နှလုံးခုန်နှုန်း၊ စိတ်ဖိစီးမှုနှင့် ကိုယ်လက် လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်သော စမတ်အင်္ကျီ
ယခုနှစ်တွင် ကျင်းပမည့် US Open တင်းနစ်ပြိုင် ပွဲတွင် နည်းပညာမြင့် တင်းနစ် ရိုက်တံများကို အသုံးပြုခြင်းထက် ပိုမိုထူးခြားမည် ဖြစ်သည်။ Ralph Lauren က လူ၏ ဇီဝဖြစ်စဉ်ကို တိုင်းတာ ပေးနိုင်သော Sensor များ တပ်ဆင်ထားသည့် Polo Tech စမတ်အင်္ကျီကို US Open တွင် ပြသရန် စီစဉ်နေပါသည်။
Sensor များကို အင်္ကျီ၏ ဗဟိုချက်တွင် တပ်ဆင် ထားပြီး Accelerometer, Gyroscpoe နှင့် နှလုံးခုန်နှုန်း တိုင်းတာပေးသည့် Sensor ပါရှိပါသည်။ တိုင်းတာမှုများကို iOS App သို့ပို့ဆောင်ပေးမည် ဖြစ်ပြီး စိတ်ဖိစီးမှု အခြေအနေများ၊ ကယ်လိုရီလောင် ကျွမ်းမှုများ၊ အသက်ရှူမှုများ၊ နှလုံးခုန်နှုန်းများနှင့် စွမ်းအင် အသုံးပြုမှုများကို ပြသပေးမည် ဖြစ်သည်။ အားကစား သမားများ အနေဖြင့် အသက်ပြင်းပြင်း ရှူခြင်းဖြင့် လေ့ကျင့်မှုကို ချိန်ညှိနိုင်ခြင်း၊ နှလုံးခုန်နှုန်း ကို ထိန်းညှိနိုင်ရန် အလုပ်လုပ်နှုန်းကို မြှင့်တင်နိုင်ခြင်း၊ ပြိုင်ဆိုင်မှုပြင်းထန်သော အခြေအနေတွင် စိတ်ဖိစီးမှုများကို လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
Polo Tech အင်္ကျီကို ၀တ်ဆင်ပြီး US Open တွင် ယှဉ်ပြိုင်မည့် ကစားသမား မရှိသေးဟု သိရပါသည်။ သို့သော် Intercollegiate Tennis Association ၏ နာမည်ကျော် တင်းနစ်သမား Marcos Giron က လေ့ကျင့်သည့် ပွဲများတွင် စမတ်အင်္ကျီကို စမ်းသပ်အသုံးပြုမည် ဖြစ်ပြီး Sensor များမှ ရရှိသော သတင်း အချက်အလက်များ အပေါ် အခြေခံ၍ လေ့ကျင့်မှုများကို ပြင်ဆင်မည် ဖြစ်သည်။
US Open တွင် ကူညီမည့် ဘောလုံးကောက်သမားအချို့က Polo Tech ကို ၀တ်ဆင်မည်ဖြစ်သည်။ မိန်းကလေးများအတွက် Polo Tech ကို တီထွင်နေဆဲ ဖြစ်သဖြင့် ယောင်္ကျားလေးများသာ လက်ရှိတွင် ၀တ်ဆင်နိုင်မည် ဖြစ်ပါသည်။ Polo Tech သည် အနက်ရောင်ဖြစ်ပြီး ပိုလိုကစားသူပုံကို ရေးထိုးထား ပါသည်။
Ralph Lauren က Sensor များကို ဒီဇိုင်း ပြုလုပ်ထားခြင်း၊ ဆော့ဝဲရေးသားထားခြင်း မဟုတ်ဘဲ OMsignal နှင့်ပူးပေါင်း တီထွင်ထားခြင်း ဖြစ်ပါသည်။ Polo Tech ကို ဒေါ်လာ ၁၉၉ ဖြင့် ကြိုတင်ရောင်း ချပေးနေပြီး ယောင်္ကျားနှင့် မိန်းမ၀တ် နှစ်မျိုးစလုံးကို ယခုနှစ်ကုန်တွင် စတင်ရောင်းချပေးမည်ဟု မျှော်လင့် ရပါသည်။

ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) ဖုန်း ဖိစီးမှု သားကောင် ဖြစ်နေသလား Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) အရောင်ပြ စကားလုံးများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း