iOS 8 With Unicode
 iOS 8 မှာ မြန်မာဖောင့် အနေနဲ့ ယူနီကုဒ် ပါလာတဲ့ 
အကြောင်းကို iOS developer တစ်ဦးဖြစ်သူ "ကိုစေတန်" က သူရဲ့ Blog မှာ 
ဖော်ပြရေးသား ထားပါတယ်...
iOS 8 မှာ မြန်မာဖောင့် အနေနဲ့ ယူနီကုဒ် ပါလာတဲ့ 
အကြောင်းကို iOS developer တစ်ဦးဖြစ်သူ "ကိုစေတန်" က သူရဲ့ Blog မှာ 
ဖော်ပြရေးသား ထားပါတယ်... Local အနေနဲ့ မြန်မာယူနီကုဒ်ကို ထည့်သွင်း လာတဲ့အတွက် ဇော်ဂျီဖောင့်ရဲ့ အနာဂါတ်ဟာ ဘယ်လို ဖြစ်လာဦးမယ် ဆိုတာ မပြောနိုင်သေး ပါဘူး။
မြန်မာစာ အသုံးပြုသူ နှင့် မြန်မာ website ၉၀% လောက်က ဇော်ဂျီကိုသာ စွဲစွဲမြဲမြဲ သုံးနေ ရေးနေကြတဲ့ အတွက် ယူနီကုဒ်ကို ချက်ခြင်းကြီး ပြောင်းလဲဖို့ လွယ်ပါ့မလား..?
ဖော်ပြပါပုံများ အရဆိုလျှင်လည်း မြန်မာယူနီကုဒ်ဟာ ပုံစံတစ်ကျကြီးတော့ မဟုတ်သေးပါဘူး..
ကိုစေတန်ရဲ့ ဆောင်းပါးကို မူရင်းအတိုင်း ပြန်လည်၍ ဖော်ပြပေးလိုက်ပါတယ်..
ဒီနေ့မှ iOS 8 ထဲမှာ languaeg ကို ထည့်ကြည့်မိတယ်။ List ထဲမှာ တော့ မြန်မာ မပါပေမယ့် search လုပ်တဲ့ အခါမှာ မြန်မာ ပါလာတာကို တွေ့ရတယ်။ မြန်မာစာ ကတော့ အခုတော့ local ပဲ ပါပါတယ်။ Unicode ကို အသုံးပြုထားပါတယ်။

Lock Screen မှာ မြန်မာလို နာရီ နဲ့ ရက်စွဲကို ပြတယ်။

ပြက္ခဒိန် 
icon မှာ မြန်မာလို ပြတယ်။ 

ပြက္ခဒိန် 
app က ရက်စွဲတွေက မြန်မာလိုပဲ။ 

Notification က လည်း မြန်မာလို နံပါတ်ပါ။

Setting > General > Language & Region မှာ မြန်မာလို ထည့်လို့ရပါတယ်။
မြန်မာ စာ မြင်ရဖို့ အတွက် Unicode font profile သွင်းထားပေးဖို့ လိုအပ်ပါတယ်။ သို့ပေမယ့် ဇော်ဂျီ font profile က ကောင်းကောင်း အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။
Credit to : blog.saturngod.net မိုးသိကြား
-------------------------------------- 
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook