Google က အာကာသခရီးသွား ကုမ္ပဏီ Virgin Galactic နှင့် ပူးပေါင်းမည်



Google က အာကာသခရီးသွား ကုမ္ပဏီ Virgin Galactic နှင့် ပူးပေါင်းလုပ်ကိုင်ရန် ဆွေးနွေးနေသည်ဟု Sky News က ရေးသားထားပါသည်။ Google က Virgin Galactic တွင် ဒေါ်လာ သန်းသုံးဆယ် ရင်းနှီးမြှပ်နှံမည်ဟု သိရပါသည်။ Google က အင်တာနက်မရရှိသည့် နိုင်ငံများတွင် Satellite များမှ အင်တာနက်ထုတ်လွှင့်ပေးရန် ကြိုးစားနေပါသည်။ Google က Virgin Galactic နှင့်ပူးပေါင်းခြင်းသည် Satellite နည်းပညာကို ရရှိရန်ဖြစ်သည်ဟု သိရပါသည်။

ယခုလအစောပိုင်းတွင်လည်း Google က အင်တာနက် ထုတ်လွှင့်ပေးသည့် Satellite အလုံးရေ(၁၈၀) ကို အာကာသသို့ လွှင့်တင်ရန် ဒေါ်လာ တစ်ဘီလီယမ်နှင့် အထက်အသုံးပြုမည်ဟု The Wall Street Journal က သတင်းပေးခဲ့ဖူးပါသည်။ Google က အဖွဲ့ဝင် (၁၀) ယောက်မှ (၂၀) ပါဝင်သည့် Satellite အဖွဲ့ကိုလည်းဖွဲ့စည်းထားကြောင်းသိရပါသည်။ မကြာမီကလည်း Satellite မှ ကမ္ဘာမြေကို ဗီဒီယိုများ ရိုက်ကူးပေးနိုင်သည့် Skybox ကုမ္ပဏီကို ဒေါ်လာ သန်းငါးရာဖြင့် ၀ယ်ယူခဲ့ပါသည်။

Virgin Galactic သည် ယခုနှစ်နှောင်းပိုင်းတွင် အာကာသခရီးသွား ၀န်ဆောင်မှုကို စတင်ပြုလုပ်ရန် ကြိုးစားနေပြီး လူတစ်ဦးလျှင် ဒေါ်လာ (၂၅၀၀၀၀) ဖြင့် အာကာသသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ Virgin Galactic သည် အာကာသသို့ ပထမဆုံး အနေဖြင့် ခရီးသည်ပို့ဆောင်ပေးနိုင်ရန် ကြိုးစားနေပြီး Sir Richard Branson က ပိုင်ဆိုင်ခြင်းဖြစ်သည်။


သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...