Ice Bucket Challenge ရေခဲပုံးနဲ့ လောင်းပြီး ရောဂါအတွက် ဆော်သြခြင်း

အခု ကမ္ဘာနဲ့အဝှမ်း ခေတ်စားပြီး တစ်တိုင်းပြည်နဲ့ တစ်တိုင်းပြည် မြန်မြန်ကြီး ကူးစက်နေတဲ့ Ice Bucket Challenge နဲ့ ပတ်သက်ပြီး ကျန်းမာရေး ရှုထောင့်ကနေ ဆရာ့အမြင်လေး သိပါရစေဆရာ။ ဒီလောက် အေးစက်နေတဲ့ ရေခဲရေတွေ ပုံးလိုက် ခေါင်းပေါ်ကနေ လောင်းချတာ ဘယ်လို ဆိုးကျိုး ရှိနိုင်မလဲ၊ ဘယ်လိုကျန်းမာရေး အခြေအနေရှိသူတွေ မလုပ်သင့်ဘူးလဲ စသည်ဖြင့် ကျန်းမာရေး ဗဟုသုတ ဝေမျှပေးဖို့ လေးစားစွာ တောင်းဆိုပါရစေ ဆရာ။

• Ice Bucket Challenge ရေခဲပုံးနဲ့ လောင်းခြင်းဆိုတဲ့ သတင်းဟာ အခုတလော တီဗွီတွေမှာ ပါတယ်။ အဓိက ဆိုရှယ်မီဒီယာမှာ ပြန့်နေတယ်။
• လူတယောက်ကို ရေခဲရေတွေနဲ့ ခေါင်းပေါ်က နေလောင်းချတဲ့ သတင်းကို သေချာနားမထောင်မိ၊ မဖတ်မိရင် ခပ်ကြောင်ကြောင်လို့ ထင်မယ်။ အမှန်က Amyotrophic lateral sclerosis (ALS) ခေါ်တဲ့ ရောဂါကို လူအများ သိစေအောင် လှုံ့ဆော်ရေး လုပ်နေတာပါ။ သုတေသနတွေအတွက် အလှူခံတာလဲ ဖြစ်တယ်။ ဒါကြောင့် ALS Ice Bucket Challenge လို့လဲခေါ်တယ်။
• Amyotrophic lateral sclerosis (ALS) ဆိုတာ motor neurone disease (MND) ရောဂါ အမျိုးအစား ဖြစ်တယ်။ အာရုံကြောထဲက ကြွက်သားလှုပ်ရှားမှုကို ထိန်းတာမှာရောဂါဖြစ်တာပါ။ ရောဂါဖြစ်ရင် ကြွက်သားတွေ အားနည်းလာတယ်။ ဆိုးဆိုးလာတယ်။ ကြွက်သားတွေ တင်းနေမယ်။ သေးလာမယ်။ စကားပြောရတာလဲ ခက်လာမယ်။ မျိုချရခက်လာမယ်။ အသက်ရှူရပါ ခက်လာမယ်။
• ယူအက်စ်မှာ လူနာပေါင်း ၃ဝဝဝဝ ရှိတယ်။ လူ တသိန်းသေတဲ့အထဲမှာ ဒီလိုဖြစ်လို့သေဆုံးရသူ ၂ ယောက်ပါတယ်။
• Ice Bucket Challenge သမိုင်းရှာတော့ ၂ဝ၁၃ နှစ်လည်ကစတယ်။ လုပ်ကာစမှာ Cold Water Challenge လို့ခေါ်ပါတယ်။ အခုတော့ ဆိုရှယ်မီဒီယာမှာ ပေါ်ပြူလာဖြစ်လာပြီ။ ကင်ဆာအတွက် ရေခဲရေထဲ လူတွေ ပြိုင်တူ ခုန်ဆင်းတာလဲ လုပ်ကြတာရှိတယ်။
• ယူအက်စ်မှာလုပ်ရာကနေ လူသိပိုများလာတယ်။ နာမည်ကြီးသူတွေ ပါလာလို့ဖြစ်ပါတယ်။ နာမည်ကြီး ဂေါက်သီးသမား 'ဂရက် နော်မန်' လဲပါတယ်။ 'အိုဘားမား' ကို ချဲလင့်ခေါ်ပေမဲ့ သူက ရေခဲကြောက်ပုံရ တယ်၊ ငြင်းလိုက်တယ်။ သမတဟောင် 'ဘွတ်ရှ်' နဲ့ 'ကလင်တန်' တို့က တကယ်ပါတယ်။
• စည်းမျဉ်းထားတယ်။ ချဲလင့်ခေါ်ခံရသူဟာ သဘောတူတယ်လို့ ထုတ်ပြောရမယ်။ နောက် ၂၄ နာရီ တွင်းမှာ ခေါင်းပေါ်ကနေ ရေခဲရေလောင်းချခံတာကို ဗီဒီယို မှတ်တမ်းတင်နဲ့ လုပ်ပြရတယ်။ ချဲလင့်ခေါ် သူက အလှူငွေ ထည့်ရတယ်။
• /နယူးယော့ခ်တိုင်းမ်/ အဆိုအရ ဇွန်လဆန်းကနေ သြဂုတ်လ ၁၃ ရက်အတွင်း၊ ဖေ့စ်ဘွတ်ပေါ်မှာ လူပေါင်း ၁့၂ သန်း ပါဝင်ပြီးဖြစ်တယ်။ ဇူလိုင် ၂၉ ကနေ သြဂုတ် ၁၃ အထိ၊ 'တွစ်တာ' မှာ လူပေါင်း ၂့၂ သန်းပါခဲံပြီးဖြစ်တယ်။
• ALS Association အသင်းအတွက် ဇူလိုင် ၂၉ ကနေ သြဂုတ် ၂၁ အတွင်းမှာ အလှူငွေ ၄၁့ဂ သန်းရ ပြီးပြီ။ လှူမဲ့သူအသစ် ၇၃၉ဝဝဝ ကနေ ၁၉့၎ သန်းလှူတယ်။
• ယူကေနိုင်ငံမှာ Motor Neurone Disease Association အတွက်နဲ့ စကော့တလန်မှာ Macmillan Cancer Support ကင်ဆာအတွက် အဲလိုရံပုံငွေရှာကြတယ်။
• ဘာလုပ်လုပ် အပြစ်ပြောသူတွေတော့ရှိတယ်။
• ရေခဲရေလောင်းချလို့ ရုတ်တရက် ကိုယ်အပူချိန်အေးမယ်။ သွေးကြောတွေကျဉ်းမယ်။ ခဏသာဖြစ်ပါ မယ်။ အပူချိန်ကလဲ အပြင်မှာသာနည်းမယ်။ လူတွေ (ကလေးတွေ) ကိုယ်ပူရင် ရေခဲရေချိုးရတယ်။ ရေအေးဝတ် တိုက်ရတယ်။ အခုနည်းမှာ နေကောင်း ကျန်းမာနေသူက စိတ်တူသဘောတူ လုပ်တာမို့ ရောဂါရယ်လို့ မဖြစ်စေလောက်ပါ။ လှူချင်တဲ့ စေတနာကလဲ ဦးဆောင်ပါတယ်။ 


ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၄
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...