အမှုဖွင့်သော မိန်းကလေးနှင့် ကြည်လင်း ဇွန်လ ၁၉ ရက်တွင် လက်ထပ်

ရန်ကုန် ယူနိုက်တက် ဘောလုံး ကလပ်အသင်း ကွင်းလယ်ကစားသမား ကြည်လင်းသည် ဇွန်လ ၁၉ ရက်က ၎င်းချစ် သူမိန်းကလေး မိဘများထံ တောင်းရမ်း လက်ထပ်ခဲ့ကြောင်း သတင်းရရှိသည်။
‘‘ကိုကြည်လင်း လက်ထပ် ပြီးသွားပါပြီ။ မိန်းကလေးရဲ့ အဘွားအိမ်မှာ ဟိုဘက်မိဘ၊ ဒီဘက်မိဘတွေ့ပြီး ရပ်ကွက်လူ ကြီးအသိသက်သေရှေ့ခုနစ်အိမ်၊ နောက်ခုနစ်အိမ်ဖိတ်ပြီး ဗုဒ္ဓဘာ သာထုံးတမ်းစဉ်လာ အရ လက် ထပ်ယူခဲ့တယ်။ ဒီနေ့ညနေ ၄ နာရီခွဲမှာ လက်ထပ်ခဲ့တယ်။ မင်္ဂ လာဧည့်ခံပွဲကိုတော့ ဒီတစ်လ၊ နှစ်လအတွင်း လုပ်ဖြစ်မှာပါ’’ဟု ကြည်လင်း၏ မင်္ဂလာကိစ္စလိုက် လုပ်ဆောင်ရွက်ပေးသူ ကိုမျိုးမြင့် သောင်းက ဇွန်လ ၁၉ ရက် ည နေတွင် ပြောသည်။
မင်္ဂလာဧည့်ခံပွဲ ကိစ္စဖြင့် ပတ်သက်၍ ပြုလုပ်ကျင်းပမည့် ဧည့်ခံပွဲ နေရာကို လေ့လာစုံ စမ်းရဦးမည်ဖြစ်ပြီး ရက်ကောင်း ရက်မြတ် ရွေးချယ်ရဦးမည်ဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောသည်။ အဆိုပါလက်ထပ် ပွဲမတိုင်မီ ဘောလုံးသမား ကြည် လင်းက ၎င်းတို့နှစ်ဦးသည် ချစ်သူ ဖြစ်ကြောင်းနှင့် မိန်းကလေး၏ မိဘ များဘက်မှ နားလည်မှုလွဲ၍ ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဇွန်လ ၁၈ ရက် ည ၁၂ နာရီဝန်းကျင် အချိန်က ရေး သားဖော်ပြခဲ့သည်။
လက်ရွေးစင် ဘောလုံး သမားဖြစ်သူ ကြည်လင်းအား ကမာရွတ်မြို့နယ် ရဲစခန်းတွင် ဇွန်လ ၁၆ ရက် အမှုဖွင့် တိုင်ကြားခံခဲ့ရပြီး ပုဂ္ဂလိက သတင်းစာများ၌ ဇွန်လ ၁၉ ရက်တွင်ကျယ်ပြန့်စွာ ပါရှိလာသည်။ လက်ထပ်ပွဲကို ဇွန်လ ၁၉ ရက် ညနေ ၄ နာရီခွဲအချိန်တွင် တာမွေမြို့နယ် အတွင်းရှိ မိန်းက လေး၏ အဘွားဖြစ် သူနေအိမ် ၌ နှစ်ဖက်မိဘလူကြီးစုံရာ ရှေ့မှောက်တွင် လက်ထပ် ထိမ်းမြား ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကြည်လင်းထံသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မေးမြန်း ၍ မရရှိခဲ့ပေ။ အဆိုပါနှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိခဲ့၍ လတ်တလော ဖွင့်ဆိုထားသည့် အမှုအား ရုပ် သိမ်းထားခြင်း ရှိ၊မရှိ ကမာရွတ် မြို့နယ် ရဲစခန်းသို့ ဇွန်လ ၁၉ ရက် ညနေက ဆက်သွယ်မေးမြန်းခဲ့ရာ စခန်း တာဝန်မှူးက ‘‘အခုထိတော့ အဲဒီသတင်းနဲ့ ပတ်သက်လို့ ဘာမှလာမပြောသေးဘူး။ သူတို့ဘက်က အကြောင်း ကြားတာမရှိသေးဘူး’’ ဟု ပြန်လည်ဖြေကြားသည်။
7Day News Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)