Harley-Davidson၏ ပထမဆုံး လျှပ်စစ်ဆိုင်ကယ်ကို မိတ်ဆက်ပြသ

Photo - Dailymail
ကမ္ဘာကျော် မော်တော်ဆိုင်ကယ် ကုမ္ပဏီကြီး Harley-Davidsonသည် ၎င်းတို့၏ ပထမဆုံး လျှပ်စစ် ဆိုင်ကယ်ကို စတင်မိတ်ဆက် ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။
လတ်တလောတွင် ဈေးကွက်ဖြန့်ချိ ရောင်းချရန် အစီအစဉ် မရှိသေးသော အဆိုပါ ဆိုင်ကယ်ကို စီးနင်း စမ်းသပ်ရန် အမေရိကန်မှ ဖောက်သည် အချို့ကို ကုမ္ပဏီက ရွေးချယ်ဖိတ်ကြားထားသည်။ ထိုစမ်းသပ်မှုမှ တုံ့ပြန်ချက် သဘောထားများကို စုစည်းထုတ်နုတ်ကာ လျှပ်စစ်ဆိုင်ကယ်ကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ဦးမည်ဟု Harley-Davidsonက ဆိုသည်။
ProjectLiveWire ဟု အမည်ပေးထားသည့် ဆိုင်ကယ်သည် ယခုနှစ်ကုန်ဆုံးချိန်ထိ အမေရိကန် တစ်နိုင်ငံ လုံးမှ Harley-Davidson လက်ခွဲအရောင်းဆိုင် (၃၀)ကျော်သို့ လှည့်လည်နေမည်ဖြစ်ပြီး ထိုအတောအ တွင်း ဖောက်သည်များ၏ မှတ်ချက်များကို စုဆောင်းယူမည် ဖြစ်သည်။
“ProjectLiveWireက လျှပ်စစ်ဂစ်တာတစ်လုံး ပထမဆုံး တီထွင်ပြသခဲ့တုန်းကလိုပဲ။ လျှပ်စစ်ကားတွေ ပထမဆုံး မိတ်ဆက်တုန်းကနဲ့ မတူဘူး။ ဒီဆိုင်ကယ်က ကိုယ်ပိုင် သင်္ကေတ အမှတ်တံဆိပ် တစ်ခုကို အီလက်ထရွန်နစ် နယ်ပယ်မှာ ကူးပြောင်း ခြေချလာတဲ့ ဖွင့်ဆိုချက်မျိုးပါ။ ProjectLiveWire ဟာ ကျွန်တော်တို့ ကုမ္ပဏီအတွက်၊ ကျွန်တော်တို့ အမှတ်တံဆိပ်အတွက် ရဲရင့်တဲ့ ခြေလှမ်းတစ်ခု စတင်မှုကို ကြေညာလိုက်တာပါပဲ”ဟု Harley-Davidson ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ မက်ခ်ဟန်းစ်ရစ်ချာက ပြောကြားခဲ့ သည်။
ကနဦး သဘောထား ပြန်ကြားချက်များတွင် ဆိုင်ကယ်ဒီဇိုင်းကို ဖောက်သည်များက နှစ်သက်ကြသော် လည်း စက်သံ တိတ်ဆိတ်နေခြင်းကိုမူ သဘောမကျဘဲ ရှိနေကြသည်။ Harley Davidson သည် ProjectLiveWire ဆိုင်ကယ်ကို လက်ရှိ ရိုက်ကူးနေသည့် Avengers ရုပ်ရှင်သစ် Age of Ultron တွင် ထည့်သွင်း အသုံးပြုခွင့် ပေးထားသည်။
_Ref; BBC
7Day Daily No.415 Friday, June 20, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)