Root Apk ၁၁ မျိုး စုစည်းမှု
-Root application ၁၁မျိုးနှင့်၊ မြန်မာဖောင့်န် ချိန်းဖို့အတွက် MMAio Zawgyi Fontchanger apk, စာရိုက်ဖို့အတွက် frozen keyboard, ဖောင့်န်ပြင်ဖို့အတွက် fepfz apk တို့ကို၊ တစ်နေ ရာထဲနဲ့စုံစုံလင်လင်ရယူနိုင်ရန်အတွက်၊ စုစည်း ပေးလိုက်ပါတယ်-
- Root လုပ်တယ်ဆိုတာ ဖုန်းကို မိမိစိတ်ကြိုက် ပြုလုပ်ဖန်တီးနိုင်ဖို့ ထွင်းဖောက်လိုက်တာမျိုးပါ။ အမြစ်တူးလိုက်တယ်ဆိုတဲ့ သဘောပေါ့။ သစ်ပင်တစ်ပင်ရဲ့ အသက်၊ လေဒဏ်၊ မိုးဒဏ်တွေကို ကာကွယ်ဖို့အ တွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ့ နည်းပညာ မှာတော့ ဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာ ဆိုရင်တော့ System ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာ ဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့ အဓိက နေရာတစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင့် windows အသုံးပြု Computer တွေမှာ ဆိုရင်လဲ Windows ရှိနေတဲ့ (Eg: C:/ )နေရာမျိုးပေါ့။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။
ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??
Root ဆိုတာ ဘာလဲ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမ ရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ရှင်းရှင်းလေးပါ .. ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ ......
Root မလုပ်ပဲ Official သုံးနေလို့ရော မရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေး သုံးချင်တယ်။ website တွေ၊ Forum တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မော တက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေက လဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လို ပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာ တစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲ ရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက် ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီး ကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာ တစ်နည်းအားဖြင့် Windows မှာ လိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက် နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်-
- -ဖုန်း Handset ပေါင်းများစွာရှိတာကြောင့် Device အားလုံးနဲ့ အဆင်ပြေ/မပြေ ဆိုတာကို မပြောနိုင် ပါ။ Android Version 4.3 နဲ့ 4.4 တွေမှာတော့ မ root ပေးနိုင်ပါဘူး-
-ဘာပဲဖြစ်ဖြစ် apk တစ်ခုမရ တစ်ခုနဲ့ စမ်းသပ်ပြီး root ကြည့်ချင်တယ် ဆိုရင်တော့ အောက်က
လင့်ခ်တွေမှာ ဒေါင်းလုပ် ယူသွားလိုက်ပါ-
root apk အားလုံးကို rar file တစ်ခုထဲ အနေနဲ့ယူလိုပါက အောက်မှာဒေါင်းယူပါ Rar file ကိုဖြည်ချလိုက်ပါက အခုတင်ထားတဲ့ Apk တွေအားလုံးကို ရရှိမှာဖြစ်ပါတယ်
★Rar file အားဒေါင်းရန် လင့်ခ်★
(၁)Pro Myanmar Root v1.3.6 အားဒေါင်းရန်
(၂)V roor v1.0.5.1 အားဒေါင်းရန် လင့်ခ်
(၃)Root Master v1.3.6 အားဒေါင်းရန် လင့်ခ်
(၄)Mobile Easy root v1.2.1 အားဒေါင်းရန်လင့်ခ်
ဒီ mobile easy root apk ကတော့ version4.3 တွေကိုတောင် root နိုင်တယ်လို့ ဆိုပါတယ်။ စမ်းတော့ မစမ်းဖူးသေးပါ။ တရုတ်စာတွေကြီးပဲ တွေ့ရပါတယ်။
(၅)Frama root v1.9.1 အားဒေါင်းရန် လင့်ခ်
(၆)Exynos Abuse v1.40 အားဒေါင်းရန်လင့်ခ်
(၇)Baidu root v2.3.4 အားဒေါင်းရန်လင့်ခ်
(၈)360 root v1.1 အားဒေါင်းရန်လင့်ခ်
(၉)Z4 root v1.2.1 အားဒေါင်းရန်လင့်ခ်
(၁၀)King root v2.3.0 အားဒေါင်းရန်လင့်ခ်
(၁၁) R-root(onekeyroot)-v1.3.8 အား ဒေါင်းရန်
-ဖုန်းဗားရှင်း v1.6 ကနေ v4.3.3 အထိ ဖုန်းများကို မြန်မာစာဖောင့် သွင်းပေးနိုင်တဲ့" MMAio_Zawgyi_ Fontchanger" Apk ကို အောက်ကလင့်ခ်မှာ ဒေါင်းလုပ်ဆွဲပါ-
MMAio Zaygyi Charger Apk အားဒေါင်းရန်
-မြန်မာစာတွေ လွဲနေသေးရင် ပြင်ပေးနိုင်မယ့် Fepfz v2.1 Apk အား အောက်ကလင့်ခ်မှာ ဒေါင်းလုပ် ဆွဲယူပါ-
Fepfz v2.1 အားဒေါင်းရန်
-မြန်မာစာရိုက်ဖို့အတွက် ကီးဘုတ်တစ်ခုဖြစ်တဲ့ "Frozen keyboard pro v0.5.3 အား အောက်ကလင့်ခ်မှာ ဒေါင်းလုပ်ဆွဲယူပါ-
Frozen keyboard pro v0.5.3 အားဒေါင်းရန်
အဆင်ပြေပါစေ။
Credit; ကိုဇော်သွင်(နည်းပညာ)
Credit; ကိုဇော်သွင်(နည်းပညာ)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)