စစ်မှုထမ်းစဉ်မှာ ဒဏ်ရာရခဲ့ပေမယ့် လှပတဲ့ဘ၀ကို ဖန်တီးနိုင်ခဲ့တဲ့ အမျိုးသမီး

By အေသင်အောင်

အင်္ဂလန်နိုင်ငံက အမျိုးသမီး တစ်ဦးဟာ စစ်မှုထမ်း စဉ်မှာ ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ပေမယ့် ဘ၀ကို အရှုံးပေးခြင်း မရှိဘဲ လှပတဲ့ သူအဖြစ် ဖန်တီးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အသက် (၃၀)နှစ် အရွယ်ရှိ ကမ့်ဘဲလ်ဟာ အီရတ် စစ်မြေပြင်မှာ မော်တာကျည်ဆန် ထိမှန်ခဲ့မှုကြောင့် ခြေထောက်နဲ့ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ အကျိုးဆက်ကတော့ မျက်လုံး တစ်လုံး ဟာ ကောင်းစွာ မြင်နိုင်စွမ်း မရှိတော့တဲ့အပြင် ခြေထောက် တစ်ဖက်ကိုလည်း ဖြတ်ပစ်ခဲ့ရပါတယ်။ ဒါ့အပြင် ၀မ်းဗိုက်ပိုင်းနဲ့ နှလုံးတို့မှာလည်း ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကမ့်ဘဲလ်ဟာ စိတ်ဓာတ် ကျနေခြင်း မရှိဘဲ သူ့ရဲ့ဘ၀ကို ပြန်လည် ထူထောင်မှုပြု လုပ်ခဲ့ပါတယ်။ ဆေးကုသမှုတွေ ပြုလုပ်ပြီး ဖြတ်ပစ် လိုက်ရတဲ့ ခြေထောက်နေရာမှာ ခြေတုတစ်ခုကို အစား ထိုးမှု ပြုလုပ်ခဲ့ပါ တယ်။ အခုဆိုရင် ကမ့်ဘဲလ်ဟာ လှပတဲ့ အမျိုးသမီးတစ်ဦး အဖြစ်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဒီလိုဖြစ်လာဖို့ ပေါင် (၅၂၅၀၀) သုံးစွဲမှု ပြုလုပ်ခဲ့ရပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးကို ခွဲစိပ် ကုသမှု ပြုလုပ် ခဲ့တာမို့ ငွေကြေးကုန်ကျမှု များပြားသွားခြင်း ဖြစ်ပါတယ်။ ကမ့် ဘဲလ်ဟာ ဒဏ်ရာ ရပြီးနောက်ပိုင်းမှာ လျော်ကြေးငွေ အဖြစ် ပေါင် (၃၈၀၀၀၀) အထိ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကမ့်ဘဲလ်ဟာ ရရှိလာတဲ့ ငွေကြေး တွေကို သုံးစွဲခြင်းမပြုဘဲ ဘ၀ပြန်လည် ထူထောင်ဖို့ သုံးစွဲခဲ့ပါတယ်။ ကမ့်ဘဲလ်ဟာ ၂၀၀၇ မှာ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပြီး ၀ှီးချဲဘ၀နဲ့သာ နေထိုင်ခဲ့ရတာမို့ အ၀လွန် ပြဿနာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီနောက် သူဟာ စိတ်ဓာတ်မြှင်တင်မှုတွေ ပြုလုပ်ပြီး ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချကာ ခန္ဓာကိုယ်အစားထိုး ကုသမှု တွေကို ပြုလုပ်ခဲ့ပါတယ်။ ရင်သားကို ဆီလီကွန် အစားထိုးခြင်း၊ ဆံပင် အစားထိုးခြင်း စတာတွေကို ပြုလုပ်ခဲ့ပါ တယ်။ ဒီနောက်သူဟာ ချစ်သူဖြစ်သူနဲ့ လက်ထပ်မှု ပြုလုပ်ခဲ့ပါတယ်။ ကမ့်ဘဲလ်ဟာ ယခင် အိမ်ထောင်နဲ့ သမီးတစ်ဦး ပိုင်ဆိုင်ခဲ့ပါတယ်။ လက်ရှိ အိမ်ထောင်နဲ့တော့ သားတစ်ဦးပိုင် ဆိုင်ထားပါ တယ်။ ကမ့်ဘဲလ်က သူ့ရဲ့လက်ရှိ ဘ၀ကို ကျေနပ်မိကြောင်း၊ အမျိုးသမီး အများစုဟာ ဘ၀မှာ ပျော်ရွှင်ဖို့ လေ့လာမှုတွေ ပြုလုပ်လေ့ မရှိကြောင်း၊ မိမိ အနေဖြင့် ပျော်ရွှင်အောင် နေထိုင်နိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါသည်။


ref;The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...