Huawei G610-U00 VideoCall & Myanmar Font Flashtool Firmware
Huawei G610 အတွက် Video Call ရော မြန်မာစာဖောင့်ရော ပါတဲ့ Flash 
tool Firmware လေး ဖြစ်ပါတယ်။ ဒီ Firmware လေးကိုတော့ S4 Rom ကို 
ပြန်ပြီးတော့ ပြင်ထားတာ ဖြစ်ပါတယ်။ S4 Rom ကိုတင်မယ်ဆိုရင်တော့ မိမိ 
ရဲ့ 610 ဖုန်းဟာ cwm တင်ထား တာတောင်မှ ပေးပြီးတော့ သွင်းမရတာတွေ 
ရှိပါတယ်။ ဒီ Flashtool Firmware လေးကို တင်လိုက်ရင် Gesture sensing 
တွေလည်း အလုပ်လုပ် ပါလိမ့်မည်။ Gallery ထဲက ဓါတ်ပုံတွေ ကိုလည်း လက်နဲ့ 
ရွှေ့စရာ မလိုဘဲ လေပေါ်ကနေ ကျော်လို့ရခြင်း ၊ ဓါတ်ပုံရိုက်ချင်ရင်လည်း 
ကင်မရာကို နှိပ်စရာမလိုဘဲနဲ့ လက်ကလေးနဲ့ အချက်ပြလိုက်တာနဲ့ အော်တို 
ရိုက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ music ဖွင့်ရင်းနဲ့ နောက်တစ်ပုဒ်ကျော် 
ချင်ရင်လည်း next ကို နှိပ်စရာမလိုဘဲ လက်ကလေး ဝှေ့ယမ်းလိုက်တာနဲ့ 
အော်တို ကျော်ပေးသွားမှာ ဖြစ်ပါတယ်။ error ကတော့ internal memory 
0B ဖြစ်သွားပါလိမ့်မည်။ ပြောရမယ်ဆိုရင် ဒီ Flashtool Firmware ကို 
တင်လိုက်ရင် internal memory အလုပ် မလုပ်တော့ပါဘူး။ sd card ထပ်စိုက် 
မှ အဆင်ပြေပါလိမ့်မည်။ ဒီ Flashtool Firmware တင်ပြီးလို့ မကြိုက်ရင်လည်း 
official firmware ပြန်ရေးလို့ ရပါတယ်။ ကျန်တာတွေကတော့ ဘာ error မှ မရှိ 
ပါဘူး။ Ooredoo sim card ရယ် GSM/WCDMA Sim Card ရယ် နှစ်ခုစလုံး 
ထည့်ထားပြီး 3G ကွန်ယက် အလုပ်လုပ်ပါတယ်။ စမ်းသပ်သုံးချင် သူများအတွက် 
တင်ပေးလိုက်ပါတယ်။ 
Download Here 
credit - Aung Min Han
Via;myanmarxda
-------------------------------------- 
