တစ်တိုင်လျှင်သိန်း (၂,၀၀၀)တန်ကြေးရှိ မိုဘိုင်းလ် တာဝါတိုင် (၁၀)တိုင် MPT မှ တိုးချဲ့တည်ဆောက်



GSM စခန်း (၁၈) ရုံးနှင့် WCDMA စခန်း(၃) ရုံးသာရှိသော ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း မြန်မာ့ ဆက် သွယ်ရေးနှင့်သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ GSM မိုဘိုင်းလ်တယ်လီဖုန်း
တာဝါတိုင် (၁၀) တိုင်ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်ခရိုင်မြို့များတွင် ၂၀၁၃ ခုနှစ်နိုဝင်ဘာလမှ စတင်၍ တိုးချဲ့ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကျိုင်းတုံ၊ ကတ်တောင်၊ လွယ်မွေ၊ တာချီလိတ်၊ ပါခုတ်၊ တာလေ၊ ၀မ်ပုံ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆက်၊ မိုင်းတုံ၊ မိုင်းပျဉ်၊ အစရှိသော မြို့ (၁၃)မြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် နှစ်သိန်းတန် GSM ၁၅,၂၄၅ လုံး၊ ၀န်ထမ်းများအတွက် အရစ်ကျစနစ်ဖြင့် ၂,၅၉၂ လုံး၊ ကျေးလက်ဒေသ အရစ်ကျ စနစ်ဖြင့် ၅,၃၀၁ လုံး ရောင်းချပေးခဲ့သည်။ ထို့အပြင် ငွေကျပ် ၁၅၀၀ တန်တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း အလုံး ရေ ၃၆,၂၀၀ နှင့် သက်ပြည့်ပင်စင်စားများအတွက် WCDMA အလုံး ရေ ၂,၀၀၀ ကိုရောင်း ချပေး ခဲ့ပြီဖြစ်သောကြောင့်ဖုန်း အသုံးပြုမှုများ ပြားလာပြီး ဆက်သွယ်ရေးလိုင်းများ ပိုမိုလွယ်ကူကောင်းမွန်စေ ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝါတိုင် (၁၀) တိုင်ထပ်မံတိုးချဲ့ တည်ဆောက်သွားမည်ဖြစ်သည်။
တာဝါတိုင်တစ်တိုင်လျှင် မိုဘိုင်းလ် ဖုန်းလိုင်းအင်အား ၃၀၀၀ သုံးစွဲမည်ဖြစ်သည်။ 

တာဝါတိုင်တစ်တိုင်လျှင် အမြင့်ပေ (၄၀) မီတာ ရှိပြီး အဆိုပါ တာဝါတိုင်တစ်တိုင်၏ ခန့်မှန်းတန်ဖိုး မှာမြန်မာပြည်ငွေ သိန်း ၂,၀၀၀ ရှိ၍ စုစုပေါင်း သိန်း ၂၀,၀၀၀ ကုန်ကျမည်ဖြစ်သည်။


စိုးမင်းဦး
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...