိုလ် နဲ့ OptaPro အားကစားကုမ္ပဏီတို့ ပူးတွဲပြုလုပ်တဲ့ လေ့လာရေးအဖွဲ့ ကနေ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဥရောပရဲ့ အကြီးမားဆုံးလိဂ်ပြိုင်ပွဲငါးခုက နေရာလိုက်တန်ဖိုး အကြီးဆုံး ကစားသမားတွေရဲ့ တန်ဖိုးကို တွက်ချက်ပြီး ရွေးချယ်ခဲ့တာပါ။
ဈေးကွက်တန်ဖိုးအမြင့်မားဆုံး ၁၁ ယောက်အသင်းကို ၄-၄-၂ ကစားကွက်နဲ့ စီစဉ်ထားပြီး ထူးခြားချက် အနေနဲ့  ဆောက်သမ်တန်နောက်ခံလူ Luke Shaw နဲ့ စပါးနောက်ခံလူ Walker တို့ ပါဝင်လာခဲ့ပါတယ်။
ဒီအသင်းရဲ့ တန်ဖိုးအကြီးမားဆုံးကစားသမားကတော့ Messi ဖြစ်ပြီး တန်ဖိုး ပေါင် ၁၇၅.၆ သန်းဖြစ်ကာ၊ ပြိုင်ဘက် Cristiano Ronaldo ကတော့ ပေါင် ၉၂.၇ သန်းနဲ့ ဖြစ်ပါတယ်။
ပြောင်းရွှေ့ ကြေးတန်ဖိုးအမြင့်ဆုံး ၁၁ ယောက်အသင်းမှာတော့ Ronaldo နဲ့ Gareth Bale တို့ သာ ပါဝင် ခဲ့ပြီး Messi ကတော့ ကလေးဘ၀ကတည်းက ဘာစီလိုနာမှာကစားခဲ့သူမို့ အသင်းပြောင်းရွှေ့ ဖူးခြင်း မရှိသေးတဲ့ အတွက် ပါဝင်မလာခဲ့ပါဘူး။ ပြောင်းရွှေ့ ကြေးအမြင့်မားဆုံး အသင်းမှာ မန်ယူနောက်ခံလူ Ferdinand နဲ့  ဂျူဗင်တပ် ဂိုးသမား Buffon တို့ ပါဝင်လာခဲ့ပါတယ်။
နေရာလိုက် ပြောင်းရွှေ့ ကြေးတန်ဖိုးအမြင့်မားဆုံး ကစားသမား ၁၁ ဦး ( ယူရိုငွေဖြင့်)
Ref: Metro.co.uk
Trend Myanamr
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) အွန်လိုင်းရည်းစားကိုအပြင်မှာတွေ့လိုက်ရသောကြောင့် လေးထပ်မှ ခုန်ချသတ်သေသွား လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး
- (အနောကျသို့) Huawei C8815 Invalid Card Error ရှင်းမယ် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး