မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံး
အသက် (၁၉)နှစ်အရွယ် တက်သစ်စ မော်ဒယ် မအေးချမ်းမြတ်မိုးကို ၎င်း၏ ရည်းစားဟု ဆိုသူက သြဂုတ် ၂၆ရက် ည ၇နာရီက ဓါးဖြင့် ထိုး၍ သေဆုံးခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။
ဒဂုံမြို့နယ်၊ ဦးဝိစာရ အိမ်ရာဝင်းအတွင်း နေထိုင်သည့် မအေးချမ်းမြတ်မိုး သည် နေအိမ်တံခါးကို ခေါက်၍ "အမေရေ ကယ်ပါဦး" ဟု အော်ကာ လည်ပင်းတွင် သွေးထွက် ဒဏ်ရာဖြင့် လဲကျ သွားခြင်းဖြစ်သည်ဟု အစ်မဖြစ်သူက ဆိုသည်။
ယင်းနောက် ၎င်း၏ မိသားစုဝင်များက ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ပေးရာ လမ်းတွင် သေဆုံးသွားခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်ကို ရဲမှတ်တမ်းတွင်မူ ၎င်း၏ ရည်းစားဖြစ်သူ မောင်အံ့ဖြိုးပိုင်နှင့် စကားများ ရန်ဖြစ်ရာမှ လည်ပင်းကို ဓါးဖြင့် အထိုးခံခဲ့ရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
သေဆုံးသူ၏ အစ်မဖြစ်သူ ပြောဆိုချက်အရ မောင်အံ့ဖြိုးပိုင်နှင့် ယခင်က မိတ်ဆွေအဖြစ် ပတ်သက်ဖူးသည်ဟု ဆိုပြီး နောက်ပိုင်းတွင် မိဘများက အဆက်အသွယ်ဖြတ်ရန် ပြောထားခဲ့သည်ဟု ဆိုသည်။
"ညီမလေးက သူ့သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားတာ။ ပြီးခဲ့တဲ့ သုံးလလောက်ကစပြီး သူဘယ်သွားသွား အမေက အမြဲလိုက်တယ်။ အခု မလိုက်ဖြစ်တဲ့ တစ်ခေါက်မှာ ဖြစ်သွားတာ"ဟု သေဆုံးသူ၏ အစ်မ မအေးချမ်းမြတ်ဖြိုးက မဇ္ဈိမကို ပြောသည်။
ဓါးဖြင့်ထိုးခဲ့သူမှာ တစ်ရပ်ကွက်တည်းနေထိုင်သူ ဖြစ်ပြီး သေဆုံးသူ၏ ဝဲဘက်လည်ပင်းကို ထိုးနှက်ခဲ့ခြင်းဖြစ်သည် ဟု ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။
သေဆုံးသူမှာ ဒဂုံတက္ကသိုလ်၊ အင်္ဂလိပ်စာ(ဒုတိယနှစ်)၊ အဝေးသင် တက်ရောက်နေသူ ဖြစ်ပြီး ဂျာနယ်နှင့် မဂ္ဂဇင်း အချို့တွင် မျက်နှာဖုံးမော်ဒယ်အဖြစ် ဖော်ပြခံရဖူးသည်ဟု အစ်မဖြစ်သူက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပက်သက်ပြီး သေဆုံးသည်အထိ ဓါးဖြင့်ထိုးခဲ့သူ အံ့ဖြိုးပိုင်အပေါ် အရေးယူပေးပါရန် အေးချမ်းမြတ်မိုး ၏ မိသားစုဝင်များက တရားလိုပြု တိုင်တန်းချက်ကို ဒဂုံမြို့မရဲစခန်းက(ပ)၁၈၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။
Mizzima News
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) တစ္လက္မ အချင်းရှိ သံချောင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်ခံရသည့် တရုတ်အမျိုးသား အသက်မဆုံးရှုံးခဲ့ Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း
- (အနောကျသို့) JAVA leaning Myanmar (PDF) Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း