ဆေးဝါးယဉ်ပါး ငှက်ဖျားပိုးတွေ အရှေ့တောင်အာရှမှာ ပျံ့နှံ့နေကြောင်း သုတေသီတွေ ပြောကြား

အရှေ့တောင်အာရှ လေးနိုင်ငံ ရဲ့ နယ်စပ် ဒေသတွေမှာ ဆေးယဉ်ပါး တဲ့ငှက်ဖျားပိုးတွေ အခိုင်အမာခို အောင်းနေပြီး၊ ငှက်ဖျားရောဂါ ထိန်းချုပ်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေကို အန္တရာယ် ပေးနေကြောင်း ၂၀၁၄၊ ဇူလိုင်လ ၃၀ ရက်မှာ နယူးအင်္ဂလန် ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှု တစ်ရပ်မှာ သုတေသီတွေ က ထုတ်ပြန်ခဲ့တယ်။

ကမ္ဘောဒီးယားအနောက်ပိုင်းနဲ့ မြောက်ပိုင်း၊ မြန်မာအရှေ့ပိုင်း၊ ထိုင်း နဲ့ ဗီယက်နမ်တို့ရဲ့ နယ်စပ်ဒေသများသို့ ဆေးယဉ်ပါးတဲ့ ငှက်ဖျားပိုးတွေ ပျံ့နှံ့နေကြောင်း။ အဲဒီနိုင်ငံတွေနဲ့ ကင်ညာ၊ နိုင်ဂျီးရီးယားနဲ့ ကွန်ဂိုဒီမို ကရက်တစ်သမ္မတနိုင်ငံစတဲ့ အာဖရိ က သုံးနိုင်ငံတွေက ငှက်ဖျားရောဂါ ဝေဒနာရှင် ၁ ယ ၂၄၁ ဦးရဲ့ သွေးနမူနာ တွေကို လေ့လာမှုအရ တွေ့ရှိခဲ့တယ်။ မြန်မာအလယ်ပိုင်း၊ လာအိုတောင် ပိုင်းနဲ့ ကမ္ဘောဒီးယားအရှေ့မြောက်ပိုင်းမှာလည်း ဆေးယဉ်ပါးမှု တိုးပွား လာတဲ့ လက္ခဏာတွေရှိကြောင်း တွေ့ရှိခဲ့ကြတယ်။

သုံးရက်က ခြောက်ရက် အတွင်း ငှက်ဖျားရောဂါကုသမှုကို နှစ်ဆတိုးမြှင့်ခြင်းဖြင့် အာရှနဲ့ အာဖ ရိကသို့ အာတီမင်စီနင် ဆေးယဉ်ငှက် ဖျားပိုးပျံ့နှံ့မှုကို တိုက်ဖျက်နိုင်ပေမဲ့ လည်း အချိန်မလုံလောက်လို့ သမား ရိုးကျ ငှက်ဖျားရောဂါထိန်းချုပ်မှုနည်း လမ်းတွေနဲ့ မဖူလုံကြောင်း။ ကာကွယ် ဆေးသစ်တီထွင် အသုံးပြုခြင်းလို နည်းလမ်း သစ်တွေအသုံးပြုဖို့ လိုအပ်ကြောင်း အောက်စ်ဖို့တက္ကသိုလ် မှ ပါမောက္ခနီကိုလက်စ်ဝှိုက်က ပြော ကြားခဲ့တယ်။

အရှေ့တောင်အာရှဟာ ငှက် ဖျားရောဂါတိုက်ဖျက်ရာမှာ အာတီ မင်စီနင်ဆေးဝါးရဲ့ အစွမ်းထက်မှုကျ ဆင်းလာမှု အတွက် စိုးရိမ်မှုမြင့်တက် နေတဲ့ရင်းမြစ် ဖြစ်လာတယ်။ တကယ်လို့ အာတီမင်စီနင်ဆေးဝါး အစား ဆေးဝါးသစ် ပြောင်းလဲအသုံး ပြုရပါက ယင်းဟာ ရာစုနှစ်တစ်ခု အတွင်း သုံးကြိမ်မြောက် ငှက်ဖျား ဆေးပြောင်းလဲအသုံးပြုမှု ဖြစ်တယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေက ၁၉၇၀ ပြည့်လွန်နှစ်တွေအကြား ငှက်ဖျားရောဂါကုဆေး ကလိုရိုကွိုင်းကို ယဉ်ပါးတဲ့ ငှက်ဖျားပိုးတွေ အာရှမှ အာဖရိကသို့ ပျံ့နှံ့ခဲ့တဲ့အတွက် ဆာလဖာဒေါက် စင်းပီရီမက်သမင်း (ှSP) ဆေးဖြင့် အစားထိုးခဲ့တယ်။ အဲဒီနောက် SP ဆေးယဉ်ပါးတဲ့ ငှက် ဖျားပိုးတွေဟာ ကမ္ဘောဒီးယား အနောက်ပိုင်းမှတစ်ဆင့် အာဖရိက သို့ ပျံ့နှံ့ခဲ့ပြီးနောက် အာတီမင်စီနင်ကို ပြောင်းလဲ အသုံးပြုခဲ့တာဖြစ်တယ်။


ညွန့်လွင်(စက်မှုတက္ကသိုလ်)
Ref;AFP
Health Updates Journal No,(132)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...