Firefox တွင် URL အများအပြားကို click တစ်ချက်တည်းဖြင့် ကူးယူခြင်း


အင်တာနက်ကို အသုံးပြုပြီး သုတေသန ပြုလုပ်ရာတွင် ကိုးကားချက်များကို ရယူလိုသည့်အခါ link အများ အပြားကို ဖွင့်ပြီး ကူးယူရသည့်အတွက် အချိန်အလွန် ကြာမြင့်နိုင်သည်။ သို့ရာတွင် Firefox add-on တစ်ခုဖြစ်သည့် Easy Copy နှင့် URL များကို ကူးယူသည့်အခါ လျင်မြန်သည့် နည်းလမ်းဖြင့် ကူးယူနိုင်ပြီး ဝက်ဘ်စာမျက်နှာများကိုလည်း အသေးစိတ် ဖော်ပြပေးနိုင်သည်။

- Firefox တွင် EasyCopy ကို အသုံးပြုရန် https://addons.mozilla.org/en-US/firefox/addon/easy-copy/?src=cb-dl-hotness သို့သွားပါ။ ထို့နောက် Add to Firefox ခလုတ်ကိုနှိပ်ပါ။

- Install လုပ်ပြီးသည့်အခါတွင် mouse ၏ right-click ကိုနှိပ်ပြီး EasyCopy context menu ကို ရှာပါ။



- စာမျက်နှာတစ်ခုတည်းမှ URL ကို ကူးယူလိုပါက EasyCopy section ကိုနှိပ်ပါ။



- ဖွင့်ထားသည့် tab အားလုံးမှ URL များကို ကူးယူလိုပါက EasyCopy context menu တွင် Copy all tabs ကိုနှိပ်ပါ။


Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...