ရင်သားကို ကိုင်ခွင့်ပြုပြီး AIDS တိုက်ဖျက်ရေး ရန်ပုံငွေအတွက် အလှုခံမယ့် ဂျပန်အပြာကား မင်းသမီးများ
ဂျပန် အပြာရုပ်ရှင်ဇာတ်ကား သရုပ်ဆောင်မလေး တစ်သိုက်ဟာ ပရိတ်သတ်တွေ သူတို့ရဲ့ ရင်သားတွေ ကို ကိုင်တွယ်ခွင့်ပြုမယ့် ၂၄ နာရီကြာ အလှုခံမှုကို ပြုလုပ်ဖို့ ပြင်ဆင်နေ ကြပါတယ်။
အပြာကားမင်းသမီး ၉ ဦးက ရုပ်မြင်သံကြားမှာ တိုက်ရိုက် ပြသမယ့် ‘Stop! AIDS’ လူပ်ရှားမှုနဲ့ ပတ်သတ်ပြီး သူတို့ရဲ့စိတ်လှုပ်ရှားမှုတွေကို မနည်း ထိန်းထားရတာ ဖြစ်ပါတယ်လို့ ဌာနေမီဒီယာတွေကို ပြောပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး ညင်သာကြပါလို့တော့ တောင်းဆိုခဲ့ပါတယ်။
‘ကျွန်မရဲ့ရင်သားတွေကို လူတွေ ပွတ်သပ် ကိုင်တွယ်ကြမှာ ကိုတွေးပြီး ပျော်နေပါတယ်’ လို့ Rina Serina က Tokyo Sports ကိုပြောပါတယ်။ ‘ဒါပေမယ့် ရှင်တို့ကျေးဇူးပြုပြီး ညင်သာမယ်ဆိုရင် ကျွန်မအရမ်းပျော်ရွှင်ရမှာပါ’ လို့ပြောပါတယ်။ ‘ကျွန်မရဲ့ရင်သားတွေက လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်တယ်လို့ ကျွန်မဘယ်တုန်းကမှ မတွေး မိခဲ့ဘူး’ လို့ Serina ကပြောပါတယ်။ သူနဲ့လုပ်ငန်းတူ သရုပ်ဆောင် Iku Sakuragi ကတော့ သူမရဲ့ရင်သားတွေ လက်ပေါင်းရာကျော်နဲ့ အကိုင်အတွယ်ခံရမှာကို စိတ်ပူပန်ပုံမရပါဘူး။ ‘ဒါက အလှုအတန်းအတွက်ပါ။ ညှစ်ပါ၊ ပိုက်ဆံလှုပါ။ ပျော်ကြရအောင်’ လို့ Iku ကပြောပါတယ်။
ဒါဟာကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ရန်ပုံငွေတစ်ခု မတည်ဖို့အတွက် အောင်မြင်မှာသေချာတဲ့ နည်းလမ်းတစ်ခုဖြစ် ပါတယ်။
၂၀၀၃ ခုနှစ်ထဲကစတင်ပြီး ၁၂ ကြိမ်မြောက်ဖြစ်သွားတဲ့ ဒီလှုပ်ရှားမှုမှာ အလှူလုပ်သူတွေက AIDS တိုက်ဖျက်ရေး လှုပ်ရှားမှုကို ငွေလှုရတာဖြစ်ပြီး ရုပ်သံမှာပြသမှာဖြစ်ပါတယ်။
Ref: barstoolsports.com

Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) မီးမမှန်ပေမယ့် ဓာတ်လိုက်တတ်တယ် သတိထား Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) Android အတွက် Handwriting Fonts 2014 APK (၇)ခု Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...