နိုင်ငံတကာ အာကာသစခန်း နှင့် ကမ္ဘာ့ဖလား ဘောလုံးကွင်း


ယခု ဘရာဇီးနိုင်ငံမှာ ယှဉ်ပြိုင်နေတဲ့ ကမ္ဘာ့ဖလား ဘောလုံးကွင်းနဲ့ အာကာသထဲမှာရှိတဲ့ နိုင်ငံတကာ အာကာသစခန်းတို့ရဲ့ အရွယ်အစားကို နှိုင်းယှဉ်ကြည့်တဲ့အခါ....

နိုင်ငံတကာ အာကာသစခန်းမှာ ပါရှိတဲ့ ကြီးမားတဲ့ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားကြီးများ အပါ အ၀င် သူ့ရဲ့ ဧရိယာ စုစုပေါင်းဟာ ဘောလုံးကွင်း တစ်ကွင်းစာ အပြည့် ရှိပါတယ်။ နိုင်ငံတကာ အာကာ သစခန်းဟာ အလေးချိန် ၉၂၄၇၃၉ ပေါင် လေးပါတယ်။ သူဟာ တစ်စက္ကန့်ကို ၄.၇ မိုင် နှုန်းနဲ့ မိနစ် ၉၀ လျှင် ကမ္ဘာကို တစ်ပါတ် ပတ်လျှက်ရှိနေပါတယ်။

နိုင်ငံတကာ အာကာသစခန်းထဲမှာ ဓါတ်ခွဲခန်း၊ အိပ်ခန်း ၆ ခန်း၊ အိမ်သာ ၂ ခန်း၊ အားကစားခန်းမနဲ့ အတူ ၃၆၀ ဒီဂရီကြည့်နိုင်တဲ့ ပြုတင်းပေါက်တစ်ခုလည်း ပါရှိပါတယ်။

အာကာသနှင့် စကြ၀ဠာ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)




ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...