သူမရဲ့ခွေးကို လက်ဝတ်ရတနာတွေနဲ့ တန်ဆာဆင်ခဲ့တဲ့အတွက် Lady Gaga ကို PETA အဖွဲ့က ပြစ်တင်ဝေဖန်


Jack the Ripper on 2014-06-23 12:23

Lady Gaga တစ်ယောက် တိရိစ္ဆာန်တွေကို သနားကြင်နာစွာ ဆက်ဆံရေးအတွက် လှုပ်ရှားတဲ့ အဖွဲ့ PETA (People for the Ethical Treatment of Animals) ရဲ့ ပစ်မှတ်ဖြစ်သွားပြန်ပါပြီ။ ဒီတစ်ခါ ကတော့ သူမရဲ့ခွေးကို လက်ဝတ်ရတနာတွေနဲ့ ဆင်မြန်းခဲ့တဲ့ အတွက်ဖြစ်ပါတယ်။

မကြာသေးခင်က ပေါ့ပ်အဆိုတော်ဟာ သူမဒီနှစ်ရဲ့အစောပိုင်းက စတင်မွေးမြူခဲ့ပြီး Asia အမည်ရှိတဲ့ ပြင်သစ်ခွေးဘီလူးလေးရဲ့ဓာတ်ပုံတွေကို Instagram မှာ တင်ခဲ့တာဖြစ်ပါတယ်။

အဲဒီ့ဓာတ်ပုံတွေထဲမှာ Asia ဟာ ကလစ် နားကပ်တွေအပါအ၀င် လက်ဝတ်ရတနာ ပစ္စည်းအမျိုးမျိုးကို ၀တ်ဆင်ထားပါတယ်။

ပရိတ်သတ်တွေရဲ့တုန့်ပြန်မှုကတော့ အချို့က မိန်းကလေးငယ်လေးလို ဆင်မြန်းထားတဲ့ ခွေးရဲ့ပုံကို ချစ်စရာကောင်းတယ်လို့ တုန့်ပြန်ပြောသလို အချို့ကတော့ ခွေးရဲ့ ကိုယ်ပိုင်ဆန္ဒမဟုတ်ဘဲ ဒီလို ဆင်မြန်းပေးထားတာကို ကြည့်ပြီးဒေါသထွက်နေပုံ ရပါတယ်။

ဒီကိစ္စနဲ့ပါတ်သတ်ပြီး PETA အဖွဲ့က ReadarOnline မှာကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲ ဒီ့ကြေငြာချက်မှာတော့ “Lady Gaga ဟာသူမကိုသူမ ရှုပ်ထွေးတဲ့အပြင် သက်တောင့်သက်သာမဖြစ်တဲ့ အ၀တ်အစား အပြင်အဆင်တွေနဲ့တောင် ဆင်မြန်းလို့ရပါတယ်။ ဒါပေမယ့် Asia က ဒီဟာကို ရွေးချယ် (ငြင်းဆန်) ဖို့ အခွင့်အရေးမရှိရှာပါဘူး” လို့ပါရှိပါတယ်။

“Lady Gaga က Asia ကို ချစ်တယ်ဆိုတာ တော်တော်လေးသေချာပေမယ့်။ Asia နဲ့ခွေးတိုင်းဟာ နောက် တိုးသဘာဝ စွမ်းရည်တွေ မလိုအပ်ဘဲ ချစ်စရာကောင်းတယ်လို့ ကျွန်န်ုပ်တို့ထင်ပါတယ်။ ပြီးတော့ ခွေးတိုင်းအတွက် အကောင်းဆုံး တန်ဆာပစ္စည်းကတော့ အတူတကွ လမ်းအရှည်ကြီး လျှောက်ရာ မှာပြီးပြည့်စုံတဲ့ သက်တောင့်သက်သာရှိ၊ စိတ်ချရပြီး အနေတော်ဖြစ်တဲ့ လည်ပတ်လေးတွေပါပဲ’ လို့ လဲကြေငြာချက်မှာ ပါဝင်ပါတယ်။

PETA ဟာ သားမွှေးထည်တွေ ၀တ်ဆင်ရတာ ကိုနှစ်သက်မှုကြောင့် Lady Gaga ကို အရင်ကဝေဖန်ဖူးပါ တယ်။ ၂၀၁၂ ခုနှစ်မှာ သူမရဲ့ရုရှားခရီးစဉ်အတွင်း သားမွှေးကုတ်အကျီ င်္တွေဝယ်ယူမှုနဲ့ စိတ်ထိခိုက် စရာကောင်းတဲ့ ပန်းရောင်သားမွှေး ကုတ်အကျီ င်္ဝတ်ဆင်မှုတွေအတွက် တစ်ယောက်ထဲရွေးပြီး ဝေဖန်ခံ ခဲ့ရပါတယ်။


Ref:starpulse.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...