အနီးမီးယား ဆိုတာဘာလည်း …..?

အနီးမီးယား ဆိုတာဟာ သွေးထဲမှာ ပုံမှန်ရှိရမယ့် သွေးနီဥတွင် အောက် ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသော အရာ သံဓါတ်ပါသော အရာ Hemoglobin ပမာဏ သို့မဟုတ် သွေးနီဥဆဲလ် blood cells (RBCs) တွေဟာ ပုံမှန်မမာဏ ထက်လျော့ နည်းနေခြင်းကို ဆိုလိုပါတယ်။ တခါတလေ မှာတော့ သွေးပမာဏ Blood volume လျော့နည်းနေခြင်း Hypovolemia ကိုလည်း အနီးမီးယားလို့ ခေါ်ပါသေးတယ် ။ သွေး ယိုခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ သွေးပမာဏ လျော့နည်းခြင်း Hypovolemia ဟာလည်း သွယ်ဝှိုက်သော နည်းနဲ့ အနီးမီးယားကို ဖြစ်စေပါတယ် ။ ဒါပေမယ့် hemoglobin ပမာဏကတော့ များနေပြီး hypovolemia ကိုဖြစ်စေတဲ့ အခြားအချက်တွေလည်း ရှိပါသေးတယ် ။ အဲဒါတွေကတော့ ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ အလွန်အမင်း အန်ခြင်းတို့ပဲဖြစ်ပါတယ် ။

ပုံမှန်သွေးပမာဏ လူတွေမှာ ဘယ်လောက်ရှိရမလည်း …..?

ပုံမှန်ရှိရမည့် ဟေမိုဂလိုဘင်ပမာဏ
ယောက်ျား …………………13.0 – 18.0 g/dl
မိန်းမ……………………….11.5 – 16.5 g/dl

အနီးမီးယားကို ဘာတွေက ဖြစ်ပေါ်စေသလဲ ….?

အသိများတဲ့ ထင်ရှားတဲ့ အနီးမီးယားဖြစ်ပေါ်စေတဲ့ အချက်တွေကတော့

သွေးထွက်များခြင်းကြောင့် အနီးမီးယားဖြစ်ခြင်း ။ ။ ရာသီလာတဲ့ သွေးပမာဏဟာ အလွန်အမင်း များပြားနေခြင်း ၊ သွေးထွက်များသော အနာများ ၊ အစာအိမ်နှင့် အူလမ်းကြောင်း တွင် အနာများဖြစ်ပေါ်ခြင်း ကင်ဆာများ အထူး သဖြင့် အူမကြီးကင်ဆာ စသည်တို့မှာ သွေးကို တဖြည်းဖြည်း ခြင်း စိမ့်ထွက်စေတဲ့ အတွက်ကြောင့် အနီးမီးယား ကို ဖြစ်ပေါ်စေပါတယ် ။

Iron သံဓါတ်ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်သော အနီးမီးယား ။ ။ ရိုးတွင်းခြင်ဆီဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့ အတွက် အိုင်းယွန်းကို လိုအပ်ပါတယ် ။ အိုင်းယွန်းဟာHemoglobin molecules တွေဖြစ်ပေါ်ဖို့ ပုံစံအတွက် အရေးကြီးတဲ့နေရာကနေ ပါဝင်ဆောင်ရွက်ပေးပါတယ် ။ အကယ်၍ အိုင်းယွန်းရရှိမှုဟာ ကန့်သတ်ထားတယ် ဒါမှမဟုတ်အစားအသောက်မှာ သံဓါတ်အလုံအလောက်မပါဝင် ဘူးဆိုရင် အကျိုးဆက်အနေနဲ့ အနီးမီးယား ဖြစ်နိုင် ပါတယ် ။ ဒါကိုတော့ Iron deficency anemia လို့ခေါ်ပါတယ် ။

နာတာရှည်ရောဂါများကြောင့် ဖြစ်ပေါ်သော အနီးမီးယား ။ ။ မည်သည့် နာတာရှည်ရောဂါမဆို အနီးမီးယားကို ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒါပေမယ့် တိကျတဲ့ဖြစ်စဉ်ကိုတော့ယနေ့တိုင် မသိရသေးပါဘူး ။ နာတာရှည် ရောဂါတွေနဲ့ ပိုးဝင်ခြင်း သို့မဟုတ် ကင်ဆာရောဂါတွေဟာ ဒီလိုမျိုး အနီးမီးယားကို ဖြစ်ပေါ်စေပါတယ် ။

ကျောက်ကပ်ရောဂါနှင့် ဆက်နွယ်သော အနီးမီးယား ။ ။ ကျောက်ကပ်ဟာ erythropoietin လို့ခေါ်တဲ့ ဟော်မုန်း တမျိုးကို ထုတ်လုပ်ပေးပါတယ် ။ အဲဒီကောင်က ရိုးတွင်းခြင် ဆီတွေ သွေးနီဥဆဲလ်တွေ ထုတ်လုပ်တဲ့ နေရာမှာ ကူညီပေးပါတယ် ။ နာတာရှည်ကျောက်ကပ် ရောဂါရှိတဲ့လူတွေမှာ ဒီဟော်မုန်းထုတ်လုပ်မှုဟာ လျော့နည်းသွား ပါတယ် ။ တဆက်တည်းမှာပဲ သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုဟာလည်း လျော့နည်းသွားပါတယ် ။ ဒီလိုမျိုးကိုတော့ anemia related to chronie kidney diseases လို့ခေါ်ပါတယ် ။

အာဟာရ ချို့တဲ့မှုကြောင့်ဖြစ်ပေါ်သော အနီးမီးယား ။ ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ သွေးနီဥဆဲလ် ထုတ်လုပ်ဖို့ အတွက် လိုအပ်ပါတယ် ။ အိုင်းယွန်းအပြင် B12 နဲ့ folate ကလည်း hemoglobin ထုတ်လုပ်ဖို့အတွက် လိုအပ်ပါ တယ် ။ ဒီအထဲက ဘယ်အရာပဲ ဖြစ်ဖြစ်ချို့ယွင်းသွားမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ထုတ်လုပ်တာကိုလျော့နည်း သွားစေတဲ့ အတွက် အနီးမီးယားကို ဖြစ်ပေါ်စေပါတယ် ။ အာဟာရ ချို့တဲ့မှုဟာလည်း folate နဲ့ B12 ပမာဏ လျော့နည်း ခြင်းကို ဖြစ်ပေါ်စေတဲ့ အရေးကြီးတဲ့ အချက်ပါပဲ ။ ဒါကြောင့် အသီးအရွက်ပဲစားသုံးသူတွေ ဗီတာမင်ကို လုံလုံလောက်လောက်မစားသုံးသူတွေဟာ B12 deficiency ဖြစ်ဖို့ အခွင့်အလမ်းများတဲ့ သူတွေဖြစ်ပါတယ် ။

Pernicious Anemia ။ ။ အစာအိမ်တွင် ပြသနာတခုခုရှိနေခြင်း သို့မဟုတ် အူတွေက ဗီတာမင်ဘီတွဲကို စုပ်ယူမှု နည်းခြင်းကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒီလိုမျိုး B12 deficiency ကြောင့်ဖြစ်ပေါ်တဲ့ အနီးမီးယားကို pernicious anemia လို့ခေါ်ပါတယ် ။

Sickle cell anemia ။ ။ အချို့လူတွေမှာ ပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေ ထုတ်လုပ်တဲ့ပြသနာ ရှိတတ် ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာဆိုရင် hemoglobin ဟာ ပမာဏရော လုပ်ငန်းဆောင်ရွက်မှုမှာပါ ပြဿနာရှိ လာပါတယ် ။ ပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေက သွေးနီဥပုံစံတွေကို မှုမမှန်ဖြစ်စေပြီး Crescent shaped ( sickle cells ) တံစဉ် ပုံစံလိုမျိုးဖြစ်ပေါ်စေပါတယ် ။သူ့ရဲ့ ပြင်းထန်မှု အဆင့်ပေါ်မှုတည်ပြီး Sickle cell anemia ကို အမျိုးအစားများစွာခွဲခြားနိုင်ပါတယ် ။ ဒါဟာ မျိုးရိုးလိုက်ပြီး African , Eastern နဲ့ Mediterranean တွေမှာဖြစ်လေ့ရှိပါတယ် ။

Thalassaemia ။ ။ ဟေမိုဂလိုဘင်နဲ့ ဆက်နွယ်ပြီး အနီးမီးယားကို ဖြစ်ပေါ်စေတဲ့ အခြားအုပ်စုတစ်ခုဖြစ်ပါတယ် ။ Thalassaemia အုပ်စုများစွာ ရှိပါတယ် ။ ရောဂါပြင်းထန်မှု အပေါ်မူတည်ပြီး ကွဲသွားလေ့ရှိပါတယ် ။ မျိုးရိုး လိုက်လေ့ ရှိပါတယ် ။Alcoholism ။ ။ အရက်သောက်သုံးသူတွေမှာ အာဟာရချို့တဲ့မှု ဗီတာမင်နဲ့သတ္တု ဓါတ်တွေ နည်းပါးမှုဟာ ဆက်နွယ်နေပါတယ် ။ အယ်ကိုဟော ဟာ သူ့ဘာသာ ရိုးတွင်းခြင်ဆီကို အဆိပ်အတောက် ဖြစ်စေပါတယ်။ သွေးနီဥတွေထုတ်လုပ်မှုကိုလည်း လျော့နည်းစေပါတယ် ။ရိုးတွင်းခြင်ဆီနှင့် ဆက်နွယ်နေသော အနီးမီးယား ။ ။ အချို့သော သွေးကင်ဆာ သို့မဟုတ် Lymphomas တွေဟာ သွေးနီဥထုတ်လုပ်မှုနှုန်းကို ပြောင်း လည်းစေပြီး သွေးဆဲတွေအားလုံးထုတ်လုပ်မှုကို နည်းစေပါတယ် ။ Hemolytic anemia ။ ။ ပုံမှန်သွေးနီဥရဲ့ ပုံစံဟာ သူ့လုပ်ငန်းဆောင်ရွက်မှုအတွက် အလွန်အရေးကြီးပါတယ် ။ ဒီမှာဆိုရင်တော့ သွေးနီဥဟာ ပေါက်ကွဲပြီး ဒါကို hemolysis လို့ခေါ်ပါတယ် ။ြ့ပီးတော့သူဟာ လုပ်ငန်းဆောင်ရွက်နိုင် ခြင်း မရှိတော့ပါဘူး ။ အခြားရှားပါးတဲ့ ချက်တွေကတော ကင်ဆာတွေ အသဲရောဂါတွေ မျိုးဗီဇနဲ့ဆိုင်တာတွေ ခဲအဆိပ်သင့်ခြင်း AIDS နဲ့ သွေးယိုတဲ့ ရောဂါတွေ ပဲဖြစ်ပါတယ် ။

Ref;emedicine health( october 6 2009);wikipedia

ကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...