လူမျိုးရေးခွဲခြားတဲ့စကားလုံးတွေပါတဲ့ ဗီဒီယိုအတွက် ဒေါ်လာတစ်သန်း ငွေညှစ်ခံခဲ့ရတဲ့ Justin Bieber


Angel on 2014-06-05 11:31

အသက် ၂၀ အရွယ်ပေါ့ပ်စတား Justin Bieber ဟာ လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေပါရှိပြီး မကြာမီက အွန်လိုင်းမှာ ပျံ့ နှံ့ ခဲ့တဲ့ ဗီဒီယိုအတွက် ဒေါ်လာ တစ်သန်း ငွေညှစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

TMZ သတင်းဌာနရဲ့အဆိုအရ Bieber ဟာ သူ့ ရဲ့ ဗီဒီယိုကို လူသိရှင်ကြားမဖြစ်အောင် တားဆီးနိုင်ဖို့  အခွင့်အရေးရခဲ့ပေမယ့် မတားဆီးခဲ့ဘဲ ပရိတ်သတ်ကို တောင်းပန်ဖို့ ကိုသာ ရွေးချယ်ခဲ့တယ်လို့ ဆိုပါ တယ်။

လွန်ခဲ့တဲ့နှစ်လက Bieber နဲ့ အတူ တွဲလုပ်ဖူးခဲ့တဲ့ လူတစ်ယောက်ရဲ့ ရှေ့ နေကတဆင့် Bieber ရဲ့ အေးဂျင့် ကိုယ်စားလှယ်တွေကို များပြားတဲ့ငွေပမာဏ တောင်းခံခဲ့တာဖြစ်ပြီး Bieber က ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့  ဆိုပါတယ်။

ဒီ ဗီဒီယိုဟာ ပေါ့ပ်ကြယ်ပွင့် Bieber တစ်ယောက် အသက် ၁၅ နှစ်အရွယ် ပရောဂျက်တစ်ခုမှာ အတူ တွဲလုပ်ရင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ Bieber ဟာ Nigger ဆိုတဲ့ အသုံးအနှုန်းတွေ ခဏခဏ သုံးထားတာကို တွေ့ ရပါတယ်။

၂၀၁၁ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Never Say Never ရုပ်ရှင်မှာ Bieber ဟာ လူမည်းတွေနဲ့ ပတ်သက်ပြီး ပျက်လုံး ထုတ်ခဲ့တာဖြစ်ပါတယ်။

Justin Bieber ဟာ ဒီဗီဒီယို တစ်ကမ္ဘာလုံး ပျံ့ သွားပြီးနောက်မှာတော့ လူသိရှင်ကြားတောင်းပန်ခဲ့ရ ပါတယ်။

“ လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော် ဒီစကားလုံးတွေရဲ့ သက်ရောက်မှုကို နားမလည်ခဲ့ပါဘူး။ ဒီစ ကားလုံး တွေက ဘယ်လောက်နာကျင်စေသလဲဆိုတာ ကျွန်တော် သတိမမူမိခဲ့ပါဘူး”“ မိတ်ဆွေတွေနဲ့ မိသားစုကျေးဇူးကြောင့် ကျွန်တော့်အမှားတွေကနေ သင်ခန်းစာရခဲ့ပြီး အရွယ်ရောက်ခဲ့တယ်။ ဒီ အမှားတွေကို တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အတိတ်ကအမှားတွေက လူသိရှင်ကြား ဖြစ်သွားပြီလေ၊ ကျွန်တော် စော်ကားမိခဲ့တဲ့ လူတွေအကုန်လုံးကို နောက်တစ်ကြိမ် ထပ်တောင်းပန်ပါ တယ်” လို့  Bieber က ပြောကြားခဲ့ပါတယ်။

Ref: Mirror.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...