၉ ပေရှည်တဲ့ ငါးမန်းကြီးကို ဘယ်လိုသတ္တဝါကြီး စားလိုက်သလဲ ???

သြစတေးလျ ပင်လယ်ပြင် တခုမှာ ၉ ပေအရှည်ရှိတဲ့ ငါးမန်းဖြူကြီးတကောင်ကို ရေထဲက သတ္တဝါ တကောင်က ကိုက်စားခဲ့ပါတယ်။


ငါးမန်းဖြူတကောင်၊ ဓာတ်ပုံ- The Mirror

ဒီဖြစ်ရပ်ကြောင့် လူတွေလည်း နောက်ဆိုရင် ပင်လယ်ပြင်ခရီးသွားရင် လက်ရှိ လှေသင်္ဘောတွေထက် ကြီးတာနဲ့ သွားမှ ဖြစ်မယ်လို့ တွေးလာကြတယ်တဲ့။

သြစတေးလျ သိပ္ပံပညာရှင်တွေအပြောအရ ဒီလောက် ကြီးတဲ့ ငါးမန်းကို စားတာ Godzilla ( ဂေါ်ဇီလာ) သို့မဟုတ် Kraken ( ပင်လယ်ရေဘဝဲကြီး ) ထက် ကြီးတဲ့ Sea Monster တကောင်ကများ ကိုက်စားတာ လားလို့ ယူဆတာမျိုးလည်း ရှိပါသတဲ့။ Sea Monster ဆိုတာ ဒဏ္ဍာရီလာ ပင်လယ် နဂါးကြီးလိုဖြစ်မယ် ထင်ပါတယ်။

ဘာကြောင့်လည်း ဆိုတော့ ငါးမန်းကို ခြေရာခံနိုင်တဲ့ ကိရိယာတခု တပ်ပေးပြီး စောင့်ကြည့်ခဲ့တယ်တဲ့။ ပထမတော့ ငါးမန်းကို လွှတ်လိုက်ပြီး ၂ လလောက်ကြာတော့ ကမ်းခြေနား ပြန်ရောက်လာခဲ့တယ်တဲ့။

ဒါနဲ့ တနေ့ စောင့်ကြည့်နေတုန်း ငါးမန်းကြီးက ပင်လယ်ရေမျက်နှာပြင် အပေါ်ယံနားကနေ ရုတ်တရက် ဆိုသလို သမုဒ္ဓရာ ကြမ်းပြင်ဆီ ပေ ၁၉၉ဝ လောက်ထိ ဆွဲချသွားတယ်လို့ ခြေရာခံ ကိရိယာက ညွှန်ပြ တယ်လို့ ဆိုတယ်။

ပညာရှင်တွေ တပ်ထားတဲ့ ခြေရာခံကိရိယာလည်း အပူချိန်တွေ မြင့်တက်လာတာ သိရပြီး ဒါဟာ အစာ အိမ်တခုထဲ က အပူရှိန်မျိုး ဖြစ်မယ်လို့ ယူဆကြပါသတဲ့။ အခုထိတော့ ငါးမန်းကြီးကို ဘယ်သတ္တဝါ စားလိုက်သလဲဆိုတာ ပဟေဠိဖြစ်နေဆဲပါဘဲတဲ့။ သုတေသနပြုထားတဲ့ မှတ်တမ်းကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။ 


အိမ့်သံစဉ် ~ ဧရာဝတီ
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...