iphone 4 LCD ဖြုတ်နည်း
Iphone 4 လေးတစ်လုံး touch မှန် လာလဲတာနဲ့ ကြုံလို့  ဖြုတ်နည်ူလေး မျှဝေပေးလိုက်ပါတယ်။
Iphone 4 မှာတော့ touch မှန်နဲ့  lcd တွဲလျက်ပဲ ၀ယ်လို့ ရပါတယ်။ ၂၂၀၀၀ ကျပ်ပါ။
ပုံ (၁) မှာ မြင်ရတဲ့အတိုင်း မျှားအနီရောင်ပြထားတဲ့ စကူတွေ ဖြုတ်ရပါမယ်။
ပြီးရင် battery ဖြုတ်ပါမယ်၊ speaker နဲ့ တွဲထားတဲ့ connector ကိုဖြုတ်ပါမယ်။
ပုံ (၃)မှာပြထားတဲ့ speaker အိမ်ကို ထိန်းထားတဲ့ စကူတွေဖြုတ်ပါမယ်။
usb အထိုင် စကူတွေ ဖြုတ်ပါမယ်။
မျှားနီပြထားတဲ့ စကူတွေဖြုတ်ပါမယ်။
မျှားပြထားတဲ့ connector တွေကို ဖြုတ်ပါမယ်။
ic board ကိုဖြုတ်ပါမယ်၊ ဒီနေရာမှာ လက်အချိန်အဆလေး ဂရုစိုက်ဖို့ လိုပါတယ်။
Display panel ကို ဖြုတ်ဖို့ အတွက် မျှားအနီ ပြထားတဲ့ စကူလေးတွေကို ဖြုတ်ပေးပါ။
ဒီအဆင့်ကို ရောက်ရင်တော့ ပြီးဆုံးသလောက် ဖြစ်သွားပါပြီ။
i phone တွေမှာ ခုလို LED ခြောက်လုံး တတ်ဆင်ထားပါတယ်။
ပစ္စည်းလေးတွေ ပြန်တတ်ရင်တော့ စကူအတိုအရှည် မှန်ကန်အောင် ဂရုစိုက်ဖို့ တော့ လိုပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
ref;kalawthar.com

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)