အရွယ်မတိုင်ခင် အိုမင်းစေသော အကြောင်း

(၁) ပိန်လှီနေခြင်း 

အရမ်းပိန်ခြင်းက မျက်နှာပေါ်က အဆီခမ်းတွေ ခမ်း ခြောက်စေတဲ့အပြင် အရေပြားတွေ တွဲကျစေပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ အစာစားခြင်း၊ လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ခန္ဓာကိုယ် အလေးချိန်ကို ပုံမှန် ထိန်းသိမ်း တတ်ဖို့ လိုပါတယ်။ မျက်နှာပေါ်က အရေးအ ကြောင်း တွေ ကာကွယ်ဖို့ အတွက် အိုမီဂါ ၃ ဖက်တီး အက်ဆစ် ကြွယ်ဝသော ဆယ်လ်မွန်ငါး နှင့် သစ်ကြားသီးကဲ့သို့ အခွံ မာသီး တွေစားပါ။ (အသားအရေ ကျန်းမာကောင်း မွန်စေဖို့ အတွက် ဗီတာမင်စီ ကြွယ်ဝသော အချဉ်သီး များ နှင့် ကော်လာဂျင်ဓာတ် ကြွယ်ဝသော ဟင်းနုနယ် ရွက်စား ပါ။ နေလောင်ဒဏ်ကြောင့် အသားအရေ မပျက် စီးစေဖို့ အတွက်၊ လိုင်စိုပင်န် ဓာတ်ကြွယ်ဝ သော ခရမ်းချဉ်သီး နှင့် ဂရိတ်ဖရုသီးစားပါ)

(၂) မျက်လုံးကို လက်ဖြင့် ပွတ်တိုက်ခြင်း

မျက်ဝန်းတ၀ိုက်က အရေပြားများဟာ အင်မတန်နူးညံ့တာကြောင့် ထိုအရေပြားပေါ်ကို ဖိခြင်း၊ ပွတ်ဆွဲခြင်းက မျက်ကွင်းညိုခြင်းကို ဖြစ်စေပါတယ်။ နူးညံ့တဲ့ မျက်ဝန်းတစ်ဝိုက်ကို မိတ်ကပ် ပွတ်လိမ်းခြင်းကလည်း အရေး အကြောင်းတွေ ပိုလာနိုင်စေလို့  ထိုနေရာများကို မိတ်ကပ် (လုံးဝ ) မလိမ်းသင့်ပါဘူး။

(၃) အိပ်ချိန် မမှန်ခြင်း

အိပ်ရေးမ၀ခြင်းက ခွန်အား နှင့် အာရုံးစူးစိုက်မှုကို ကျဆင်းစေရုံသာမက၊ သွေးများကောင်းစွာ လည်ပတ်စီးဆင်းမှု မရှိတော့တာ ကြောင့် အရေပြားပေါ်မှာ အပြစ်အနာအဆာများ ဖြစ်စေပါတယ်။ အရွယ်ရောက်ပြီးသူတိုင်း တစ်နေ့  ကို ၇-နာရီ မှ ၈-နာရီ အိပ် ရေး၀၀အိပ်စက်ပါ။ တီဗွီ၊ ကွန်ပြူတာ၊ ဟန်းဖုန်းမှ ထွက်လာတဲ့ အလင်းများက အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တာကြောင့် အိပ်ယာမ၀င်ခင် နာရီဝက်ခန့် အလိုကတည်းက ၄င်းတို့ ကို မကြည့် ပါနှင့်။

(၄) မှောက်အိပ်ခြင်း

ညစဉ်ညတိုင်း ခေါင်းအုံးပေါ် မှောက်၍အိပ်စက်ခြင်းက ရက် ၃၀ အတွင်းမှာပင် မျက်နှာပေါ်က အသားအရေတွေကို သိသိသာ သာ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဘေးတစောင်း အိပ်စက်ခြ င်းကလည်း ထိုနည်း၎င်းပါဘဲ။ ဒါကြောင့် အကျင့်ကောင်းတခုကို မွေးမြူ၍ ပက်လက်အနေ အထားအတိုင်း အိပ်စက်ပါ။

(၅) ပိုက်ဖြင့် စုပ်သောက်ခြင်း

အရည်များကို ပိုက်ဖြင့်စုပ်သောက်ခြင်း နှင့် စီးကရက်ကိုရှိုက်၍သောက်ခြင်းက နှုတ်ခမ်းတ၀ိုက် အရေးအကြောင်း များ ပိုလာစေ နိုင်ပါတယ်။ ဒါ့ပြင် ဆော်ဒါ၊ ကော်ဖီ၊ အချိုရည်များကို တော်ေ တ်ာနှင့်မြိုမချဘဲ အာခံတွင်းထဲ အချိန်ယူ၍ ငုံထားခြင်းကလည်း သွားများကိုပျက်စီး၍ အလှပျက်ေ စနိုင်ပါတယ်။

(၆) အလှပြင်ပစ္စည်း မရွေးချယ်တတ်ခြင်း

အလှကုန်ဈေးကွက်ထဲမှာ ထူးခြားဆန်းသစ်တဲ့ အလှကုန်ပစ္စည်းစုံ၊ တံဆိပ်စုံ ရှိနေပါတယ်။ လူ တစ် ဦးနှင့်တစ်ဦး အသားအရေဖွဲ့  စည်း ထားပုံချင်းမတူညီကြပါဘူး။ ဒါကြောင့် သူများနှင့် လိုက်ဖက်သော်လည်း မိမိအသားအရေနဲ့  လိုက်ဖက်လိမ့်မယ်လို့  တထစ်ချ မယုံကြည်သင့်ပါဘူး။ အလှကုန်ပစ္စည်း ဓာတ်မတည့်ခြင်းက အသားအရေကို ဆိုးဆိုးရွားရွား ပျက်စီး အိုမင်းသွားစေ နိုင်လို့ ပါ။

(၇) စိတ်ဖိစီးမှု လွန်ကဲခြင်း

“ရုပ်” ကို “စိတ်” က ဆောင်ပါတယ်။ စိတ်ဖိစီးမှု လွန်ကဲခြင်းကြောင့် ရုပ်ကျ အရွယ်အိုစေတဲ့အပြင်၊ ဟိုမုန်းများ အဆမတန်ထွက် ရှိလာကာ အရေပြားသို့  အောက်စီဂျင်ပြတ်လပ်စေတာကြောင့် ၀က်ခြံထွက်လာစေပါတယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုပြု ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ပြင်းပြင်း ရှုခြင်း၊ လမ်းသွက်သွက် လျှောက်ခြင်းဖြင့် စိတ်ဖိစီးမှုကိုလျော့ချပါ။

(၈) နေလောင်ကာကရင်မ် တစ်မျိုးတည်းကိုသာ ယုံကြည်စိတ်ချနေခြင်း

ခရမ်းလွန်ရောင်ခြည် လို့ ခေါ်နေတဲ့ Ultraviolet (UV) မှာ UVA နှင့် UVB ဆိုပြီး (၂) မျိုးရှိပါတယ်။ UVA က “အိုမင်းရင့်ရော် ခြင်း” ကိုဖြစ်စေ၍ UVB က “နေလောင်ခြင်း” ကိုဖြစ်စေပါတယ်။ ဒြါေ ကာင့် ထို UV ၂-မျိုးစလုံးမှ ကာကွယ်ပေးတဲ့ SPF PA +++ စာတမ်းပါသော နေလောင် ကာက ရင်မ်ဗူးကိုသာ ရွေးချယ်လိမ်းပေးပါ။

(၉) လည်ပင်း နှင့် လက်ကို လစ်လျုရှုခြင်း

လှတစ်မျက်နှာ ပိုင်ဆိုင်ရုံမျှဖြင့် ပြီးပြည့်စုံတဲ့ အလှလို့ မဆိုနိုင်ပါဘူး။ အမျိုးသမီးအများစုဟာ မျက်နှာ အသားအရေ အတွက်သာ ဦးစားပေးလေ့ရှိပြီး၊ လည်ပင်း နှင့် လက်တွေကို ပြင်ဆင်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ နုပျိုလတ် ဆတ်တဲ့ အသွင်သဏ္ဍာန်ကို ထိုလည်ပင်း နှင့် လက်များကလည်း အားဖြည့်ပေးတာမို့  anti-aging facial cream (ခေါ်)မျက်နှာအသားအရေ နုပျိုကရင်မ်ကို လည်ပင်း နှင့် လက်ခုံတွေပေါ်မှာပါ လိမ်းပေးသင့်ပါတယ်။

(၁၀) နေကာမျက်မှန်ကို မေ့ထားခြင်း

တနေ့ တခြား အိုဇုန်းလွှာကြီး ပျက်စီးပေါက်ပြဲလာတာကြောင့် နွေရာသီမှာသာမက၊ မိုးရာသီ နှင့် ဆောင်း ရာသီ များပါမကျန် နေ ရောင်ခြည်ထဲမှာ ခရမ်းလွန်ရောင်ခြည်တွေပါနေပါတယ်။ ထိုရောင်ခြည်များက အင်မတန်နုနယ်တဲ့ မျက်ဝန်းတ၀ိုက်က အရေပြား တွေကို ထိခိုက်ပျက်စီး လွယ်တာမို့ ၊ မျက်ဝန်းတခုလုံးဖုံးအုပ်ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်ကိုဆောင်ထားပါ။ (နေကာ မျက် မှန်မတပ်ဘဲ နေပူထဲထွက်တဲ့အခါ အလင်းရောင်ကြောင့် မျက်မှောင်ကျုံ့ ထားရ တာကြောင့် မျက်ဝန်း မျက်ခုံး နှဖူးတ၀ိုက် အရေ ကြောင်းများ ပိုလာစေနိုင်ပါတယ်)

(၁၁) မျက်နှာသစ်ဆပ်ပြာ မှားသုံးခြင်း

မျက်နှာ အသားအရေကို အချိန်တိုတွင်းမှာ အထိရောက်မှုပေးနိုင်ဆုံးဟာ မျက်နှာသစ်ဆပ်ပြာ ဘဲ ဖြစ် ပါတယ်။ မိမိအသားအရေ နှင့်မလိုက်ဖက်တဲ့ မျက်နှာသစ်ဆပ်ပြာကို မှားသုံးမိတဲ့အခါ၊ အဖုအပိမ့် ယားနာ နီရဲ ယောင်ကိုင်း ကြမ်းထော် အသားအရေဇရာ အိုစော ရေဓာတ်ချို့ တဲ့ လာစေနိုင်ပါတယ်။ မျက်နှာပေါ်က ရေဓာတ် မခမ်းခြောက် စေဖို့ အတွက် နေ့ စဉ် သောက်ရေ အနည်းဆုံး ၈-ဖန်ခွက်သောက်ရင်း၊ မိမိ နှင့်သင်တော်မည့် မျက်နှာသစ် ဆပ်ပြာကို သုံးစွဲပါ။


(ဆောင်းပါးရှင်…တင်ထက်ထက်ဇော်..မျှဝေသည်)

promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...