ညစ်ညမ်းဝက်ဘ်ဆိုက်များကို ကြည့်ရှုမှုတွင် iPhoneနှင့် iPad ကိုင်ဆောင်သူ အများဆုံးဖြစ်

 

အင်တာနက်မှ ညစ်ညမ်းဝက်ဘ်ဆိုက်များကို စမတ်ဖုန်းများဖြင့် ကြည့်ရှုမှုတွင် Apple ကုမ္ပဏီထုတ် iPhoneနှင့် iPad ကိုင်ဆောင်သူများက အရေအတွက် အများဆုံးဟု သိရှိရသည်။ နာမည်ကြီး Pornhub ဝက်ဘ်ဆိုက်က ညစ်ညမ်းရုပ်ရှင်များကို ဝင်ရောက်ကြည့်ရှုသူ အရေအတွက်သည် နေ့စဉ် (၃၈)သန်းမျှ ရှိနေကြောင်း ကြေညာခဲ့သည်။ ယင်းတို့အနက် ထက်ဝက်မျှသည် စမတ်ဖုန်းများ၊ Tablet များဖြင့် ကြည့်ရှု သူများဟုလည်း ဆိုသည်။ 


ယင်းတို့အနက် iOS သုံး ကိရိယာများ ဖြစ်ကြသည့် iPhone၊ iPadများမှ Safari Browser ကို အသုံးပြုပြီး ကြည့်ရှုသူ အရေအတွက်မှာ အများစု ဖြစ်နေကြောင်းလည်း သိရသည်။ Google ၏ Chrome Browserဖြင့် ကြည့်ရှုသည့် မိုဘိုင်းလ်ဖုန်း အသုံးပြုသူ အရေအတွက်မှာ (၁၃.၆)ရာခိုင်နှုန်းမျှသာ ရှိသည်။ ညစ်ညမ်းရုပ်ရှင်များကို ကြည့်ရှုရာတွင် အများဆုံး အသုံးပြုသည်မှာ iPadများဟု ဆိုသည်။ Safari Browser မှတစ်ဆင့် ယင်းရုပ်ရှင်များကို ကြည့်ရှုသူ အရေအတွက်မှာ မိုဘိုင်းလ်ကိရိယာ အသုံးပြု၍ ဝင်ရောက်လာသူ အားလုံးအနက် အမြင့်မားဆုံးဖြစ်ပြီး (၇၃)ရာခိုင်နှုန်းထိ ရှိခဲ့သည်။ 


Gizmodo က အဆိုပါ အချက်အလက်များကို ထုတ်ပြန်ပေးရန် Pornhub ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ Tablet မပါဝင်ဘဲ စမတ်ဖုန်းချည်းသီးသန့် တွက်ချက်မှုတွင်မူ Chromeက (၁၈)ရာခိုင်နှုန်းရှိပြီး Safari က (၃၈.၂)ရာခိုင်နှုန်း ချုပ်ကိုင်ထားသည်။ Desktop ကွန်ပျူတာများဖြင့် ညစ်ညမ်းဝက်ဘ်ဆိုက်များ ကြည့်ရှု မှုတွင်မူ Google ၏ Chrome က (၄၄.၄)ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ရှိနေပြီး ၎င်း၏နောက်တွင် Internet Explorer က (၂၃.၁၉)ရာခိုင်နှုန်း၊ Firefoxက (၂၀.၁)ရာခိုင်နှုန်းစီ အသီးသီး ရှိနေကြောင်းလည်း သိရှိရ သည်။



Planet Myanmar Network
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...