ISS ၌ မီးခိုးထွက်ခဲ့သည့် ဖြစ်စဉ်ကို NASA အတည်ပြု
နိုင်ငံတကာ အာကာသစခန်း (ISS)တွင် မီးခိုးတွေ့ရှိခဲ့သည့် အခြေအနေကို NASAက အတည်ပြုခဲ့ပြီး စခန်းရှိ နက္ခတ်ဗေဒ ပညာရှင်များအတွက် တစ်စုံတစ်ရာ အန္တရာယ် မရှိကြောင်း ပြောကြားခဲ့သည်။ ISSတွင် ပြင်ဆင်မှုများ လုပ်ဆောင်နေရင်း အင်္ဂါနေ့က လေဝင်လေထွက်ပေါက် တစ်ခုမှ မီးခိုးအနည်းငယ် ထွက်ပေါ်နေသည်ကို ပညာရှင် (၆)ဦးပါ အဖွဲ့က တွေ့ရှိခဲ့သည်။ အဆိုပါ မီးခိုးများသည် အပူပေး ကိရိယာ တစ်ခုမှ ထွက်ပေါ်လာခြင်းဟု ယူဆရပြီး ယင်းကိရိယာကို ပိတ်ဆို့ ဖယ်ရှားထားလိုက်ကြောင်း NASAက ပြောကြားခဲ့သည်။
ISSပေါ်မှ ပညာရှင်များ အနေဖြင့် ယင်းနေရာတွင် ပန်ကာတစ်လုံးကို တပ်ဆင်ကာ မီးခိုးထွက်ရှိသည့် အခန်းထဲမှ လေထုကို ရှင်းလင်းသန့်စင်ခဲ့ကြောင်းလည်း သိရှိရသည်။ လတ်တလောတွင် ISS ၌ ရုရှားနိုင် ငံလုပ် Zvezda အမည်ရှိ Service Module ကို တပ်ဆင်လျှက်ရှိပြီး ယင်းအစိတ်အပိုင်းသည် (၄၃)ပေ ရှည်လျားကာ အချင်း(၁၃)ပေခွဲမျှ ရှိသည်။ ထိုအစိတ်အပိုင်း၌ နက္ခတ်ဗေဒ ပညာရှင်များ နားနေရာ ဧည့်ခန်းနေရာ၊ အနုပညာ ပြခန်းငယ် တစ်ခုနှင့် ရေအရင်းအမြစ် ပြန်လည်သန့်စင် စနစ်များ တပ်ဆင် သွားမည် ဖြစ်သည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)