iPhone 6 နှစ်လုံး ဓာတ်ပုံ ထွက်ပြီ


ယမန်နှစ်က iPhone 5S နဲ့ ပက်သက်လို့ သတင်းမှန်ကို ထွက်ရှိစေခဲ့တဲ့ သြစတေးလျ ဘလော့ဂါ Sonny Dickson ဟာ iPhone 6 ဓာတ်ပုံများကို တင်ပေးခဲ့ ပါတယ်။ ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်း ပါပဲ။ ၅.၅ လက်မ အရွယ် ဗားရှင်း နဲ့ ၄.၇ လက်မ အသေး ဗားရှင်း ဆိုပြီးတော့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

ထူးခြားချက် အနေနဲ့ ပိုပါးတဲ့ စမတ်ဖုန်းမျိုးအစား ဖြစ်လာမှာ ဖြစ်ပါတယ်။ နှစ်မျိုး စလုံးကို သတ္တုနဲ့ ပြု လုပ်ခြင်း ဖြစ်ပါတယ်။ ပလပ်စတစ်နဲ့ ပြုလုပ်တဲ့ ဗားရှင်း ထွက်မထွက် ကတော့ မသိရ သေး ပါဘူး။ ထိုင်ဝမ်က ပေါ့ အဆိုတော် တစ်ဦး ဖြစ်တဲ့ Jimmy Lin ဟာလည်း iPhone 6 နှစ်လုံးကို ကိုယ်လို့ ဆိုရှယ်မီယာ ဖြစ်တဲ့ Weibo မှာ တင်ခဲ့ ပါတယ်။. ၄.၇ လက်မ အရွယ် iPhone 6 ကို သြဂုတ်လမှာ ရောင်းချသွားမှာ ဖြစ်ပြီး ၅.၅ လက်မ အရွယ် iPhone 6 ကိုတော့ စက်တင်ဘာလမှာ စတင် ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သတင်းများက ဆိုထား ပါတယ်။

အတွင်း Specification နဲ့ ပကသက်လို့ ကြေညာထားခြင်း မရှိသေး ပါဘူး။ တရုတ်ပြည် Foxconn စက်ရုံမှာ ထုတ်လုပ်နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။


အောင်ခမ်း (ရိုးရာလေး)
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...