CIA တွစ်တာပေါ်တက်လာ



ဝါရှင်တန်- အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (CIA)သည် ဇွန်လ ၆ ရက်က တွစ်တာလူမှု ကွန်ရက် စာမျက်နှာပေါ်သို့ တက်လာခဲ့သည်။

‘‘ဒါဟာ ကျွန်တော်တို့ရဲ့ ပထမဆုံးတွစ်တာစာမျက်နှာပေါ်မှာ ရေးသားမှုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အတည်မပြုသလို ငြင်းလည်းမငြင်းပါဘူး’’ဟု CIA က သူတို့၏ ပထမဆုံးတွစ်တာစာသားတွင် တိုတိုရှင်း ရှင်းရေးသားထားသည်။

CIA က ယင်းစာသားကိုတင်ပြီး နှစ်နာရီအတွင်းမှာပင် ထပ်ဆင့်ဝေမျှသူပေါင်း ၉၀,၀၀၀ ကျော်ခဲ့ပြီး Follower အရေအတွက် ၁၁၅,၀၀၀ အထိရှိသွားခဲ့သည်။

တွစ်တာနှင့် ဖေ့စ်ဘွတ်ခ်အကောင့်သစ်များမှာ ထောက်လှမ်းရေးအေဂျင်စီအနေဖြင့် ပြည်သူလူထုနှင့် ပိုမို၍တိုက်ရိုက်ထိတွေ့ဆက်ဆံရန်နှင့် CIA ၏ လုပ်ငန်းတာဝန်သမိုင်းနှင့် အခြားဖြစ်ပေါ်တိုးတက်မှုများကို အသိပေးဆက်သွယ်ရန်ဟု CIA ညွှန်ကြားရေးမှူး ဂျွန်ဘရန်နန်က ထုတ်ပြန်ချက်တစ်ရပ် တွင် ပြောကြား သည်။

You Tube နှင့် Flicker ဝက်ဘ်ဆိုက်များတွင် အကောင့်ဖွင့်လှစ်ထားသော CIA မှာ လျှို့ဝှက်သူလျှိုသတင်း များတင်ပြမည်မဟုတ်သော်လည်း ရှားပါး သောစာနယ်ဇင်းသို့ ထုတ်ပြန်ချက်များ CIA ၏ အလုပ်အကိုင် များအကြောင်းသတင်းနှင့် ထိပ်တန်းလျှို့ဝှက်မှုမှပယ်ဖျက်လိုက်သော သမိုင်းဝင်စုံစမ်း ထောက်လှမ်းမှု များအကြောင်း တင်ပြရန်စီစဉ်ထားသည်။

ထို့အပြင် လူအများတွေ့ခွင့်မရသော အကောင်းဆုံးပြတိုက်ဟုဆိုထားသည့် CIA ပြတိုက်မှ ပစ္စည်းများကို လည်း ထောက်လှမ်းရေးအေဂျင်စီက ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။

‘‘အခုလို Follow လုပ်ခံရတာ စီအိုင်အေက ဘယ်လိုခံစားရပါသလဲ’’ဟု တွစ်တာအသုံးပြုသူတစ်ဦးက CIA တင်ထားသည့် စာသားအောက်တွင် ဝင်ရောက်ရေးသားထားသည်။

—Ref: AFP/CNN
7Day News Journal
No.402 Saturday, June 7, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...