Self ကိုယ်တိုင်
Written by: ဒေါက်တာသိန်းမြင့်
Self ဆိုတာ
Self ဆိုတဲ့ စကားလုံးဟာ ယခုနှစ် အနည်းငယ်အတွင်း ရေပန်းစားလာပြီး ကဏ္ဍမျိုးစုံမှာ တွင်တွင်ကျယ် ကျယ် အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ Self ကို မြန်မာ-အင်္ဂလိပ် အဘိဓာန်အချို့မှာ အတ္တ၊ ကိုယ်ကျိုး၊ ပင်ကို၊ မူလဆိုပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် ကျွန်တော်ကတော့ ကိုယ်တိုင်လို့ပဲ အခုဆောင်း ပါးမှာ အဓိပ္ပာယ်ဖွင့်လိုပါတယ်။
Self နဲ့ မြန်မာ့ပညာရေး
Self ကို ပညာရေးကဏ္ဍမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပင် Self Study ဆိုပြီး စာမေးပွဲကြီးတွေ နီးတဲ့ အခါ ကိုယ်ပိုင်စာကြည့်ချိန် ပေးတဲ့သဘော တစ်ပတ် ၁၀ ရက်လောက် စာကြည့်ချိန်အဖြစ် သုံးစွဲ ခဲ့ကြောင်း ငယ်ငယ်က နားလည်သဘောပေါက်ခဲ့ပါတယ်။ ကျန်တဲ့အချိန်မှာတော့ ဆရာသင်သမျှ၊ ဆရာ ခွံ့ကျွေးသမျှ လိုက်မှတ်၊ ကျက်ပြီး တစ်တန်းပြီးတစ်တန်း တက်ခဲ့ကြတာပါ။ ကျူရှင်တွေ မြန်မာ့ပညာရေးကို လွှမ်းမိုးခြယ်လှယ်လာတဲ့ အချိန်မှာတော့ ပုံစံခွက်စာကြည့်နည်း၊ စာဖြေနည်းတွေ ပေါ်လာပါတော့တယ်။ အခြေအနေက ပိုပြီးဆိုးသွားပါတယ်။
မှတ်မိသေးတယ်။ ကျွန်တော် ကိုးတန်းရောက်တဲ့နှစ်မှာ ကာဗွန်အကြောင်းအခန်းမှာ မီးအပူပေးထားတဲ့ ကာဗွန်အပေါ်ကို ရေနွေးငွေ့ ဖြတ်တဲ့အခါ ရေဓာတ်ငွေ့ရတယ်လို့ သင်ရပါတယ်။ ကာဗွန်ဆိုတာ အပြင် လက်တွေ့မှာ ဘယ်လိုဟာမျိုးလဲလို့ ဆရာမကို မေးတဲ့အခါ မီးသွေးတို့၊ ကျောက်မီးသွေးတို့ပေါ့လို့ ဖြေပါ တယ်။ ကျွန်တော့်အတွက် စိတ်ဝင်စားစရာ အကြောင်းပေါ်နေလို့ပါ။ ဖော်မြူ လာ ချရေးပြရရင် H2O + C = H2 + CO ပါ။ ရေဓာတ်ငွေ့ဖြစ်တဲ့ ဟိုက်ဒရိုဂျင် (H2) နဲ့ ကာဗွန်မိုနောက်ဆိုက် (CO) နှစ်ခုစလုံးက မီးလောင်နိုင်တဲ့ အစွမ်းသတ္တိတွေ ရှိကြပါတယ်။
ကျွန်တော့်ကို စိတ်ဝင်စားအောင် ဖန်တီးခဲ့တာက ကျွန်တော့်ပတ်ဝန်းကျင်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅ နှစ်လောက် သန်လျင်ကတစ်ဆင့် ရန်ကုန်လာရင် မီးသင်္ဘောတွေ စီးပြီးမှ လာလို့ရပါတယ်။ မီးသင်္ဘော စက်ခန်းအနားမှာငေးရင်း ဆက်စပ်အတွေးတစ်စ ပေါ်လာပါတယ်။ မီးသင်္ဘောတွေက ရေနွေးငွေ့နဲ့ စက်လည်တာပါ။ စက်လည်ပြီးရင် အဲဒီရေနွေးငွေ့တွေက အပြင်ရောက်ပြီး ဆုံးရှုံးသွားပါတယ်။ ရေနွေးငွေ့ထုတ်တဲ့ ဘွိုင်လာအိုးကို ကျောက်မီးသွေးနဲ့ မီးထိုးပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖြစ်ပေါ်တာ က အပြင်ထွက်လာတဲ့ ရေနွေးငွေ့တွေကို အပူပေးထားတဲ့ စောစောက ကျောက်မီးသွေးပေါ်ကို ဖြတ်ခိုင်း ရင် ပိုအားကောင်းတဲ့မီး ရမယ်။ ကျောက်မီးသွေးအကုန် သက်သာသွားနိုင်တယ်လို့ စဉ်းစားမိတယ်။ ကျွန်တော် လက်တွေ့စမ်းလုပ်ကြည့်ချင်တဲ့အကြောင်း ဆရာမကို ပြောပြတယ်။ ဆရာမလည်း မကူ ညီနိုင်ခဲ့ပါဘူး။ စမ်းသပ်လုပ်ဆောင်လို့ မဖြစ်နိုင်တဲ့ အခြားခက်ခဲတဲ့ လိုအပ်ချက်တွေ ရှိလို့လည်း ဖြစ်မှာပါ။ ကျွန်တော်ပြောပြတာကို စိတ်ရှည်ရှည် လက်ခံနားထောင်ပေး၊ ကူပြီးစဉ်းစားပေးခဲ့တဲ့ ဆရာမအတွက် ကျေးဇူးအနန္တပါ။
တစ်နည်းအားဖြင့်ပြောရရင် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဂုဏ်သိက္ခာကိုတိုင်းမယ့် အခွန်ပေတံပါပဲ။ အဲဒီ ပေတံအပေါ် မူတည်ပြီး ပြည်ပစီးပွားရေးလုပ်ငန်းတွေက လာရောက်ပူးပေါင်း လုပ်ဆောင်ကြမှာပါ။ ထိပ်တန်းကုမ္ပဏီကြီးတွေ အပြိုင်အဆိုင် အခွန်ရှောင်နေကြတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ မီဒီယာတွေက ထောက်ပြနေပါလျက် ကနဦး အရေးယူမှုတွေနဲ့ အစမပြုဘူး ဆိုရင်တော့ . . . . .
ကျွန်တော်ဆိုလိုချင်တာက စာကို အလွတ်ကျက်ဖြေနည်းတွေကို သင်ပေးမယ့်အစား Self ဆိုတဲ့ ကိုယ် တိုင်စဉ်းစားသုံးသပ် သိနားလည်ပြီး သဘောပေါက်အောင်သာ သင်ပေးသင့်တယ်လို့ ယူဆပါတယ်။ အခုလို သိချင်တာကို လွယ်လွယ်ကူကူ ရှာဖွေလို့ရတဲ့ ခေတ်ကြီးမှာ spoon feeding တွေ မလုပ်ကြဘဲ ဒါတွေသိဖို့၊ တတ်ဖို့လိုတယ်။ မရှင်းရင် နားမလည်ရင် လာမေး။ ကိုယ်တိုင် သိနားလည်ဖို့ ကိုယ်တိုင်ပဲ လေ့ကျင့်ယူရမယ်ဆိုတာ သဘောပေါက်အောင် လေ့ကျင့်မွေးမြူ ပေးသင့်တယ်။
Self နဲ့ ကျန်းမာရေး
Self ဆိုတဲ့ စကားလုံးကို Self Healing, Self Prevention, Self Realisation နဲ့ Self Remission ဆိုပြီး အသုံးများလာတာ တွေ့ရပါတယ်။ ကိုယ်တိုင် ကာကွယ်ရမယ်ဆိုတဲ့အပေါ် နားလည်သဘောပေါက် ကြပေမယ့် အချို့အခြေအနေများမယ့်၊ ကိုယ်တိုင်ကုသနိုင်ခြင်းအပေါ် သဘောမပေါက်နိုင် ဖြစ်နေကြပါ တယ်။ ကိုယ်က ဆရာမှမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကုလို့ ရမှာလဲဆိုပြီး စောဒကတက်နိုင်ပါ တယ်။
လူတွေမေ့နေတာက အမေမွေးကတည်းက ပါလာပြီးဖြစ်တဲ့ မိမိခန္ဓာကိုယ်ရှိ အလိုအလျောက် ရရှိနေတဲ့ အစွမ်းသတ္တိတွေကိုပါ။ အဲဒီ အစွမ်းသတ္တိတွေကို ကောင်းမွန်တည်တံ့အောင်လုပ်တာ မိမိကိုယ်တိုင်ပါ။ ပျက်စီးအောင်လုပ်တာလည်း မိမိကိုယ်တိုင်ပါပဲ။ ကောင်းအောင်နေထိုင် စားသောက်မယ်၊ မကောင်းတာ မလုပ်ဘူးဆိုရင် ကာကွယ်ခြင်းဖြစ်သလို ကုသခြင်းလည်း အလိုအလျောက် ဖြစ်သွားတာပါပဲ။ ဆေးလိပ် မသောက်နဲ့၊ ကွမ်းမစားနဲ့၊ အရက်မသောက်နဲ့ အချို၊အငန်၊ အဆီလျှော့ဆိုရင် မလိုက်နာနိုင်ကြဘူး။ စိတ်အလိုကိုလိုက်ကြတယ်။
မိမိခန္ဓာကိုယ်ကို တခြားသူ ၀င်ဖျက်ဆီးလို့ မရဘူး။ မိမိကိုယ်တိုင်ပဲ ဖျက်ဆီးခဲ့တာပါ။ ကျောက်ကပ်တွေ မကောင်းတော့မှ ကျောက်ကပ်ဆေးလို့ တန်ကြေးသိပြီဆိုရင် နောက်ကျနေပါပြီ။
ကျန်းမာရေးဆိုင်ရာ ပညာပေးစာပေများ ပေါများစွာ ထွက်ရှိနေတိုင်း လိုက်လုပ်ရမည်ဟု မဆိုလိုပါ။ ကိုယ်တိုင်ဉာဏ်နဲ့ဆင်ခြင် ပေါ်ပင်မလိုက်ဘဲ နှစ်ပေါင်းများစွာ အများစု သဘောတူ လက်ခံခဲ့ကြသည် များကိုသာ ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ စာရေးကောင်းတဲ့၊ ဂျပိုး (ကြမ်းပိုး) ကို လိပ်ဖြစ်အောင် ပြောနိုင်စွမ်းရှိတဲ့ စာရေးဆရာတချို့ရဲ့ မြစ်ချင်းပြီး ဆေးနည်းတွေကိုလည်း သတိထား ရှောင်ကြဉ်ရ ပါမယ်။
ကိုယ်တိုင်ကာကွယ်တာတော့ ဟုတ်ပါပြီ။ ကိုယ်တိုင်ကုသကြမယ်ဆိုတော့ ဆေးမလိုတော့ဘူးလား။ ဆေးကလိုနေဦးမှာပါ။ နည်းနည်းလို၊ များများလိုနဲ့ လုံးဝမလိုတာဘဲ ကွာမှာပါ။ ခွဲစိတ်ကုသမှ ပျောက် မယ့်ရောဂါ ခွဲစိတ်ကုသရမှာပေါ့။ လွယ်လွယ်ပြောရရင် ကိုယ်တိုင်ကုသခြင်းဆိုတာ ကိုယ်တိုင်လိုက် နာခြင်းပါပဲ။
Self နဲ့ အခွန်
တစ်နေ့က အခွန်ဌာနက အရာရှိအချို့နဲ့ တွေ့တဲ့အခါ Self Assement System အကြောင်း ဆွေးနွေး စကား ပြောဖြစ်ပါတယ်။ အဲဒီ System က အခွန်ရုံးကို လာစရာမလို၊ ညှိနှိုင်းစရာမလို၊ မိမိပေးဆောင် ရမယ့် အခွန်ကို မိမိကိုယ်တိုင်တွက်ချက်ပြီး မေးလ်ကနေ ပို့လိုက်ရုံပါပဲ။ အိမ်နီးချင်းနိုင်ငံ အချို့မှာ အဲဒီစနစ် လုပ်ဆောင်မှုနောက်ပိုင်း တိုင်းပြည်စီးပွားရေး တိုးတက်လာတယ်လို့ ဆိုပါတယ်။ စီးပွားရေး လုပ်ငန်း ကြီးတွေအတွက် အခွန်ဆောင်ကြရမယ့် စနစ်ပါ။
တစ်နည်းအားဖြင့်ပြောရရင် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဂုဏ်သိက္ခာကိုတိုင်းမယ့် အခွန်ပေတံပါပဲ။ အဲဒီ ပေတံအပေါ် မူတည်ပြီး ပြည်ပစီးပွားရေးလုပ်ငန်းတွေက လာရောက်ပူးပေါင်း လုပ်ဆောင်ကြမှာပါ။ ထိပ်တန်းကုမ္ပဏီကြီးတွေ အပြိုင်အဆိုင် အခွန်ရှောင်နေကြတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ မီဒီယာတွေက ထောက်ပြနေပါလျက် ကနဦး အရေးယူမှုတွေနဲ့ အစမပြုဘူး ဆိုရင်တော့ ကိုယ်တိုင်မလိုက်နာနိုင်၍ ရောဂါကို ကိုယ်တိုင်မကာကွယ် မကုသနိုင်သလို ကိုယ်တိုင်နားလည် စဉ်းစားနိုင်အောင် မသင်ပေးခဲ့ကြ လို့ဘဲ မြန်မာ့ပညာရေး ကျဆုံးခဲ့ရသလို ကိုယ်တိုင်အခွန်ဆောင်စနစ်လည်း အောင်မြင်ရန် အကြောင်း မမြင်ပါကြောင်း။

Eleven Daily News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)