Suitcase Scooter...



တရုတ်လယ်သမားတဦးဖြစ်တဲ့ He Liangcai ဟာ ခရီးဆောင်အိတ်ကို အသုံးပြုပြီးတော့ Scooter စတိုင်လ် ဆိုင်ကယ်တစ်စီး ဖန်တီးခဲ့ပါတယ်... ဒီဆိုင်ကယ်ကို ဘက်ထရီအားနဲ့ မောင်းနှင်တာဖြစ်ပြီး အဆင်ပြေဆုံးကတော့ ခရီးသွားတဲ့အချိန် လိုအပ်တဲ့ပစ္စည်းတွေကို တပါတည်း ယူဆောင်နို်င်တဲ့အပြင် လူကိုယ်တိုင်ပါ စီနင်းလိုက်ပါနိုင်လို့ပါပဲ... ဒီခရီးဆောင်အိတ် ဆိုင်ကယ်ဟာ အလေးချိန်အားဖြင့် ၇ ကီလိုရှိပြီး လူ ၂ ယောက်ကို သယ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်... တနာရီကို ကီလိုမီတာ ၂၀ မောင်းနှင်နိုင်ပြီး... GPS navigation နဲ့ လုံခြုံရေးအချက်ပေး နည်းပညာတွေလည်း တပ်ဆင်ထားပါ တယ်... ဘက်ထရီပါဝါနဲ့ အသုံးပြုထားတဲ့အတွက် အားကုန်ရင်တော့ ပြန်ပြီး charge လုပ်ဖို့ လိုပါတယ်... ဒီ suitcase scooter ကို တီထွင်တာ ၁၀ နှစ်ခန့် ကြာမြင့်တယ်လို့ He Liangcai က ဆိုပါတယ်... ၁၉၉၉ ခုနှစ်တုန်းကလည်း car safety system တခုကို တီထွင်ခဲ့အတွက် အမေရိကန်နိုင်ငံက ပေးတဲ့ ဆုကို ရရှိခဲ့ပါတယ်... အဆိုပါဆုကို လက်ခံရယူဖို့ သွားတဲ့အချိန် သူ့ရဲ့ခရီဆောင်အိတ် မေ့ကျန်ခဲ့ပြီး... အဲဒီနောက်မှာတော့ ဒီခရီဆောင်အိတ် ဆိုင်ကယ်ကို တီထွင်ဖို့ အကြံရခဲ့တယ်လို့ ဆိုပါတယ်... ခရီးသွားရင် မကြာခန ခရီးဆောင်အိတ် မေ့တတ်သူတွေအတွက် အထူးသင့်တော်တဲ့ Suitcase Scooter တစီးဖြစ်ပါတယ်...







ref;oddstuffmagazine
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...