၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူများ စဉ်းစားစရာ

၂၀၁၄ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ အောင်မြင် သူများအတွက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် မိမိစဉ်းစား ထားသည့် တက္ကသိုလ်များ၊ မိမိလျှောက် ထားလိုသည့် တက္ကသိုလ်များနှင့် ဆန္ဒတူညီစွာ လျှောက်ထားနိုင် ရန်အတွက် ယမန်နှစ်က အသက် မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိခဲ့ သော အနိမ့်ဆုံး အမှတ်များကို ဖော်ပြလိုက်ပါ သည်။

ဆေးတက္ကသိုလ်အတွက် ကျောင်းသား ၄၈၆ မှတ်နှင့် ကျောင်းသူ ၅၀၅ မှတ်၊ သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်ကျောင်းသား ၄၆၅ မှတ်နှင့် ကျောင်းသူ ၄၉၅ မှတ်၊ ဆေးဝါးတက္ကသိုလ်များကျောင်းသား၊ ကျောင်းသူ ၄၉၅ မှတ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ ကျောင်းသား၊ ကျောင်းသူ ၄၅၂ မှတ်၊ သူနာပြုတက္ကသိုလ်များ ကျောင်းသား ၄၄၀ မှတ်နှင့်ကျောင်းသူ ၄၆၀ မှတ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်ကျောင်းသား ၄၄၄ မှတ်နှင့် ကျောင်းသူ ၄၅၈ မှတ်၊ တိုင်းရင်းဆေးတက္ကသိုလ်ကျောင်းသား ၄၁၅ မှတ်နှင့် ကျောင်းသူ ၄၂၆ မှတ်၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ကျောင်းသား ၄၇၇ မှတ်နှင့် ကျောင်းသူ ၄၈၁ မှတ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ကျောင်းသား ၄၅၃ မှတ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (COE) ကျောင်းသား၊ ကျောင်းသူ ၄၈၀ မှတ်၊ မန္တလေးကွန် ပျူတာတက္ကသိုလ် (COE) ကျောင်းသား ၅၀၂ မှတ်နှင့် ကျောင်းသူ ၄၉၆ မှတ်၊ မန္တလေးနည်းပညာ တက္ကသိုလ် (COE) ကျောင်းသား ၄၈၄ မှတ်နှင့် ကျောင်းသူ ၄၉၃ မှတ်၊ နည်းပညာတက္ကသိုလ် (ရတ နာပုံ ဆိုက်ဘာ) ကျောင်းသား ၄၇၀ မှတ်နှင့် ကျောင်းသူ ၄၆၈ မှတ်၊ ကွန်ပျူတာတက္ကသိုလ်များ ကျောင်းသား၊ ကျောင်းသူ ၃၆၅ မှတ်၊ နည်းပညာတက္ကသိုလ်များ ကျောင်းသား ၃၈၀ မှတ်နှင့်ကျောင်း သူ ၃၈၉ မှတ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၃၉၅ မှတ်၊ မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၃၆၄ မှတ်၊ ပညာရေးတက္ကသိုလ်များတွင် သိပ္ပံတွဲ၌ ကျောင်း သား ၄၅၅ မှတ်နှင့် ကျောင်းသူ ၄၇၆ မှတ်၊ ဝိဇ္ဇာ+သိပ္ပံတွဲ၌ ကျောင်းသား ၄၄၈ မှတ်နှင့် ကျောင်းသူ ၄၅၄ မှတ်နှင့် ဝိဇ္ဇာတွဲ၌ ကျောင်းသား ၄၀၁ မှတ်နှင့် ကျောင်းသူ ၄၁၁ မှတ်တို့ဖြစ်ကြသည်။

ယခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ်ဝင်ခွင့်လက်ခံမည့် လျာထားဦးရေမှာ ဆေးတက္ကသိုလ်ကျောင်းသား ၆၀၀ နှင့် ကျောင်းသူ ၆၀၀၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသား ၂၄၀ နှင့် ကျောင်းသူ ၆၀၊ ဆေးဝါးတက္ကသိုလ်များ ကျောင်းသား၊ ကျောင်းသူ ၃၀၀၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ ကျောင်းသား၊ ကျောင်းသူ ၃၀၀၊ သူနာပြုတက္ကသိုလ်များ ကျောင်းသား ၄၀ နှင့် ကျောင်းသူ ၃၆၀၊ အခြေခံ ကျန်းမာရေးတက္ကသိုလ် ကျောင်းသား ၁၂၀ နှင့်ကျောင်းသူ ၃၀၊ တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသား ၆၀ နှင့် ကျောင်းသူ ၉၀၊ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်ကျောင်းသား ၂၅၆ ဦး နှင့် ကျောင်းသူ ၆၄ ဦး၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ကျောင်းသား ၁၄၀၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် (COE) ကျောင်းသား၊ ကျောင်းသူ ၂၀၀၊ မန္တလေးကွန်ပျူတာ တက္ကသိုလ် (COE) ကျောင်းသား၊ ကျောင်းသူ ၂၀၀၊ ရန်ကုန်နည်းပညာတက္ကသိုလ် (COE) ကျောင်း သား ၁၅၀ နှင့် ကျောင်းသူ ၁၅၀၊ မန္တလေး နည်းပညာတက္ကသိုလ် (COE) ကျောင်းသား ၁၅၀ နှင့် ကျောင်းသူ ၁၅၀၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာ) ကျောင်းသား ၁၀၀ နှင့် ကျောင်းသူ ၁၀၀၊ ကွန်ပျူတာတက္ကသိုလ်များ ကျောင်းသား၊ ကျောင်းသူ ၃၂၈၀၊ နည်းပညာတက္ကသိုလ်များ ကျောင်းသား ၃၀၄၈ ဦးနှင့် ကျောင်းသူ ၂၀၃၂ ဦး၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၁၂၀၀၊ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်း သူ ၁၂၀၀၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၁၂၀၀၊ ပညာရေး တက္ကသိုလ် များတွင် သိပ္ပံတွဲ၌ ကျောင်းသား ၁၅၀ နှင့် ကျောင်းသူ ၁၅၀၊ ဝိဇ္ဇာ+သိပ္ပံတွဲ၌ ကျောင်းသား ၇၅ ဦးနှင့် ကျောင်းသူ ၇၅ ဦးနှင့် ဝိဇ္ဇာတွဲ၌ ကျောင်းသား ၇၅ ဦးနှင့် ကျောင်းသူ ၇၅ ဦးတို့ဖြစ်ကြသည်။

ယမန်နှစ်ကထက် ယခုနှစ်တက္ကသိုလ်ဝင်ခွင့် ကျောင်းသား၊ ကျောင်းသူဦးရေ တိုးမြှင့်ခေါ်ယူမည့် တက္ကသိုလ်များမှာ သူနာပြုတက္ကသိုလ်ဦးရေ ၁၀၀၊ မန္တလေးနည်းပညာတက္ကသိုလ် (COE) ၅၀၊ နည်း ပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာ) ၅၀၊ ကွန်ပျူတာ တက္ကသိုလ်များ ၂၀၀၀ ခန့်၊ နည်းပညာတက္က သိုလ်မှာ ၅၀၀၀ ခန့်တို့ဖြစ်ပြီး မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သည် ယခင်နှစ် ဦးရေထက် ၁၀ ဦးလျော့၍ ခေါ်ယူမည်ဟု သိရှိရသည်။ ၂၀၁၃ ခုနှစ် ယမန်နှစ်က အသက်မွေးဝမ်း ကျောင်း တက္ကသိုလ်အားလုံး အပါအဝင်တစ်နိုင်ငံလုံး၌ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူဦးရေမှာ ၁၇၀၀၀၀ ခန့်ရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှတာဝန်ရှိသူတစ်ဦး၏ ပြော ပြချက်အရ သိရှိရသည်။ 


မြန်မာ့အလင်းသတင်းစာ
သြဂုတ် (၁၇) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...