အမေရိကန်နိုင်ငံရှိ ဆယ်ကျော်သက် ထက်ဝက်ကျော် sexting ပြုလုပ်နေဟုဆို



ဒရက်ဇဲလ်တက္ကသိုလ်မှ စစ်တမ်းတစ်ခုအရ ဆယ်ကျော်သက် ၅၀ ရာခိုင်နှုန်းသည် လိင်အသားပေး စာ သားများ အပြန်အလှန်ပေးပို့နေပြီး ၂၈ ရာခိုင်နှုန်းသည် လိင်အသားပေး ဓာတ်ပုံများ ပေးပို့မှုပြု လုပ်နေကြောင်း သိရသည်။

နဂိုရှိပြီးသား ဥပဒေများအောက် တွင်လက်ရှိရှာဖွေ တွေ့ရှိထားမှုသည် ယေဘုယျသာဖြစ်ခဲ့လျှင် ၇ သန်း ခန့်ရှိသော ဆယ်ကျော်သက်များသည် ကလေးညစ်ညမ်းပိုင်း ဆိုင်ရာကိစ္စဖြင့် ရုံးတင်စစ်ဆေးခံ ရမည်ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ သို့ရာတွင် လွန်ခဲ့သည့်နှစ်နှစ်ကျော်၌ အရွယ်ရောက် သူများသည် sexting ကို စတင်အသုံးပြုနေပြီး ဆယ်ကျော်သက်များကို sexting များအသုံးမပြုရန် တရား ဝင် သတိပေးချက်များ မထုတ်ပြန်ခဲ့ပေ။ ဆယ်ကျော်သက်အများစုတွင် ၁၈ နှစ်အောက်နှင့် အသက်အရွယ် အမျိုးမျိုးတို့သည် လိင်အသားပေးစာသားများကို ပေးပို့နေလျက်ရှိကြောင်း သိရသည်။

ထိုသို့ လိင်အသားပေး စာသားများပေးပို့သည့် sexting ပြုလုပ်သူများကို ရှာဖွေရန်ခက်ခဲရခြင်းမှာ အဓိပ္ပာယ်ဖွင့်ဆိုပုံ ကွာခြားခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ ဒရက်ဇဲလ်တက္ကသိုလ်မှ သုတေသီများ sext ဆိုသည့် စကားလုံးသည် အဓိပ္ပာယ်ကွဲပြားမှု မရှိကြောင်း ပြောကြားခဲ့သည်။ 

စာတမ်းတွင်ဖော်ပြထားသည့် အမေရိကန်ဆယ်ကျော်သက် ၅၀ ရာခိုင်နှုန်းသည်မြင့်မားနေသော်လည်း အဆိုပါအရေအတွက်ထက် ပိုမိုများနိုင်ကြောင်းသိရသည်။


-စိုးထက်
Ref : VentureBeat
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...