Nokia Z Launcher ကို Android တွင် ထည့်သွင်း အသုံးပြုခြင်း



Nokia ကုမ္ပဏီက Z Launcher ဟုခေါ်သော Android launcher တစ်ခုကို မကြာသေးမီက ဖြန့်ချိပေး ခဲ့သည်။

အဆိုပါ Nokia launcher သည် home screen ပေါ်တွင် app shortcut များဖြင့် ရှုပ်ပွနေခြင်းကို လျော့ နည်းစေပြီး လိုအပ်သည့် app များကို ထောက်ပံ့ပေးသည့် launcher ဖြစ်သည်။

၎င်းကို ထည့်သွင်းအသုံးပြုရန် အတွက် မိမိ၏ ထုတ်ကုန်ကို အထောက်အပံ့ပေးနိုင်ခြင်း ရှိ၊ မရှိသိရန် လိုအပ်သည်။

လက်ရှိတွင် Nokia Z Launcher ကို အသုံးပြုနိုင်သော ထုတ်ကုန်စာရင်း၌ Nexus 5, Galaxy S5, S4 နှင့် S3 အပြင် Moto X, HTC One နှင့် Sony Xperia Z1 တို့ ပါဝင်သည်။

- ထို့နောက် Z Launcher ကို www.zlauncher.com တွင် download လုပ်ပါ။





- Play Store မဟုတ်သည့် နေရာမှ app ကို ထည့်သွင်းလိုလျှင် Unkown Sources ကို enable ပြုလုပ် ထားရန် လိုအပ်သည်။




- App ကို download ပြုလုပ်ပြီးပါက install လုပ်ပါ။ Install ပြုလုပ်ပြီးရင်တော့ home screen ပေါ်မှာ ထားလိုသည့် app များကို သတ်မှတ်ပြီး အသုံးပြုနိုင်ပါပြီ။





- Install ပြုလုပ်ပြီး မနှစ်သက်ပါက Settings > Home တွင် ယခင် launcher ကို ပြန်လည် ပြောင်းလဲ အသုံးပြုနိုင်သည်။





Ref: CNET
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...