တစ်သက်လုံး ဆီပြန်ဖြည့်စရာ မလိုတဲ့ ကား

တစ်သက်လုံး ဆီပြန်ဖြည့်စရာ မလိုတဲ့ ကား အမျိုးအစား တစ်ခုကို ဖန်တီးဖို့အတွက် Laser Power System လို့ အမည်ရတဲ့ ကုမ္ပဏီက ကြိုးစား ဖန်တီးနေ ပါတယ်။ ဒီတော့ တစ်ခါဖြည့်ရုံနဲ့ တစ်သက်လုံး ထပ်ဖြည့်စရာ မလိုတေ့တဲ့ ဆီက ဘယ်လိုဖြစ်မယ် ဆိုတာ စဉ်းစားစရာပါ။ ရေးသား ဖော်ပြချက်များ အရ အသုံးပြုမယ့် လောင်စာက Thorium ဖြစ်ပါတယ်။

Thorium ဆိုတာ ဓာတု သတ္တ အမျိုးအစား တစ်ခု ဖြစ်ပြီး လက်ရှိ တိုက်လေယာဉ် နဲ့ ဒုံးကျည် လက်နက် အချို့မှာ ထည့်သွင်း အသုံးပြုတဲ့ သတ္တု အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ သူက ရေဒီယို ဓာတ်ကြွပြီး အပူလွန်ကဲမှုများ ကိုလည်း ခံနိုင်ရှည် ရှိပါတယ်။ ဒါကြောင့်မို့ သူက ရေနဲ့ အခြားသော ဘယ်လို လောင်စာအမျိုးအစားကိုမဆို စွမ်းအင်ခပ်မြန်မြန် ထုတ်နိုင်အောင်လည်း ဖန်တီးပေးနိုင်ပါတယ်။ Thorium ဟာ နျူကလိယလိုပဲ စွမ်းအင် ထိထိရောက်ရောက် ထုတ်လုပ်နိုင်တဲ့ သတ္တု ဖြစ်ပါတယ်။ ပေါက်ကွဲလွယ်ခြင်းလည်း မရှိတာကြောင့် သူ့ကို မော်တော်ယာဉ်တွေထဲမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ယင်း သတ္တုကို အသုံးပြုပြီး ဖန်တီးတဲ့ ကား ဒီဇီုင်းတစ်ခုကို ယခုလို ဖော်ပြခဲ့ ပါတယ်။ ဒါကြောင့်မို့ အနာဂတ်မှာ လောင်စာများ သုံးစရာမလိုတဲ့ ကားများ ပေါ်ပေါက်လာအုံးမှာပါ။ တီထွင်ဆန်းသစ်မှုကတော့ ပြုလုပ်လျက်ရှိဆဲ ဖြစ်ပါတယ်။


Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...