အိုဘားမားလေ့ကျင့်ခန်းလုပ်နေပုံ ဗီဒီယိုဖိုင်ပေါ်ထွက်


Photo - dailymail

ကြံ့ခိုင်ရေးခန်းမ (Gym) သို့သွားရောက်သူ သန်းပေါင်းများစွာကဲ့သို့ပင် သမ္မတအိုဘားမားလည်း သွားရောက်ပြီး ဝိတ်မနေစဉ် ၎င်း၏မျက်နှာမှာ ရှုံ့မဲ့နေသည်။ ဗီဒီယိုဖိုင်တွင် အိုဘားမားသည် ကြံ့ခိုင်ရေး စက်ပေါ်တွင် လေ့ကျင့်ခန်းများအမျိုးမျိုးပြုလုပ်နေသည်။ ၎င်းလေ့ကျင့်ခန်းပြုလုပ်နေပုံကို ဗီဒီယိုရိုက်ကူး၍ အင်တာနက်ပေါ်တင်ခဲ့ရာ အုတ်အော်သောင်းတင်းဖြစ်ခဲ့သည်။

ပိုလန်နိုင်ငံ ဝါဆောမြို့ မာရီးယော့စ်ဟိုတယ်ရှိ ကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွင်း အိုဘားမားလေ့ကျင့်ခန်း လုပ်နေပုံကို ရိုက်ကူးထားသော တစ်မိနစ် ၂၅ စက္ကန့်စာ ဗီဒီယိုဖိုင်သည် ဇွန်လ ၄ ရက်က ထွက်ပေါ်ခဲ့ သည်။

ဟိုတယ်၌တည်းခိုနေသောဧည့်သည်တစ်ဦးက ရိုက်ကူးထားသည့် ယင်းဗီဒီယိုဖိုင်တွင် အိုဘားမားက အနက်ရောင်အားကစားဝတ်စုံဖြင့် လေ့ကျင့်ခန်းများပြုလုပ်နေသည်ကိုတွေ့ရသည်။ အိုဘားမားသည် သုံးနိုင်ငံဥရောပခရီးစဉ်အစဖြစ်သော ဇွန်လ ၃ ရက်က မာရီးယော့စ်ဟိုတယ်၌နေထိုင်ခဲ့သည်။

သမ္မတနောက်သို့ အမြဲလိုက်ပါနေသော ထောက်လှမ်းရေးအဖွဲ့က ဗီဒီယိုဖိုင်မှာ အစစ်အမှန်ဟု အတည်ပြု သည်။ မည်သည့်ဧည့်သည်မျှ ဓာတ်ပုံမရိုက်ရဟုမှာကြားထားကြောင်း ၎င်းတို့ကပြော ကြားသည်။



Ref: AP
7Day News Journal
No.400 Thursday, June 5, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...